ဗုဒ္ဓ၏ အာရှတန်ဖိုး
9500 (ကျပ်)
ဤစာအုပ်တွင် ဗုဒ္ဓ၏စီမံခန့်ခွဲမှု(Management)ကို အာရှတန်ဖိုးထားမှုအမြင်ဖြင့် အဓိကထားလေ့လာတင်ပြထားသည်။ စီမံခန့်ခွဲမှု(Management)ရှုထောင့်ကကြည့်ပါက ဗုဒ္ဓသည် ရှေးအကျဆုံးသော စီမံခန့်ခွဲသူ ခေါင်းဆောင်တစ်ဦးဖြစ်သည်။ လူသားတစ်ယောက်၏ဖြစ်တည်ခြင်း၊ လွတ်လပ်မှုနှင့် စီမံခန့်ခွဲမှုကို ရှေးအကျဆုံး ကိုယ်တိုင်နားလည် တည်ဆောက်ခဲ့သူဖြစ်သည်။ ဗုဒ္ဓသည် စီမံခန့်ခွဲမှုနည်းစနစ်များကို ကိုယ်တိုင် ဖော်ထုတ်ခဲ့ရုံသာမက ကိုယ်တိုင်ကျင့်သုံးအောင်မြင်သူလည်း ဖြစ်သည်။ ဗုဒ္ဓ၏စီမံခန့်ခွဲမှုကို လေ့လာသည့်အခါ ဗုဒ္ဓကိုယ်တိုင် လူ့အဖွဲ့အစည်းနှင့် ထိခိုက်နိုင်မှုအနည်းဆုံးကို အကြိမ်ကြိမ်ကျင့်သုံးခဲ့သည့် စီမံခန့်ခွဲမှုများ အဖြစ်မြင်တွေ့ရပါသည်။ လွန်ခဲ့သောနှစ်ပေါင်း ၂၆၀၀ ကျော်ကာလက သံဃာ့အဖွဲ့အစည်း၏ ခေါင်းဆောင်မှာ ပရိနိဗ္ဗာန်ပြုသွားသည့်တိုင် ယနေ့တိုင်အထိ သံဃာ့အဖွဲ့အစည်းပြိုကွဲမသွားရခြင်းမှာ ဗုဒ္ဓ၏စီမံခန့်ခွဲမှု ကျွမ်းကျင်မှုကို ဖော်ပြနေခြင်းဖြစ်သည်။ ဤစာအုပ်သည်စီမံခန့်ခွဲခြင်း အမည်ရှုထောင့်မှနေ၍ ဗုဒ္ဓကိုလေ့လာဖော်ထုတ်ထားခြင်းဖြစ်ပါသည်။ လောကုတ္တရာအလွှာမှကြည့်၍ ဗုဒ္ဓသည်စီမံခန့်ခွဲသူတစ်ယောက်ဖြစ်ပါသလားဟု မေးမြန်းလာခဲ့လျှင် ငြင်းဆိုခွင့်ရှိသင့်သော အခွင့်အရေးရှိပါသည်။ သို့သော် လောကီအလွှာမှသုံးသပ်လျှင် ဗုဒ္ဓသည် ခေါင်းဆောင်တစ်ဦး၏ အသွင်အပြင်လက္ခဏာများ ရှိနေသည်ကိုလည်း မြင်တွေ့နိုင်ပေလိမ့်မည်။ ဤစာအုပ်သည် လောကီလူသားတို့ရထိုက်သည့် ဗုဒ္ဓ၏စီမံခန့်ခွဲမှုအရည်အသွေးကို ထုတ်ဖော်တင်ပြရန် ရည်ရွယ်ခြင်းဖြစ်သည်။
စာမျက်နှာ | 288 |
---|---|
ပုံနှိပ်မှတ်တမ်း | သားငယ်စာပေ၊ 2023 ဩဂုတ်လ (ပထမ-ကြိမ်) |
စာအုပ်အရွယ်အစား | 5.5 x 0.7 x 8.2 inches |
29 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ