ကားပေါ်က ခါးတစ်ဦးရဲ့ ဒိုင်ယာရီ

( 0 မှတ်ချက်)

3000 (ကျပ်)

စာအုပ်၏ ပထမဆုံးအခန်းဖြစ်သော ကားပေါ်က ခါးပိုက်နှိုက်တစ်ဦး၏ ကိုယ်တွေ့ပြန်ပြောပြချက်နှင့် ထောင်တွင်းအတွေ့အကြုံများမှသည် တစ်အုပ်လုံးပြီးဆုံးသည်အထိ စာဖတ်သူကို ထိုင်ရာမထ ဖတ်ဖြစ်​အောင် လက်ကမချစတမ်း ဆွဲဆောင်သိမ်းပိုက်သွားမည့် စာအုပ်ဖြစ်ပါသည်။ ဖြစ်ရပ်မှန်ဘ၀ဇာတ်လမ်းများအကြောင်းကို ကလောင်စွမ်းဖြင့် ပုံဖော်ရေးသားထားခြင်းဖြစ်ပြီး ရသ၀တ္ထုများထက်ပင် စိတ်ဝင်စားဖွယ်များနှင့် ပြည့်နှက်နေပါသည်။

တချို့မှာ ရသဟန်ရေးဖွဲ့ထားပြီး တချို့မှာ ဆောင်းပါးဟန်ဖြင့် ရေးသားထားခြင်းဖြစ်သည်။ ဇာတ်ကောင်များအားလုံးမှာ အမှန်ပင်သက်ရှင်ထင်ရှားရှိခဲ့/ရှိဆဲဖြစ်ပြီး စာရေးသူမှာဇာတ်ကောင်များနှင့် အင်တာဗျူးကာ သက်ဝင်လှုပ်ရှားနေသည့် ဖြစ်ရပ်မှန်ဘ၀များအကြောင်းကို ရေးသားတင်ပြထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။

စာမျက်နှာ

159

စာအုပ်အရွယ်အစား

5.6 x 0.2 x 8.1 inches

ပုံနှိပ်မှတ်တမ်း

အိပ်မက်အသစ်စာပေ ၊ 2020 ဩဂုတ်လ၊ (ပ – ကြိမ်)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကားပေါ်က ခါးတစ်ဦးရဲ့ ဒိုင်ယာရီ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

မင်းလွင် စာအုပ်များ