မွေးရပ်ဌာနေ တရုတ်ပြည်
12000 (ကျပ်)
နာမည်ကျော်ဓာတ်ပုံဆရာ စွန်းကျန့်လီ၏ နှစ်ပေါင်းဆယ်ချီအတွင်း ခရီးသွားလာခဲ့မှုများ၌ ဖန်တီးမှုများနှင့် များပြားလှသည့် လူသားဓာတ်ပုံအနုပညာလက်ရာများအတွင်းမှ ရွေးချယ်၍ ဓာတ်ပုံစာအုပ်အဖြစ် ပုံဖော်ထားခြင်း ဖြစ်ပါသည်။ ဓာတ်ပုံအနုပညာလက်ရာများသည် ၂၀ ရာစုနှစ် အကုန်မှစ၍ ၂၁ရာစုနှစ် အစောပိုင်းနှစ် ၂၀ကျော်အတွင်း တရုတ်နိုင်ငံမှ သာမန်ပြည်သူများ၏ နေ့စဉ်ဘဝအခြေအနေများကို ထင်ဟပ်ပြသနေသည်။ ဓာတ်ပုံဆရာ၏ ကင်မရာမှန်ဘီလူးမှတစ်ဆင့် တရုတ်နိုင်ငံသည် တိုင်းရင်းသားလူမျိုးစု အများအပြား စုဝေးနေထိုင်ကြသော မိသားစုအသိုက်အဝန်းကြီး တစ်ခုဖြစ်သည့်အကြောင်း၊ တရုတ်နိုင်ငံ၏ တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသမျိုးစုံမှ မတူညီသော ဓလေ့များအကြောင်း၊ တိုင်းရင်းသားလူမျိုးများ အမိမြေပေါ်တွင် အတူတကွ ချစ်ခင်စွာနေထိုင်ကြကြောင်း၊ တစ်ချိန်တည်းမှာပင် တိုင်းရင်းသားများသည် မိမိတို့၏တစ်မူထူးခြားသော အစားအသောက်ဓလေ့များ၊ နေထိုင်မှုစရိုက်များကို ဆက်လက်ထိန်းသိမ်းထားကြကြောင်း၊ တိုင်းရင်းသားများသည် ထူးခြားသော ကိုယ်ပိုင်ရိုးရာဓလေ့နှင့် ဘာသာရေးကိုးကွယ်မှုများရှိကြကြောင်း စသည်တို့ကို သိရှိနိုင်မည်ဖြစ်သည်။
ဤဓာတ်ပုံစာအုပ်ကို လှပအသက်ဝင်သော စာသားများ၊ လွယ်ကူရိုးရှင်းသော ဘာသာစကား၊ ဓာတ်ပုံများဖြင့် ဖွဲ့စည်းထား၍ ဓာတ်ပုံဆရာမြင်တွေ့ရသည့် တဒင်္ဂဘဝ၊ သက်ရှိသက်မဲ့အရာဝတ္ထုများ၏ ဖြစ်တည်မှု၊ လှုပ်ရှားမှု၊ စိတ်ဓာတ်အစရှိသည်များကို စာရှုသူများသိရှိနိုင်စေရန် ခင်းကျင်းပြသလိုက်ခြင်း ဖြစ်ပါသည်။ ဖြစ်ပေါ်လာသည့် ခံစားချက်၊ စုစည်းမှုများသည် ကောင်းကင်ထက်မှ ကြယ်အစုအဝေးများကဲ့သို့ တိုင်းရင်းသားလူမျိုးများ၏ နေထိုင်မှုဓလေ့၊ ယဉ်ကျေးမှုများ ပေါင်းစည်းစုဝေးနေကာ လင်းလက်တောက်ပလျက်ရှိနေကြပါသည်။
| စာမျက်နှာ | 360(woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.5 x 0.7 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ရသယဉ်စွန်းတန်းစာပေ၊ 2025 ဇန်နဝါရီလ ( ပထမအကြိမ်) |
8 in stock






ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ