ဗုဒ္ဓနည်းကျ နာမကျန်းသူပြုစုနည်း

( 3 မှတ်ချက်)

2800 (ကျပ်)

ဤစာအုပ်တွင် ဗုဒ္ဓဘာသာဝင်တစ်ဦးအနေဖြင့် နာမကျန်းဖြစ်သောအခါ မည်သို့ပြုမူနေထိုင်ရမည်၊ နာမကျန်းသူများကို မည်သို့ပြုစုလုပ်ကျွေးရမည်၊ ဗုဒ္ဓ၏သင်ကြားမှုများတွင် ကျန်းမာရေးနှင့် စပ်လျဉ်း၍ မည်သို့ဖော်ပြထားသည် အစရှိသည်တို့ကို လေ့လာနိုင်သလို ဗုဒ္ဓဘာသာမြန်မာလူမျိုးများ မိမိတို့၏ ကိုးကွယ်ယုံကြည်သည့် ဘာသာတရားအဆုံးအမများကို အခြေခံပြီး နာမကျန်းဖြစ်သည့်အခါ၊ နာမကျန်းသူများကိုပြုစုသည့်အခါ လက်တွေ့အသုံးပြုနိုင်ရန်ဖြစ်သည်။

လူတစ်ဦးသည် သေခါနီးအချိန်အထိ အကောင်းဆုံးကျန်နိုင်သည်မှာ အကြားအာရုံဆိုတာကိုတော့ဖြင့် သိပ္ပံပညာရှင်များလည်း လက်ခံကြသည်။ ဤအကြောင်းအရာနှင့် ပတ်သက်ပြီး University of British Columbia မှ လေ့လာထားသည့် သုတေသနတစ်ခုရှိသည်။ Electroencephalography (EEG) ဟူသည့် ဦးနှောက်လှိုင်းတို့ကို တိုင်းတာသည့် စက်ဖြင့် သေအံ့ဆဲဆဲ လူနာများ၏ ဦးနှောက်ကို တိုင်းတာပြီး စစ်တမ်းယူသည့်အခါ သတိလုံး၀မရှိတော့ဘဲ အသက်ထွက်လုဆဲဆဲကာလအထိ (ဦးနှောက်သေနေသည့်အချိန်အထိ) အသံလှိုင်းများကို တုံ့ပြန်မှု ရှိနေသေးသည်ကို တွေ့ရသည်။
သေဆုံးခါနီးလူ၏ ဦးနှောက်သည် ထူးထူးခြားခြားအသံများ၊ မိသားစုဝင်တို့၏ အသံများကို ကြားရသည့်အခါ တုံ့ပြန်မှုရှိလာသည်ဟု သုတေသီတို့က ဆိုသည်။ ချစ်သည့် ခင်သည့် လူတို့၏ အသံကိုကြားရသည့်အခါ ဦးနှောက်လှိုင်းများ၏တုံ့ပြန်မှုသည် ကောင်းသော တုံ့ပြန်မှုများ ဖြစ်လာသည်ဟု ဆိုသည်။ ထို့ကြောင့် အချို့ပညာရှင်များက သေအံ့ဆဲဆဲ လူနာများကို ပြုစုသည့်အခါ ချစ်သူ ခင်သူများကို နှုတ်ဆက်စကားပြောခိုင်းခြင်းအားဖြင့် နာကျင်မှု ဝေဒနာများ သက်သာပြီးကောင်းစွာ အသက်ထွက်နိုင်သည်ဟု ယူဆကြသည်။
ထို့ပြင် Scientific Reports မှ သုတေသန တစ်ခုတွင်လည်း အသက်ထွက်ခါနီးလူတို့တွင် အကြားအာရုံသည် နောက်ဆုံးချုပ်သည်ဟု ဆိုထားသည်။ အသက်မထွက်ခင် တစ်နာရီလောက်အထိ သာမန်နုပျိုသည့်နားများ၊ အကြားအာရုံကောင်းသည့် နားများနှင့်အတူ ကြားနိုင်၊ သိနိုင်ပါသည်ဟု ဆိုကြသည်။ Hearing may indeed be one of the last senses to lose function as humans die ဟု လူတွေသေသည့်အခါ အကြားအာရုံသည် နောက်ဆုံး အာရုံအဖြစ်နှင့် အဆုံးသတ်ပါသည် ဟု ဖော်ပြထားသည်။

စာမျက်နှာ

103

စာအုပ်အရွယ်အစား

8.3 ×0.4×5.1 inches

ပုံနှိပ်မှတ်တမ်း

သားငယ်စာအုပ်တိုက်၊ 2022 ဖေဖော်ဝါရီလ (ပ-ကြိမ်)

10 in stock (can be backordered)

ဗုဒ္ဓနည်းကျ နာမကျန်းသူပြုစုနည်း အား ဝေဖန်သုံးသပ်မှု 3 ရှိပါသည်။

  1. Phone Wai

    ဆရာတော်ရဲ့ စာအုပ်များကို ဖတ်ရင်း ဗုဒ္ဓစိတ်ပညာရဲ့ တန်ဖိုးတွေကို ပိုပိုသိလာရပါတယ်။
    ရှေ့က ထွက်ထားတဲ့ နှစ်အုပ်ကို ဖတ်ပြီးပါပြီ။
    လက်ရှိစာအုပ်ကိုလည်း မှာထားပါပြီ။

  2. Phone Wai

    ဆရာတော်ရဲ့ ရှေ့က ထွက်ခဲ့သော စာအုပ်များကိုဖတ်ပြီး ဗုဒ္ဓစိတ်ပညာကို ကို၍စိတ်ဝင်စားပြီး နာလည်သဘောလည်းဘပေါက်ခဲ့ပါပြီ။
    လက်ရှိ စာအုပ်သည်လည်း ထူးခြားပြီး ဗဟုသုတများစွာကိုပေးလိမ့်မည်ဟု ယုံကြည်ပါသည်။

  3. Anonymous

    ကောင်းပါတယ်

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published.

နန္ဒာစာရ စာအုပ်များ