ချေဂွေဗားရား

( 3 မှတ်ချက်)

4500 (ကျပ်)

ပြည်သူတွေ သူတို့လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်တဲ့အခါ ကျူပ်တို့ဟာ သူတို့ကို စိတ်ဓာတ်အာဖြင့် ကူညီနေလို့ မပြီးသေးဘူး။ သူတို့ကို စစ်ရေးအရ အတွေ့အကြုံကြွယ်၀လာအောင် သင်ကြားပေးရမယ်။ ဒါမှလည်း လွတ်မြောက်ရေးတိုက်ပွဲတွေ ဆင်နွှဲအောင်မြင်နိုင်လိမ့်မယ်။

အာနက်စတို ချေဂွေဗားရား (၁၉၂၈-၁၉၆၇) ကို အယ်လ်ချေ သို့မဟုတ် ချေဟု အများကခေါ်ကြသည်။ သူသည် အာဂျင်တီးနားနိုင်ငံသား မာ့က်စ်ဝါဒတော်လှန်ရေးသမား၊ ဆရာဝန်၊ စာရေးဆရာ၊ ပညာတတ်၊ ပြောက်ကျားစစ်ဆင်ရေးကျွမ်းကျင်သူ၊ သံတမန်နှင့် စစ်ရေးသီအိုရီ ဖော်ထုတ်သူဖြစ်သည်။ ကျူးဘားတော်လှန်ရေးတွင် အရေးပါသော ခေါင်းဆောင်တစ်ဦးဖြစ်ပြီး သူ၏မျက်နှာပုံသည် ယဉ်ကျေးမှုကို ဆန့်ကျင်ပုန်ကန်သူတို့၏ ပြယုဂဂ်အဖြစ် နေရာအနှံ့တွေ့နိုင်ပြီး ခေတ်သစ်ယဉ်ကျေးမှုအတွက် တစ်ကမ္ဘာလုံးက လက်ခံသုံးစွဲသည့် အမှတ်အသားတစ်ခုလည်းဖြစ်သည်။

ချေဂွေဗားရားသည် ငယ်ရွယ်စဉ် ဆေးကျောင်းသားဘ၀ လက်တင်အမေရိကတစ်လျှောက် ခြေဆန့်ခရီးထွက်ခဲ့ပြီး ပြည်သူတို့ ဆင်းရဲတွင်းနက်နေမှုများကို တွေ့မြင်ခဲ့ရာမှ အတွေးအခေါ်များ ပြောင်းလဲလာခဲ့သည်။ ထိုခရီးစဉ်များတွင် ကြုံခဲ့ရသော အတွေ့အကြုံများနှင့် လေ့လာတွေ့ရှိမှုတို့အရ ဒေသအတွင်း စီးပွားဥစ္စာမညီမျှမှုတို့သည် အရင်းရှင်စနစ်၊ လက်ဝါးကြီးအုပ်မှု၊ ကိုလိုနီလက်သစ်စနစ်နှင့် ပဒေသရာဇ်စနစ်တို့ကြောင့်ဖြစ်သည်ဟု ကောက်ချက်ချခဲ့သည်။ ထိုမညီမျှမှုတို့ကို ပယ်ဖျက်ရန် ကမ္ဘာလုံးဆိုင်ရာ တော်လှန်ရေးလိုအပ်သည်ဟုလည်း ယူဆခဲ့သည်။

စာမျက်နှာ

224

စာအုပ်အရွယ်အစား

5.5 × 0.3 × 8.2 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်း၊ ၂၀၂၁ မတ်လ၊ (ဒု-ကြိမ်)

26 in stock

ချေဂွေဗားရား အား ဝေဖန်သုံးသပ်မှု 3 ရှိပါသည်။

  1. Jai hurng

    သူစာအုပ်တွေထဲက ဘယ်နှစ်အုပ်လောက်ရှိလဲ အတူတူပဲလားဆရာတို့

  2. Pyae Ar Kar

    တော်လှန်ရေးသမိုင်းမှာ ကျူးဘားတော်လှန်ရေးရဲ့ ခေါင်းဆောင် ချေဂွေဗားရားကို လူတော်တော်များများသိကြတယ် ..

    သူဟာ ငယ်စဉ်ကလေးဘ၀ကတည်းက စာအုပ်တစ်ဖက် သေနတ်တစ်ဖက်နဲ့ ကြီးပျင်းလာခဲ့သူဖြစ်ပြီး မတရားမှုတွေကိုတော်လှန်ဖို့ ဆေးထိုးအပ်ကိုစွန့်ကာ သေနတ်ကို လွယ်ခဲ့တယ် ..

    ဒီလိုတော်လှန်ဖို့ ဖြစ်လာတဲ့ အကြောင်းအရင်းကတော့ သူ့ဇာတိ အာဂျင်တီးနားနိုင်ငံရဲ့ တပ်မတော်မှ ဗိုလ်မှုးကြီးပီရွန်ဟာ ဖက်ဆစ်ဝါဒကို စွဲကိုင်ပြီး အာဏာသိမ်းလိုက်တဲ့အတွက်ကြောင့်ဖြစ်တယ် ..

    ပီရွန်ဟာ ဟစ်တလာကို ၀ပ်တွားဆည်းကပ်ခဲ့ပြီး ဖက်ဆစ်ဝါဒကို လက်ဆင့်ကမ်း အမွေယူခဲ့တာကြောင့် အာဂျင်တီးနားကို ဖက်ဆစ်ဝါဒနဲ့ အကြမ်းဖက် အုပ်ချုပ်ခဲ့တယ် ..

    ချေဟာ တော်လှန်ဖို့ကြိုးစားရင်း ကျူးဘားပြည်က ကပ်စထရိုနဲ့တွေ့တယ် .. ကပ်စထရိုဆိုတာကလည်း ကျူးဘားပြည်ရဲ့ တော်လှန်ရေးသမိုင်းမှာ ချေဂွေဗားရားနည်းတူ နာမည်ကျော်ကြားတဲ့သူ တစ်ဦးဖြစ်တယ် ..

    သူတို့နှစ်ဦးကနေ စတင်ပြီး ခေါင်းဆောင် ၁၂ ယောက်ပါ၀င်တဲ့ တော်လှန်ရေးကြီးဟာ ကျူးဘားတော်လှန်ရေးရဲ့ သမိုင်း၀င်ဖြစ်ရပ်ကြီး ဖြစ်ပွားစေခဲ့တယ် ..

    သူတို့ရဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေရယ် ၊ ချေဂွေဗားရားရဲ့ ကိုယ်တိုင်ရေး မှတ်တမ်းဆောင်းပါးရယ် ၊ ချေရဲ့ နောက်ဆုံးနေ့ရက်တွေရယ်ကို မြင်တွေ့နိုင်တာကြောင့် ချေဂွေဗားရားအကြောင်းကို သိချင်သူတွေအတွက် ပေါ့ပေါ့ပါးပါး ဖတ်ရှုနိုင်တဲ့ စာအုပ်တစ်အုပ်အဖြစ် ညွှန်းလိုက်ပါတယ် …..

    #ချေဂွေဗားရားအတ္ထုပ္ပတ္တိ
    #ရဲနောင်ထွဋ်
    #ပန်းဆက်လမ်း

    #PyaeArKar

  3. Aung Some Moe

    Give 5 Star

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published.

ရဲနောင်ထွဋ် စာအုပ်များ