ဗုဒ္ဓကိုယ်တိုင်ဖြေကြားခဲ့ရသော မေးခွန်းနှင့်ပြဿနာများ

( 0 မှတ်ချက်)

20000 (ကျပ်)

ဂေါတမ ပွင့်တော်မူသောအခါ အရာခပ်သိမ်းကို သိတော်မူသည်ဟူသော ကျော်စောလာမှုသည် ဗုဒ္ဓထံမှောက်သို့ ပြဿနာရှင်များစွာတို့ ရောက်ရှိလာအောင် ဖိတ်ခေါ်လိုက်သကဲ့သို့ ဖြစ်လာသည်။ ထို့ကြောင့် ဟိုကလာမေး၊ သည်ကလာမေး၊ မရေမတွက်နိုင်အောင် များပြားစွယသော မေးခွန်းများ ဗုဒ္ဓထံပါးရောက်လာသည်။
အချို့က သိချင်လှ၍ ရိုးသားစွာမေးလာ၏။ အချို့က ပညာစမ်းလို၍ မေးလာ၏။ အချို့က ကျင့်ကြံအားထုတ်လို၍ မေးလာ၏။ အချို့က ကိုယ့်အတွက် မေးလာ၏။ အချို့က အများအတွက် မေးလာ၏။
အချို့က ပစ္စည်းဥစ္စာကို တရားနှင့်အညီ သုံးစွဲနည်းဓမ္မအကြောင်းကိုမေးလာ၏။ အချို့က အာရုံခံစားမှု၊ သုံးဆောင်ခြင်း ကာမအကြောင်းကို မေးလာ၏။ အချို့က ဥစ္စာကို ထာ၀ရဇင်္ဂမ ထားသိုနည်းဟု ဆိုအပ်သော အတ္တအကြောင်းကို မေးလာ၏။ အချို့က နိဗ္ဗာန်ဟု ဆိုအပ်သော မောက္ခအကြောင်းကို မေးလာ၏။ အချို့က ရုပ်နာမ်အကြောင်းကို မေးလာ၏။ ဤသို့လျှင် လူအထပ်ထပ်၊ နတ်အဖြာဖြာ၊ ဗြာဟ္မာအခန်းခန်း၊ ရဟန်းအသီးသီးတို့မေးလာသမျှသော မေးခွန်းပြဿနာရပ်များကို ဗုဒ္ဓသည် ပြီးမြောက်အောင် ဖြေဆိုတော်မူခဲ့သည်။
ဤသို့အားဖြင့် ဗုဒ္ဓနှင့် လူသားများ၊ ဗုဒ္ဓနှင့် နတ်ဗြဟ္မာများ၊ ဗုဒ္ဓနှင့် ဘိက္ခု၊ ဘိက္ခုနီများ အပြန်ပြန်အလှန်လှန် မေးဖြေပြုချက်များကို တပေါင်းတည်း စုစည်းလိုက်သောအခါ ပိဋကတ်တော်များဟူ၍ဖြစ်လာသည်။ ယနေ့ခေတ်၌ ဗုဒ္ဓကို လေ့လာသူများအတွက် ဗုဒ္ဓအမြင်ကို လေ့လာလိုသူ၊ ဗုဒ္ဓစကားတော်ကို လေ့လာလိုသူ၊ ဗုဒ္ဓ၏ ကြံစည်တွေးခေါ်မှုကို လေ့လာလိုသူများအတွက် အထွေထွေသော ပြဿနာရပ်များမှ ရွေးထုတ်တင်ပြထားသည်။
ဤအမေးအဖြေများသည် ပြဿနာ ပြေလည်ရုံလောက်တင်မဟုတ်မူပဲ ပြဿနာ ပြေလည်သည့် နောက်ဆုံး၌ (က) ဤပြဿနာများ ဖြစ်ပွားလာရသော ဆင်းရဲမှုကို လည်းကောင်း၊ (ခ) ဤဆင်းရဲမှုများ၏ မြစ်ဖျားခံရာ အကြောင်းရင်းကို လည်းကောင်း၊ (ဂ) ထိုဆင်းရဲမှုမှလွတ်မြောက်ရာ နိဗ္ဗာန်ကို လည်းကောင်း၊ (ဃ) ထိုနိဗ္ဗာန်သို့ သွားရာ လမ်းခရီးကိုလည်းကောင်း၊ သိအောင်မြင်အောင် လေ့လာ ကျင့်ကြံနိုင်အောင် အထိ လမ်းညွှန်ပြသပေးသည့် အမေးအဖြေများဖြစ်သည်။

စာမျက်နှာ

718

စာအုပ်အရွယ်အစား

6.8 x 1.2 x 10.8 inches

ပုံနှိပ်မှတ်တမ်း

Myanmar heritage 2020 ဩဂုတ်(ပ-ကြိမ်)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဗုဒ္ဓကိုယ်တိုင်ဖြေကြားခဲ့ရသော မေးခွန်းနှင့်ပြဿနာများ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ဒဂုန်ဦးစန်းငွေ စာအုပ်များ