ချာလီချက်ပလင်

( 1 မှတ်ချက်)

8000 (ကျပ်)

ယခုစာအုပ်သည် ကမ္ဘာ့ရုပ်ရှင်လောကတွင် ထူးခြားသောစာအုပ်ဟု အသိအမှတ်ပြုခံခဲ့ရသည်။ ချာလီချက်ပလင်သည်  ရုပ်ရှင်ခေတ်ဦးပိုင်းမှ စခဲ့သူုဖြစ်ပြီး ယခုအချိန် (၁၉၆၈) ထိ သက်ရှိထင်ရှားရှိသူတစ်ဦးဖြစ်ပြီး သူကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးထားသည့် ရုပ်ရှင်ကားလည်းရှိခဲ့ဖူးသည်။ ထို့ကြောင့် ချာလီချက်ပလင်၏ အကြောင်းသည်ပင် ရုပ်ရှင်၏ အကြောင်း ရုပ်ရှင်၏ သမိုင်းဖြစ်နေပေသည်။
အနုပညာကို စိတ်ပါဝင်စားသူ၊ ရုပ်ရှင်ကို နှစ်သက်သဘောကျသူ၊ အသံတိတ်ကမ္ဘာကျော်ရုပ်ရှင်မင်းသား ချာလီချက်ပလင်၏ ဘ၀ဖြတ်သန်းမှုကို သိရှိလိုသူများအတွက် သူကိုယ်တိုင်ရေးသားထားတဲ့ ကိုယ်တိုင်ရေး အတ္ထုပတ္ထိကို ဖတ်ရှုကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

 

ဒီစာအုပ်ကိုရေးတုန်းက ဒီစာအုပ်ကို ဘာကြောင့်ရေးရသလဲဆိုတာကို သေသေချာချာစဉ်းစားပြီးမှ ရေးတာပါ။ အကြောင်းတွေကတော့ အများကြီးရှိတာပေါ့။ ဒါပေမယ့်  တောင်းပန်းတိုးလျှိုးဖို့ဆိုတဲ့ အကြောင်းကတော့ လုံးလုံးမပါဘူး။ ကျွန်တော့ အခြေအနေကို အကျဉ်းရုံးဖော်ပြရမယ်ဆိုရင် ဩဇာအာဏာကြီးလှတဲ့ နိုင်ငံရေး ဂိုဏ်းတွေနဲ့ တန်ခိုးတော် အနန္တရှိတဲ့ အစိုးရတွေရဲ့ ပတ်ဝန်းကျင်မှာ ကျွန်တော်ဟာ နိုင်ငံတစ်နိုင်ငံက မုန်းအောင်လုပ်ခဲ့မိတယ်။ အမုန်းကိုခံရတယ်လို့ ပြောရလိမ့်မယ်။

ချာလီချက်ပလင်

စာမျက်နှာ

783

စာအုပ်အရွယ်အစား

5.6 x 1.6 x 8.1 inches

ပုံနှိပ်မှတ်တမ်း

ဝိုင်းမော်စာပေ၊ 2020 ဒီဇင်ဘာလ (ဒု-ကြိမ်)

1 in stock

ချာလီချက်ပလင် အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Khaung Htet

    အကောင်းဆုံး အသံတိပ်ခေတ် ဟာသသရုပ်ဆောင်
    ခုချိန်ထိ အစားထိုးမရသေးတဲ့ ပါရမီရှင်တစ်ဦး
    အသံတိပ်ခေတ်မှာ သရော်နိုင်ဆုံးမင်းသားတစ်လက်

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

မောင်နေဦး စာအုပ်များ