ဗုဒ္ဓရှုထောင့်မှ ဖြစ်တည်မှုဒဿန

( 0 မှတ်ချက်)

1800 (ကျပ်)

လူသည် ရုပ်ပိုင်း(ကိုယ်ခန္ဓာ) ဆိုင်ရာ လိုအင်ဆန္ဒတွေ ပြည့်စုံရုံမျှဖြင့် ချမ်းသာပြီလော၊ ပျော်ရွှင်ပြီလော၊ လူပီသပြီလော၊ လူတွင် စိတ်ဆိုသောအခန်းကဏ္ဍ မရှိပြီလော၊ ထိုစိတ်ကို ထည့်သွင်း မစဉ်းစားသင့်ပါသလော…. ဤမေးခွန်းများသည် ဖြစ်တည်မှုဒဿန (သို့မဟုတ်) အတ္တဘ၀ အမှန်ဝါဒ (Existentialism) ၏ အခြေခံအချက်များပင် ဖြစ်ပေတော့သည်။ တနည်းဆိုရလျှင်တော့ ဖြစ်တည်မှုဒဿနသည် နှစ်ဆယ်ရာစု စက်မှုလူ့အဖွဲ့အစည်း၏ မပြည့်စုံမှုများ၊ အပြစ်အာဒီန၀ များအား တုံ့ပြန်ချက်ဖြစ်၏။ လူသည် ပတ်ဝန်းကျင် လူ့လောကအား မကျေမချမ်းဖြစ်ပြီး မိမိ၏ အတ္တဥခွံအတွင်းသို့ လိပ်ကဲ့သို့ ပြန်ဝင်သွားခြင်း ဖြစ်လေသည်။

ဗုဒ္ဓ၏ တရားတော်တွင် အဆိုပါ ရုပ်ပိုင်းနှင့် စိတ်ပိုင်းတို့၏ ပဋိပက္ခ၊ လူနှင့် လူ့အဖွဲ့အစည်းတို့၏ ပဋိပက္ခများ မရှိပေ။ ဗုဒ္ဓတရားသည် မဇ္ဈိမပဋိပဒါ (အလယ်လမ်း) ဖြစ်သဖြင့် အစွန်း တစ်ဖက်ဖက်သို့ မသက်ရောက်ပေ။ ဗုဒ္ဓရှုထောင့်မှ ဝေဖန်ဆန်းစစ်ကြည့်သော် ဖြစ်တည်မှု ဒဿနတွင် အမှန်သဘောများ ပါဝင်သည်ကို တွေ့ရသည်။ ဗုဒ္ဓရှုထောင့်နှင့် နီးကပ်လာသည်ကိုလည်း တွေ့ရ၏။ သို့ရာတွင် မတူခြားနားချက်များလည်း ရှိနေသည်။ အဆိုပါ တူညီမှု၊ ခြားနားမှုများကို ဆန်းစစ်ရန်သည် ဤစာအုပ်၏ ရည်ရွယ်ချက်ပင် ဖြစ်လေသည်…
(အမှာစာမှကောက်နှုတ်ဖော်ပြချက်…)

စာမျက်နှာ

80

စာအုပ်အရွယ်အစား

5.6 x 0.2 x 8.3 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2020 ဇန်နဝါရီလ (ဒု-ကြိမ်)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဗုဒ္ဓရှုထောင့်မှ ဖြစ်တည်မှုဒဿန” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

ဒေါက်တာဦးသန်းထွန်း(ရွှေဘို) စာအုပ်များ

သင့်အတွက်ရွေးချယ်ပေးထားသည့်စာအုပ်များ