မြေမှပွင့်သောချစ်ပန်း

( 0 မှတ်ချက်)

2800 (ကျပ်)

မြေယာအလုပ်သမားဘဝနောက်ခံနှင့် ချစ်မေတ္တာဖွဲ့ဇာတ်လမ်း နှစ်ပုဒ်ကို စုစည်းထားသည့် စာအုပ်ဖြစ်သည်။ ၁၉၃၈၊ ၃၉ ခုနှစ်တစ်ဝိုက်ကို အခြေခံရေးဖွဲ့သော ဤဝတ္ထုနှစ်ပုဒ်၌ နယ်ချဲ့အရင်းရှင်လက်အောက်တွင် တောင်သူလယ်သမားတို့ ဒုက္ခရောက်ခဲ့ကြပုံတို့ကို ရုပ်လုံးဖော်ထားသည်များ ပါဝင်သလို ထိုအချိန်က သမက်ရှာကောင်းသော သမီးရှင်များ အကြိုက် ဘိလပ်ပြန် အိုင်စီအက်စ်တစ်ယောက်နှင့် ရိုးသားသော တောင်သူလယ်သမားတစ်ယောက်တို့၏ဘဝကို ချိန်ဆက်ဖွဲ့ဆိုရေး သားသည့် အရေးအဖွဲ့များလည်း ပါဝင်ပါသည်။

အချစ်ခဲ
—————–

၁၉၃၉ ခုနှစ် လွန်ခဲ့သော ၂၆ နှစ်ခန့်က သမက်ရှာကောင်းသော သမီးရှင်များသည် မိုးကျရွှေကိုယ်နှင့် တစ်တန်းတည်းထားပြီး ဘိလပ်ပြန် ‘အိုင်စီအက်စ်’ များကို အလုအယက် ဝယ်ယူခဲ့ကြဖူးသော ခေတ်ဖြစ်၍ ရိုးသားသော တောင်သူလယ်သမားတစ်ဦးနှင့် ရောင်းကုန် အိုင်စီအက်စ်တစ်ယောက်ကို ချိန်စက်ရေးသား သရော်ပြခဲ့သော ဒဂုန်ခင်ခင်လေး၏ ဝတ္ထုဖြစ်ပါသည်။

တို့တစ်တွေ
—————–

၁၉၃၈ ခုနှစ်၊ လွန်ခဲ့သော ၂၇ခုနှစ်ခန့်က နယ်ချဲ့အရင်းရှင် လက်အောက်၌ တောင်သူလယ်သမားတို့ ဒုက္ခရောက်နေကြပုံကို ဒဂုန်ခင်ခင်လေးက ရုပ်လုံးဖော်ရေးသားခဲ့သောဝတ္ထုဖြစ်ပါသည်။

စာမျက်နှာ

145

စာအုပ်အရွယ်အစား

5. x 0.3 x 7.5 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2022 ဒီဇင်ဘာလ (ဒုတိယအကြိမ်)

3 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မြေမှပွင့်သောချစ်ပန်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ဒဂုန်ခင်ခင်လေး စာအုပ်များ