ဗုဒ္ဓအမွေအနှစ်၏ အရသာ
6000 (ကျပ်)
ထေရဝါဒ ဗုဒ္ဓဘာသာထွန်းကားသော သီဟိုဠ်(ယခု သီရိလင်္ကာနိုင်ငံ) ကျွန်းနိုင်ငံမှ ဆရာတော်ဘုရားကြီးများ ဟောကြားတော်မူခဲ့သည့် ဗုဒ္ဓ၏အမွေအနှစ် ဓမ္မရသဇာတ်၀တ္ထုတော်များဖြစ်သည်။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံတော်မူပြီးနောက်ပိုင်း ရဟန္တာပုဂ္ဂိုလ်ကြီးများ ဟောသွားတော်မူခဲ့သည့် တရားဟောစဉ်များအနက်မှ ဇာတ်၀တ္ထုတစ်ချို့ကို သီဟိုဠ်ဘာသာမှ ပါဠိဘာသာသို့ ပြန်ဆိုခဲ့ကြသည်။ နောက်ပိုင်းတွင် ထိုသိုပါဠိဘာသာမှ မြန်မာဘာသာသို့ အနက်တစ်ကျော့ ပါဠိတစ်ကျော့ပြန်ဆိုခဲ့ကြသည်။ ယခုစာအုပ်တွင်မူ မြန်မာဘာသာသက်သက်ဖြင့် ပါဠိမစွက်ဘဲ ရေးဖွဲ့ခြယ်မှုန်းထားသည်။
ဤစာအုပ်တွင် ဆန်းဆန်းပြားပြား၀တ္ထုကြောင်းများ ပါရှိသကဲ့သို့ အကြောင်းအရာမဆန်းသော်လည်း မှတ်တမ်းပြုလောက်ဖွယ် ဇာတ်ကြောင်းများလည်း ပါရှိသည်။ ၀တ္ထုတစ်ပုဒ်တိုင်းသည် လူတို့၏စိတ်နှလုံးကို ရွှင်ပြုံးအောင် ဆွဲဆောင်နိုင်စေမည်ဖြစ်သည်။ အများစုမှာ လှူဒါန်းခြင်း၏အကျိုး၊ သဒ္ဒါတရား၏အကျိုးများကို စိတ်ဝင်စားဖွယ်ဖြစ်ရပ်များဖြင့် ရေးဖွဲ့ဖော်ပြထားသည်။
ဤစာအုပ်တွင် သီဟိုဠ်ဖြစ်ရပ် ၀တ္ထု ၆၀ ရှိသည့်အနက်မှ ၂၄ ပုဒ်ကို ထုတ်နုတ်ပြန်ဆိုဖော်ပြထားသည်။
စာမျက်နှာ | 270 |
---|---|
စာအုပ်အရွယ်အစား | 5.6 x 0.5 x 8.7 inches |
ပုံနှိပ်မှတ်တမ်း | Myanmar heritage၊ 2023 မတ်လ (ပထမအကြိမ်) |
3 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ