ချာနိုဘိုင်း ၁ နာရီ ၂၃ မိနစ် ၄၀ စက္ကန့်

( 0 မှတ်ချက်)

4000 (ကျပ်)

” ကမ္ဘာ့အဆိုးရွားဆုံး နယူးကလီးယား မတော်တဆမှုကြီး
အကြောင်းဖြစ်ရပ်မှန်ဖြစ်သည့် Andrew Leatherbarrow ရဲ့
Chernobyl 01:23:40 ‘ကိုမင်းသူအောင် က မြန်မာပြန်ထားတဲ့
စာအုပ်ဖြစ်ပါတယ်။ ”

” ၁၉၈၆ခုနှစ်၊ဧပြီ ၂၆ရက်၊နံနက် ၁နာရီ၊၂၃မိနစ်၊၄၀စက္ကန့်မှာ အလက်ဇန္နား အကိမော့ဗ်က
ချာနိုဘိုင်းက ဒုတိယမြောက်နယူးကလီးယားဓာတ်ပေါင်းဖိုရဲ့အရေးပေါ်ခလုတ်ကို နှိပ်လိုက်တယ်။ အဲဒီလို နှိပ်လိုက်တာလေးကြောင့်မြို့တစ်မြို့ အပြီးတိုင် ရွှေ့ပြောင်းခဲ့ရတယ်။လူထောင်ပေါင်းများစွာ သေဆုံးခဲ့တယ်။ဆိုဗီယက်ပြည်ထောင်စုကြီးကိုလည်းအကြပ်ရိုက်သွားစေခဲ့တယ်။ ”

ချာနိုဘိုင်းဘေးဆိုးမှာ လွန်ခဲ့သည့် နှစ်ပေါင်း(၁၀၀)အတွင်း တစ်ကမ္ဘာလုံးလူသိများသော ၊ထူးခြားသော အဖြစ်အပျက်ဖြစ်သည်။ သို့သော် လူအနည်းငယ်ကသာ ချာနိုဘိုင်းတွင် ဘာဖြစ်ခဲ့သည်ကို နားလည်ကြသည်။ ထိုသို့သေသေချာချာမသိကြခြင်းမှာလည်း မတော်တဆမှုများဖြစ်ပွားအပြီးထုတ်ပြန်ခဲ့သော ပုံဖျက်သတင်းများကြောင့် ဖြစ်၏။ ဝန်ထမ်းများ၏ အမှားကြောင့် မတော်တဆဖြစ်ပွားရခြင်းဖြစ်သည်ဟုသော သဘောသက်ရောက်စေရန် သတင်းများကို လိုသလိုပုံဖော်ပြီးမှ ထုတ်ပြန်ခဲ့သည်။ နောင်တွင် ယခင်ကထွက်ပေါ်လာသော သတင်းအချက်အလက်များမှာ လျှို့ဝှက်ဆန်းကြယ်မှုများ၊ဒဏ္ဍာရီများဖြစ်လာခဲ့သည်။

စာမျက်နှာ

256

စာအုပ်အရွယ်အစား

5.5 x 0.8 x 8.3 inches

ပုံနှိပ်မှတ်တမ်း

အိမ်မက်အသစ်စာပေ ၊ 2020 ဒီဇင်ဘာလ (ပ-ကြိမ်)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ချာနိုဘိုင်း ၁ နာရီ ၂၃ မိနစ် ၄၀ စက္ကန့်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

မင်းသူအောင် စာအုပ်များ