၀တ်မှုန်ခြေသံ

( 0 မှတ်ချက်)

3000 (ကျပ်)

ဝတ်မှုန်ခြေသံ ဆိုတာ ၁၉၉၅ ခုနှစ်မှာ ရေးခဲ့တဲ့ ဆရာမရဲ့ ပထမဆုံး လုံးချင်းဝတ္ထုလေး ဖြစ်ပါတယ်။ ကျောင်းဆရာမတစ်ယောက်ကရေးတဲ့ ပညာရေးနောက်ခံ ဝတ္ထုတစ်ပုဒ်မို့ ဆရာ၊ ဆရာမတွေရဲ့အမြင်၊ မိဘတွေရဲ့အတွေး၊ ကျောင်းသား၊ ကျောင်းသူတွေရဲ့လုပ်ရပ်တွေကို ထင်းခနဲ၊ လင်းခနဲ မြင်သာစေပါတယ်။၂၄ နှစ်ကျော်၊ ၂၅ နှစ်လောက်ကို ကြာခဲ့ပေမဲ့ အထင်တွေ၊ အမြင်တွေ၊ အယူအဆတွေဟာ မျက်မှောက်ခေတ်အထိကို ခေတ်မီနေဆဲပါ။
မိဘ၊ ဆရာ ပူးပေါင်း ကလေးပညာရေးကောင်း ဆိုပေမဲ့ တစ်ခါတစ်ခါ ကျွန်တော်တို့ ဆရာ၊ ဆရာမတွေဟာ ဆီနဲ့ရေ ရောဖို့ လွယ်ရင်လွယ်လိမ့်မယ်။ အထင်မတူ၊ အမြင်မတူတဲ့ မိဘတွေနဲ့ ပူးပေါင်းဖို့ကျ ခက်ခဲလွန်းတယ်။ ဒါပေမဲ့လည်း ဒီဝတ္ထုထဲမှာ ကျောင်းဆရာမလေး ဒေါ်မေသော်ရဲ့ အားထုတ်မှုက လေးစားစရာ ကောင်းလွန်းပါတယ်။
ဒီလိုမျိုး ဆရာ၊ မိဘ၊ ကျောင်းသားဆိုတဲ့ အနားသုံးဖက်နဲ့ တည်ဆောက်ထားတဲ့ တြိဂံပညာရေးတစ်ခု၊ သုံးနားညီတြိဂံ ဇာတ်လမ်းတစ်ပုဒ်ကို ဝတ်မှုန်ခြေသံ ဝတ္ထုမှာ မြင်ကြရမှာ ဖြစ်ပါတယ်။
ဝတ်မှုန်ခြေသံ • • •
မေသော့် နားထဲမှာတော့ ခြေသံတစ်သံသည် ပဲ့တင်ထပ်မျှ ဆူညံနေသည်။ ထိုပြင်းရှရှ ခြေသံသည် မေသော်၏ ဖြူစင်သန့်ရှင်းသော နှလုံးအိမ် တံခါးဝမှာ ရပ်၍ ပြန်လှည့်ထွက်သွားသော အသံပင် ဖြစ်နေလေသည်။
ဘယ်သူ့ခြေသံလဲ ဆိုတာကိုတော့ ၂၀၁၉ ခုနှစ်ရဲ့ နိုဝင်ဘာလအကုန် ဒီဇင်ဘာလလောက်မှာ ဇလပ်နီစာပေကနေ တတိယအကြိမ်အဖြစ် ပြန်လည်ဆန်းသစ် ထွက်လာတော့မယ့် “ဝတ်မှုန်ခြေသံ” စာအုပ်ထဲမယ် အဖြေရှာကြည့်လှည့်ပါနော်။

စာမျက်နှာ

174 မျက်နှာ

စာအုပ်အရွယ်အစား

5.5x 0.4 x8.2 လက်မ

ပုံနှိပ်မှတ်တမ်း

ဇလပ်နီစာပေ၊ 2019 ဒီဇင်ဘာလ၊ (တတိယ-ကြိမ်)

စာအုပ်ပြင်ဆင်မှု

နံ့သာရောင်စက္ကူ

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“၀တ်မှုန်ခြေသံ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

ဝင်းဝင်းမြင့် (နန်းတော်ရှေ့) စာအုပ်များ

သင့်အတွက်ရွေးချယ်ပေးထားသည့်စာအုပ်များ