ချည်

( 0 မှတ်ချက်)

3500 (ကျပ်)

ချစ်တဲ့ စိတ်နဲ့ ချည်ခဲ့မိတာပါ မောင်ရယ်…၊

မောင် မွန်းကျပ်အောင် အတ္တတွေနဲ့ မနှောင်ခဲ့ပါဘူး။

***

“ချည်” ဝတ္ထုဇာတ်လမ်းလေးကို အထူးတလည် မိတ်ဆက်ပေးဖို့ မလိုတော့ဘူး ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ မြန်မာရုပ်ရှင်ချစ် ပရိသတ်တွေကို မျက်ရည်မိုးတွေ စွေစေခဲ့တဲ့၊ ပိတ်ကားထက်မှာ တင်ဆက်ခဲ့ဖူးတဲ့ ဇာတ်လမ်းလေးမို့ပါ။

ခွန်းဒ၊ မူရာနဲ့ ငုတို့ရဲ့ သုံးပွင့်ဆိုင် ချစ်ခြင်းမေတ္တာဖွဲ့ ဇာတ်လမ်းလေးမှာ ကရင်နီတိုင်းရင်းသားတို့ရဲ့ ချစ်စရာ ရိုးရာဓလေ့လေးနဲ့ ပေါင်းစပ် ရက်ဖွဲ့ထားတဲ့ ဇာတ်လမ်းလေး။

ရုပ်ရှင်အနေနဲ့ ပြသခဲ့ပြီးပြီမို့ ဇာတ်လမ်း သိပြီးသားပဲ၊ ဝတ္ထုက စိတ်ဝင်စားစရာ ကောင်းမှာ မဟုတ်ပါဘူး လို့ တွေးထင်မိရင် တွေးမိတဲ့ အတွေးလေးကို ဖျောက်ပစ်လိုက်ပါ လို့ ပြောပါရစေ။

ရုပ်ရှင် ဆိုတာ ပြသရတဲ့ အချိန် ကန့်သတ်ချက်တွေ ရှိတာမို့ စာရေးသူ တင်ပြချင်တဲ့ ဇာတ်ကွက် အကြောင်းအရာ အားလုံးကို မထည့်သွင်းလိုက်နိုင်ဘဲ ကျန်ရစ်ခဲ့ရတဲ့ အခန်းလေးတွေကို ဝတ္ထုစာအုပ်လေးထဲမှာ ပြည့်ပြည့်ဝဝ ခံစားဖတ်ရှုကြရမှာမို့ပါ။

အချစ်နဲ့ စစ်မှာ မတရားတာ မရှိဘူး ဆိုပေမယ့် ကိုယ့်ရဲ့ တကိုယ်တည်း ရယူလိုမှု အတ္တအတွက်နဲ့ ရူးရူးမိုက်မိုက် ဇွတ်အတင်း လုပ်ဆောင်နေမယ် ဆိုရင် အဲဒီအချစ်တွေ၊ စစ်ပွဲတွေဟာ တရားပါ့မလားလေ။

စာမျက်နှာ

166

စာအုပ်အရွယ်အစား

5.5 x 0.5 x 8.3 inches

ပုံနှိပ်မှတ်တမ်း

ဇလပ်နီစာပေ၊ 2021 နိုဝင်ဘာလ၊ (ပထမ-ကြိမ်)

23 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ချည်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

ထက်မြတ်နိုင်ဇင် စာအုပ်များ