ချစ်သော ချစ်မိသော ချစ်ခဲ့ဖူးသော ချစ်လှစွာသော ယောကျ်ားများ
6000 (ကျပ်)
“ချစ်” ဆိုတဲ့ စကားတွေ အများကြီးပါတော့ ဒီစာအုပ်ဟာ ကလက်သလို ဖြစ်နေမှာပေါ့။
ချစ်ရတဲ့ယောကျ်ားများ ဆိုပြန်တော့ “ဟာ..ဘယ်လိုများလဲ” ဆိုပြီး မိန်းမတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားကို သံသယဝင်ရင် ဝင်မှာပေါ့။ တကယ်တော့ ဒီစာအုပ်ဟာ ဘဝထဲက အချစ်အကြောင်းနဲ့ အချစ်ထဲက ဘဝအကြောင်းကို ပြောပြချင်လို့ ရေးခဲ့တာသာ ဖြစ်ပါတယ်။
ဒီဝတ္ထုကိုရေးတော့ ကျွန်မအသက် ၂၈နှစ်ရှိပြီ။ အတွေ့အကြုံခပ်များများကို မြည်းစမ်းခဲ့ဖူးပြီ။ ပြီးတော့ ကလေးတစ်ယောက်အမေ ဖြစ်နေခဲ့ပြီ။
ဒါကြောင့်ကျွန်မဟာ ဒီဝတ္ထုကို မိခင်စိတ်နဲ့ ရေးခဲ့ပါတယ်။
(ဆရာမ မြူပါးရ်ရဲ့ အမှာစာကောက်နှုတ်ချက်)
ဆရာမပြောသလို ဒီစာအုပ်လေးက ဆယ်ကျော်သက်မိန်းကလေးတွေအတွက် အချစ်အကြောင်းကို ပြင်ပဗဟုသုတတွေနဲ့ နှိုင်းယှဥ်ချိန်ထိုးပြီး ဝေဖန်ပိုင်းခြားနိုင်ဖို့ အကြောင်းအရာတွေကို ချပြထားတယ်။
ပန်းနေခြည်ဆိုတဲ့ ဇာတ်ကောင်မိန်းမငယ်လေးနှင့်အတူ …သားသမီးနဲ့ မိဘကြားက မိသားစုပြသနာတွေ၊ မိဘတွေ ဖြစ်လေ့ဖြစ်တတ်ရှိတဲ့ အိမ်ထောင်ရေး ပြသနာတွေ ၊ သူငယ်ချင်းကောင်မလေးနဲ့အတူ ဆယ်ကျော်သက်အရွယ်မှာ ကြုံရတဲ့အခက်အခဲတွေကို တွေ့မြင်နိုင်တယ်။
ကိုယ့်လမ်းကိုယ်လျှောက်ပြီး ကိုယ့်ဘဝကိုယ်ကျောင်းရတဲ့အခါ ချစ်သူတွေကြားဖြစ်တတ်တဲ့ ပြသနာတွေအပြင် အိမ်ထောင်ကျတဲ့အခါမှာလဲ
ထပ်ပြီးရင်ဆိုင်ရတဲ့ဘဝတွေ…
တကယ်တော့ အမျိုးသမီးတွေအတွက် သူတို့ဘဝတစ်လျှောက် ရင်ဆိုင်ရမှုတွေဟာ တကယ််မရိုးရှင်းလှဘူး။ ဒီလိုအရာတွေကို ရင်ဆိုင်နိုင်ဖို့က
ဘယ်လိုအခြေအနေမှာ ကိုယ့်စိတ်ကို ဘယ်လိုပဲ့ကိုင်ထိန်းကျောင်းမလဲဆိုတဲ့အချက်ဟာ အရေးကြီးလှတယ်။ အမျိုးသမီးတွေဟာ ကိုယ့်ကိုယ်ကိုယ်ပဲ ထိန်းချုပ်နိုင်မှာ…ကျန်တဲ့ဘယ်အရာကိုမှ ထိန်းချုပ်လို့မရဘူးဆိုတာ …ဒီစာအုပ်လေးက
အတွေးအမြင်တစ်ချို့ကို ပေးစွမ်းနိုင်မှာပါ။
စာမျက်နှာ | 208 |
---|---|
စာအုပ်အရွယ်အစား | 5.2 × 0.3 × 8.1 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ 2023 နိုဝင်ဘာလ (တတိယအကြိမ်) |
25 in stock
Thae JM –
ပထမဆုံးပြောချင်တာက ဒီစာအုပ်လေးက မိန်းခလေးတိုင်းဖတ်သင့်တဲ့စာအုပ်လေးပေါ့……အထူးသဖြင့် ဆယ်ကျော်သက်အရွယ်ကစလို့ ဖတ်ကြည့်စေချင်တယ်……18+ တစ်ချို့ပါပေမယ့် Sex education အတွက်အထောက်အကူဖြစ်စေတာတွေမို့ ဆယ်ကျော်သက်တွေကို ဖတ်ဖို့ တိုက်တွန်းရခြင်းပါ……..ဒါဆို ဆယ်ကျော်သက်တွေပဲဖတ်ရမှာလား……….No ပါ ဆယ်ကျော်သက်ပဲဖတ်သင့်တာမဟုတ်ဘူး အရွယ်မရွေး အမျိုးသား အမျိုးသမီးတိုင်း ဖတ်သင့်တဲ့စာအုပ်လေးပါ……စာအုပ် Title လေးဖတ်ပြီး ကျွန်မလည်းစိတ်ဝင်စားတာနဲ့ ဖတ်ရင်းဖတ်ရင်း အရမ်းသဘောကျမိတဲ့စာအုပ်လေးပါ……
စာအုပ်ပါ ဇာတ်လမ်းတွေကို မိဘရှုထောင့်ကလည်းဖတ်နိုင်သလို ရင်ခုန်စိတ်လှုပ်ရှားလွယ်တဲ့ ဆယ်ကျော်သက် သားသမီးအရွယ်ရှုထောင့်ကနေလည်း ဖတ်နိုင်ပါတယ်……
ဆယ်ကျော်သက်တို့သဘာဝ သစ်ရွက်လှုပ်တာမြင်လည်း ရင်ခုန်တယ်ဆိုသလိုပေါ့…….အချစ်ကိုစမ်းသပ်ကြည့်ချင်တာလည်းသဘာဝပါပဲ……ဒါပေမယ့် အဲ့သာဝကို ကိုယ့်ဘဝ နစ်မွန်းရလောက်တဲ့ထိ ပေးဆပ်လိုက်ကြဖို့တော့လည်း မတန်ပြန်
ဘူး…..ဇာတ်လမ်းထဲက နေခြည်နဲ့ ပွင့်ဦးဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေးနှစ်ယောက်ရဲ့ ဇာတ်လမ်းကိုဖတ်ပြီး စဥ်းစားချင့်ချိန်တွေးတော စရာတွေအများကြီးရမှာပါ….. အချစ်ဇာတ်လမ်းတွေချည်းပဲ အသားပေးရေးထားတာမဟုတ်ပဲ ပညာပေးတာလေးတွေလည်းပါတာမို့လို့ စာဖတ်သူတွေအတွက် ရသလည်းခံစားရင်း ဗဟုသုတတွေလည်း ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်……
ဆရာမ မြူပါးရ်ပြောသလိုပဲ ဒီစာအုပ်ဟာ ဘဝထဲကအချစ်အကြောင်းနဲ့ အချစ်ထဲကဘဝအကြောင်းပါပဲ…..အရွယ်ရောက်ပြီးသူတစ်ယောက်အတွက်တော့ အချစ်နဲ့ ပက်သက်ပြီး အတွေ့အကြုံတွေ ပညာတွေရကောင်းရနေလောက်ပါပြီ….. အချစ်က ပူလောင်ရလား အေးချမ်းရလားဆိုတာ ကိုယ့်အပေါ်လည်းအများကြီးမူတည်ပါသေးတယ်…..
နောက်ဆုံးပြောချင်တာကတော့ဇာတ်လမ်းထဲက နေခြည်အကြောင်းပါ…..သူမချစ်မိတဲ့ ယောကျာ်းတွေက ဘယ်လိုယောကျာ်တွေဖြစ်မလဲ….အမှားအမှန်ဆုံးဖြတ်ဖို့ ခက်ခဲတဲ့ ဆယ်ကျော်သက်အရွယ်မို့ သူမဆုံးဖြတ်ချက်တွေ မှန်ကန်ပါ့မလား……သူမဘဝထဲက အချစ်အကြောင်းတွေကရော ဘာတွေဖြစ်မလဲ…..သူမ အချစ်ရေးမှာ တစ်ကယ်ပဲ ကံကောင်းမှာလား…..
‘လက်မထပ်ခင် အပျိုရည်ပျက်တယ်ဆိုတာ ရေလယ်မှာ လှေဝမ်းပေါက်သလိုပဲ…..ထပ်ထပ်ဝင်လာတဲ့ ရေတွေကို နိုင်အောင်ခပ်မထုတ်နိုင်ရင် နစ်မြှုပ်သွားတတ်တယ် ‘ တဲ့
ဒီစာအုပ်လေးဖတ်ပြီးသွားရင်တော့ ကျွန်မတို့အမျိုးသမီးတွေ မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ် ဝေဖန်ခွဲခြားနိုင်မယ်လို့ မျှော်လင့်ပါတယ်…..အချစ်မှာ နစ်မွန်းပြီးလောင်နေတဲ့သူတွေလည်း ဖတ်ကြည့်စေချင်ပါတယ်….ပြတ်သားတဲ့ ဆုံးဖြတ်ခထက်တွေ ချနိုင်ကြပါစေလို့ မျှော်လင့်ရင်း…….
#ချစ်သောချစ်မိသောချစ်ခဲ့ဖူးသောချစ်လှစွာသောယေကျာ်များ
#မြူပါးရ်