ကားဂိတ်

( 3 မှတ်ချက်)

5000 (ကျပ်)

နယ်ပယ်တစ်ခုနဲ့ပတ်သက်ပြီး အတွေ့အကြုံရှိတဲ့ သူတွေက ရေးသားထားတဲ့ စာတွေကို ဖတ်ရတဲ့အခါ ကိုယ်မသိလိုက် မမြင်လိုက် သတိမထားမိလိုက်တဲ့ ဘ၀ပုံရိပ်တွေကိုပါ မြင်သိ ခံစားလိုက်ရ‌စေတယ် ဒီစာအုပ်က စာအုပ်ရဲ့ ခေါင်းစဉ်အတိုင်း ကားဂိတ်နဲ့ပတ်သက်တဲ့ အကြောင်းအရာ စုံစုံလင်လင်ကို ဂိတ်မှုးတစ်ယောက်က လက်ဖက်ရည်ဆိုင်မှာ အိတ်သွန်ဖာမှောက် ပြောပြနေသလို ခံစားရစေပါလိမ့်မယ် ဆရာသော်တာဆွေက ဘ၀ထိုထို ကို ရေးပြလိုက်တဲ့အခါ မြင်းလှည်းလောက အကြောင်း တစေ့တစောင်းကို မြင်တွေ့လိုက်ရသလို ကားဂိတ်ကို ဖတ်ပြီး ဂိတ်မှုးတစ်ယောက်ရဲ့ ကားဂိတ်လောက အတွေ့အကြုံတွေကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်ကိုယ်နဲ့သိပ်မဆိုင်တဲ့ နယ်ပယ်တစ်ခုလို့ ထင်ရပေမယ့် ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေတဲ့ အရာတော်တော်များများက ကားဂိတ်တွေကနေ တစ်ဆင့် ဖြတ်သန်းရောက်ရှိလာတာပါ။

စာမျက်နှာ

152

စာအုပ်အရွယ်အစား

5.5× 0.3×8.1 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2023 ဇန်နဝါရီလ (ပထမအကြိမ်)

11 in stock

ကားဂိတ် အား ဝေဖန်သုံးသပ်မှု 3 ရှိပါသည်။

  1. Than Zaw Nyunt

    ကားဂိတ် ဆိုတာ…
    … ဆိုတာ ဟာ ကိုလေးမြတ်ရဲ့ လက်သုံးစကားလို့တောင်
    ပြောနိုင်တယ်။ လောကနယ်ပယ်တခုအကြောင်းကို ရေးမယ်
    ဆိုရင် အဲဒီလောကသုံး ဝေါဟာရ၊ ဘန်းစကား စတာတွေ
    ပါလာတော့မှာပဲ။ သဘင်လောက၊ ကျောက်မျက်လောက၊
    တံငါ မုဆိုး လောကစသည်။ အဲဒီလို လောကသုံး စကားလုံး
    စိမ်းတွေပါလာရင် စာရေးသူက စာဖတ်သူ နားလည်အောင်
    ရှင်းပြလေ့ရှိတယ်။ ကိုလေးမြတ်ကတော့ စကားလုံး နဲနဲစိမ်း
    တာနဲ့ … ဆိုတာ ဆိုပြီး ခက်ဆစ်အနက်ဖွင့် ရှင်းချက်က
    တန်းပါလာတော့တာပဲ။ ကားဂိတ်ဆိုတာ၊ ဂိတ်မှူးဆိုတာ၊
    ဂိတ်ပိုင်ဆိုတာ… စသည် 🙂
    ကျနော်တို့နိုင်ငံမှာတော့ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်၊ ကားဂိတ်
    ဆိုတဲ့ ဝေါဟာရက အရပ်သုံးစကားအဖြစ် တွင်ကျယ်နေပါပြီ
    အင်္ဂလိပ်စကား car နဲ့ gate ကိုပေါင်းပြီး myanglish အဖြစ်
    သုံးကြရာက မြန်မာအရပ်သုံးစကား ဖြစ်လာတယ် ထင်တာပဲ
    နိုင်ငံတကာမှာတော့ terminal လို့ သုံးကြတာမျိုး ဆိုပါတော့
    အခုဝတ္ထုကတော့ ကုန်တင် အဝေးပြေးကားဂိတ် အကြောင်း
    ရေးဖွဲ့ထားတာပါ။ တိတိကျကျ ပြောရရင် ရန်ကုန်-မုံရွာ
    ကုန်တင်ကားဂိတ်ပေါ့။ ရန်ကုန်မုံရွာ ကားဂိတ်ရဲ့ ခေတ်နှစ်
    ခေတ်အတွင်း ဖြစ်ပေါ်ပြောင်းလဲလာပုံကို သရုပ်ဖော်ထားတာ
    တွေ့ရတယ် မုံရွာသား လူပျိုလူလွတ် ကိုခင်မောင်သန်းဆိုသူက ကျွန်တော်
    နာမ်စားသုံးပြီး ဇာတ်ကြောင်းပြောတယ်။ အသက် ၃၀ အရွယ်
    လောက်ကနေ အသက် ၅၀ ကြား ကားဂိတ် အလုပ်သင်၊
    ဂိတ်မှူး၊ ဂိတ်ပိုင်အထိ သူ့ဘဝဖြစ်စဉ်ကို ပြောပြဟန်နဲ့ ရေးဖွဲ့
    ထားတယ်။ ဂိတ်နေရာ ၂ ခု၊ ခေတ် ၂ ခေတ်။ မဆလခေတ်
    နှောင်းပိုင်းနဲ့ နဝတခေတ် ဆိုပါတော့။ ရှစ်လေးလုံး အရေး
    အခင်းက ခေတ်ကိုရော ဂိတ်နေရာကိုရော ရှေ့ပိုင်း နောက်ပိုင်း
    ပုဒ်မချ ခွဲခြားပေးလိုက်တယ် မဆလခေတ်တုန်းက ဂိတ်နေရာဟာ ဘုန်းကြီးလမ်းနဲ့ နောက်
    တော့ ရွှေတောင်တန်းလမ်း။ နဝတခေတ်မှာတော့ ဘုရင့်နောင်
    ပေါ့။ တရားဝင်အခေါ်က ဘုရင့်နောင် ပွဲရုံစီမံကိန်းနှင့် ကုန်တင်
    ယာဉ် ရပ်နားစခန်း ထင်ပါရဲ့။ ဒါပေမယ့် အထက်က ပြောခဲ့
    သလို ကားဂိတ်လို့ ခေါ်လိုက်ကြတာပါပဲ။ ကိုခင်မောင်သန်း
    တို့လဲ ဆိုင်းဘုတ်မှာတော့ ကုန်စည်ပို့ဆောင်ရေးပေါ့
    ကားဂိတ်ဆိုရာမှာ ခရီးသည်တင်နဲ့ ကုန်တင်တော့ ခွဲထားတယ်
    ကိုခင်မောင်သန်း ဘုရင့်နောင်ကို ရောက်တော့ ခရီးသည်တင်
    ကားဂိတ်က ဆင်မလိုက်မှာပါ။ ကျနော်ကြုံဖူးသလောက်
    ပြောရရင် ခရီးသည်ပို့ဆောင်ရေးဂိတ်က ဆင်မလိုက်ပြီးရင်
    စော်ဘွားကြီးကုန်း ခနရောက်သေးတယ်ထင်ရဲ့။ နောက်မှ
    အောင်မင်္ဂလာကို ပြောင်းတာလို့ ထင်တာပဲ (စကားချပ်)
    ဒီဝတ္ထုက ကုန်တင်ဂိတ်အကြောင်းဆိုတော့ ကုန်စည်တွေ၊
    ကားတွေ ပါလာရပြီ။ ကားဂိတ်တခုဟာ ငွေကြေးအရင်း
    အနှီး နဲနဲနဲ့ အကျိုးအမြတ် များများရနိုင်တယ်။ ကုန်တင်မယ့်
    ကုန်သည်နဲ့ ကားသမားကြား ပွဲစားလုပ်ရတာမျိုးပါ။ အဓိက
    အချက်က ယုံကြည်မှု တည်ဆောက်နိုင်ဖို့ပဲ။ နောက် ပေါင်း
    သင်းဆက်ဆံရေး ပြေပြစ်ဖို့၊ ပါးရည်နပ်ရည်ရှိဖို့။ ဒီအချက်ကို
    စာရေးဆရာဟာ အပြောနဲ့ရော အပြနဲ့ပါ ရေးဖွဲ့ထားတယ်
    ကားဂိတ်မှာ ဂိတ်မှူး၊ စာရေးအပြင် ကုန်တင်ကုန်ချ အလုပ်
    သမားတွေ မွေးထားရတယ်။ သူတို့ထဲမှာ ပင့်လုံး၊ ထမ်းလုံး၊
    ကုန်တင်၊ ကမာ စသဖြင့် လုပ်ရတဲ့ အလုပ်ပေါ် မူတည်ပြီး
    အခေါ်တွေ ရှိတယ်။ စာရေးဆရာကတော့ ဝေါဟာရအစိမ်း
    တခုပေါ်လာတာနဲ့ အထက်က ပြောခဲ့သလို ချက်ခြင်း ခက်ဆစ်
    ကို အနက်ဖွင့်ပြပါလိမ့်မယ်။ ကမာဆိုတာ…ဘာ၊ ဂမ်ဘား
    ဆိုတာ…ဘာ။
    ကုန်အမျိုးအစားမှာလဲ အောက်ခံကုန်၊ ခါးကုန်၊ အပေါ်ကုန်
    ဆိုပြီး ကားဂိတ်အသုံးအနှုန်းတွေ ရှိသေးတယ်။ … ဆိုတာ
    ဆိုပြီး အနက်ဖွင့်ပြပါလိမ့်မယ်။ တခြား အများကြီး ရှိသေး
    တယ်။ ကားဂိတ်ဝတ္ထုကို ဖတ်ပြီး ကားဂိတ်သုံး ဝေါဟာရ
    များဆိုပြီး ဆောင်းပါးတစောင် ရေးလို့ရတယ် 🙂
    ဝေါဟာရတွေထက် စိတ်ဝင်စားစရာကောင်းတာက လူတွေ
    အကြောင်းပေါ့။ ခေတ်နှစ်ခေတ် ဂိတ်နေရာနှစ်ခုမှာ ကြုံရတဲ့
    ကုန်သည်၊ အဝယ်ကိုယ်စားလှယ်၊ ကားသမား၊ အလုပ်သမား၊
    ဂိတ်ဝန်ထမ်းတွေ။ သူတို့ရဲ့ စိတ်ဓာတ်၊ စရိုက်နဲ့ ဘဝတွေ။ ပြီး
    တော့ လူတွေရဲ့ နာမည်ပြောင်တွေ…
    ကားဂိတ်နဲ့ ဆက်စပ်နေတဲ့ ကွမ်းယာဆိုင်၊ စားသောက်ဆိုင်က
    အစ စင်တင်တေးဂီတ၊ ကေတီဗွီ၊ မာဆတ် စတဲ့လုပ်ငန်းတွေ
    အကြောင်းလဲ ဖျတ်ခနဲ တွေ့ရတယ်။ sex worker တွေလဲ
    ပါနေတော့တာပေါ့။ ကားလောကထဲက လူငယ်လူလတ်တွေ
    AIDS နဲ့ ဆုံးပါးကြ…စာရေးဆရာဟာ ပြီးခဲ့တဲ့နှစ်က ကားသမား ဆိုတဲ့ ဝတ္ထုကို
    ထုတ်ခဲ့တယ်။ အခုထွက်လာတဲ့ ကားဂိတ် ဝတ္ထုနဲ့ ဆက်စပ်
    နေတယ်။ တအုပ်ချင်းဖတ်လဲ ရတယ်။ တွဲဖက်ဖတ်ရင်လဲ
    ပိုသရုပ်ပေါ်တယ်။ ကားသမား က အလှုပ်။ ကားဂိတ်က
    အငြိမ်ပေါ့ကိုခင်မောင်သန်းက ကျွန်တော်ဆိုပြီး ဇာတ်ကြောင်းပြောပြ
    ရာမှာ ပထမပိုင်းက ဇာတ်ကြောမာနေပြီး စိုးစိုး(ဝင်း)ပါလာမှ
    ဇာတ်က နဲနဲပျော့နွဲ့လာသလို ခံစားရတယ်။ တကယ်တော့
    ကိုခင်မောင်သန်းဟာ စာဖတ်ဝါသနာပါတယ်။ စာရေးတယ်
    သူ ရန်ကုန်မှာ နေချင်တာက စာပေနယ်မှာပဲ ကျင်လည်ချင်
    လို့ပါ။ ကားဂိတ်လုပ်ငန်းဟာ သူ့အတွက် ငွေရှာဖို့ အဆင်ပြေ
    ပေမယ့် ကြာလာတော့ ငွေကိုသာ ပထမထားတဲ့ ဆက်ဆံရေး
    နယ်ပယ်မှာ သူမပျော်တော့ဘူး။ အသက် ၅၀ ပြည့်ရင် ကား
    ဂိတ်လုပ်ငန်းကို သူ့တူလေးကို လွှဲပေးပြီး သူ့စိတ်ကူးထဲက
    စာပေနယ်ကို သူကူးမယ်။ ဒီတော့ လူလွတ်အနေနဲ့ နေလာ
    ရာက စိုးစိုးရဲ့ အားပေးမှုကို စဉ်းစားကြည့်လာရတယ်
    နက်ဖြန်ဆို သူ အသက် ၅၀ ပြည့်တော့မယ်လေ…

    ကိုလေးမြတ်
    ကားဂိတ်

  2. Aeri Myat

    ကားဂိတ်နဲ့ ပက်သတ်ပြီး
    အကျယ်တဝင့်ရေးထားတဲ့ စာအုပ်မျိုး
    တခါမှ မဖတ်ဖူးသေးဘူး။

    လက်ဖက်ရည်ဆိုင်များလိုပဲ. .
    ကားဂိတ်ဆိုတာ လူတိုင်းနဲ့တော့
    တနည်း မဟုတ် တနည်း
    ပက်သတ် ဆက်နွယ်နေနိုင်တဲ့ နေရာမျိုးပေါ့။

    ဆရာကိုလေးမြတ်ရဲ့ အခု
    စာအုပ်လေးထဲမှာ မြင်တွေ့ရမဲ့
    ခေတ်အခြေအနေကတော့…
    ငါးပိ၊ ငါးခြောက်၊ ဆီစတဲ့ ကုန်ပစ္စည်းတွေကို မှောင်ခို ရောင်းချနေကြရတဲ့ ခေတ်ကာလတစ်ခုကို အခြေတည်
    ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။

    အမှန်အတိုင်း ပြောရရင် ကိုယ်တိုင် လက်လှမ်းမမှီ မသိခဲ့တဲ့ ခေတ်ကာလ
    တစ်ခုမို့ ဖတ်ရင်းနဲ့မှ သိခွင့်ရတာတွေ
    အများကြီး ရှိပါတယ်။

    ကားဂိတ်ဆိုပေမဲ့ အတိအကျပြောရရင်
    ကုန်စည်ပို့ဆောင်ရေးဂိတ်လို့ ဆိုရမယ်။

    ဂိတ်မှူးကစလို့ ကုန်တင် ကုန်ချအလုပ်သမားအထိ အသက်ရှင်
    ရပ်တည်ရေးအတွက် ရုန်းကန်လှုပ်ရှားကြရပုံတွေကို တွေ့မြင်ဖတ်ရှုရမှာ
    ဖြစ်ပါတယ်။

    ကားဂိတ်ကို အမှီပြုပြီး ရှင်သန်ရတဲ့
    အမျိုးသမီးတွေရဲ့ ဘဝကိုလည်း
    ကရုဏာသက်ဖွယ် တွေ့မြင်နိုင်သလို…

    ဒီလို လူတကာစုံတဲ့ နေရာလိုမျိုးမှာလည်း
    ရိုးသားပြီး ကြိုးစားတဲ့ စိတ်ဓါတ်ရှိသူတွေလည်း ရှိကြောင်းကို နားလည်
    လက်ခံမိစေပါတယ်။

    စာအုပ်လေးထဲက အဓိကဇာတ်ကောင်
    ကိုခင်မောင်သန်း ကတော့ စာရေးဆရာ
    ဖြစ်ချင်ပေမဲ့ ဘဝပေး အခြေအနေအရ
    ဂိတ်မှူး လုပ်နေရသူတစ်ဦးပေါ့။

    သူ့နေရာကနေ ကြုံတွေ့ရသမျှ လူမျိုးစုံ
    စိတ်မျိုးစုံကို လိုက်ပါ စီးမျောရင်း
    ဒီစာအုပ်လေးကို ဖတ်ဖြစ်ခဲ့ပါတယ်။

    ဒီစာအုပ်လေး ဖတ်ပြီးသွားရင်တော့
    ကားဂိတ်လို နေရာမျိုးကို ရောက်ဖြစ်တဲ့အခါ သွားလာ လှုပ်ရှားနေကြတဲ့
    ဒီလူအုပ်ကြီးကို ပိုပြီး စာနာ နားလည်စိတ်ဖြစ်စေမယ်လို့ မြင်မိပါတယ်။

    ဗဟုသုတရစေမဲ့ စာအုပ်ကောင်းလေး တစ်အုပ်မို့ ကြုံကြိုက်တဲ့အခါ
    ဖတ်ကြည့်ကြဖို့ ညွှန်းဆိုချင်ပါတယ်။

    #ကိုလေးမြတ်
    #ကားဂိတ်
    #စာရိပ်မြိုင်စာပေ
    #하은
    #bookono18

  3. Yair Wint Naing

    ဆရာကိုလေးမြတ်ရဲ့စာအုပ်လေးတွေ ဖတ်ကြည့်ကြဖို့တိုက်တွန်းလိုက်ပါတယ်ဗျ။
    ပထမ ကားသမားစာအုပ်(ပန်းဆက်လမ်း)မှာဆိုရင် ကားသမားတွေရဲ့ ဘ၀ပုံရိပ်တွေကို မြင်တွေ့နိုင်ပါတယ်
    ကားသမားတစ်ယောက်ဟာ ကားမောင်းတတ်ရုံတင်မဟုတ်ဘဲ ကိုယ်တင်ဆောင်လာတဲ့ ပစ္စည်းကို အထိအခိုက်မရှိဖို့ ဂရုစိုက်ရပုံတွေ
    ခုခေတ်လို တရား၀င် ရောင်းချခွင့် မရှိတဲ့ သတ်မှတ်ကုန်ပစ္စည်းတွေကို ကားသမားတွေက ဉာဏ်လွှာသုံးပြီး တင်ဆောင်ကာ စစ်ဆေးရေးဂိတ်တွေကို ဖြတ်သန်းရပုံတွေ
    ကားသမားတွေဟာ လမ်းပေါ်မှာပဲ ကျင်လည်ကျက်စားနေရပေမယ့် လူတွေထင်သလို ပျက်စီးနေတဲ့သူတွေချည်းပဲ မဟုတ်တာတွေ စသဖြင့် ကားသမားတွေရဲ့ ဘ၀လောကအထွေထွေကို တ၀ကြီးဖတ်ရမှာပါ
    (ကျနော်ဆို လက်ကမချဘဲ တထိုင်တည်းဖတ်ပြီး တခါတည်းပြီးသွားတယ် အရမ်းကောင်းဗျာ)
    ဒုတိယ ကားဂိတ်စာအုပ်(စာရိပ်မြိုင်)မှာတော့ ကုန်ကား ကုန်သည် ပွဲစား ဂိတ်နဲ့ဂိတ်ဝန်ထမ်း‌အလုပ်သမား‌တွေ ကားသမားတွေနဲ့ သူတို့ရဲ့အလုပ် လုပ်ပုံကိုင်ပုံတွေ ဆက်ဆံရေးတွေ လူမှုရေး စရိုက်သဘာဝ စီးပွားဆက်ဆံရေးတွေ၊အလုပ်ရှင်အလုပ်သမားဆက်ဆံရေးနဲ့ကုန်းတိုက်ချွန်တွန်းပညာပြ ကတုံးပေါ်ထိပ်ကွက် အလှည့်အပတ်ဇယားတွေစသဖြင့် တီကောင်အထွေးကြီးလိုရှုပ်ထွေးလှတဲ့ ကားဂိတ်လောကအကြောင်းကို ပေါ့ပေါ့ပါးပါးဖတ်ရအောင် ဆရာကိုလေးမြတ်က လက်စွမ်းပြထားတယ်။
    (ဒီစာအုပ်မှာက တချို့စာလုံးပေါင်းသတ်ပုံစာရိုက်အမှားတွေကြောင့် ဖတ်ရတာ စိတ်ကသိကအောက်ဖြစ်ရပါတယ် ဒါပေမယ့် ကျနော်ကတော့ ကြိုက်ပါတယ်)

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ကိုလေးမြတ် စာအုပ်များ