နောက်ခံအခြေအနေများနှင့်ဓမ္မစကြာဒေသနာတော်

( 0 မှတ်ချက်)

6000 (ကျပ်)

ဓမ္မစကြာသည် မြတ်ဗုဒ္ဓ၏ ပွဲဦးထွက် ဒေသနာတော်ဖြစ်သည်နှင့်အညီ ဤဒေသနာတော်လာ ကျင့်စဉ်များနှင့်ပတ်သက်၍ လေ့လာသူ၊ ဟောပြောသူ၊ စာအုပ်အဖြစ်ရေးသားထုတ်ဝေသူတို့ အလွန် များပြားလှသော ဒေသနာတော်ဖြစ်ပေသည်။ သို့ရာတွင် ထိုကျင့်စဉ်များ၏ နောက်ခံ အယူဝါဒများကိုအထိ လေ့လာဟောပြော ထုတ်ဝေထားသော စာအုပ်စာတမ်းများမှာမူ အလွန်ပင် ရှားပါးလှသေးသည်ဟု ဆိုနိုင်သည်။ယခု ဓမ္မရိပ်သွင် ဓမ္မရိပ်သာဆရာတော် Prof. Dr. အရှင်ဝိသာရဒ (ရမ္မာဝတီ)၏ “နောက်ခံအခြေအနေများနှင့် ဓမ္မစကြာဒေသနာတော်” စာအုပ်သည် ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးထားသည့် စာအုပ်ကောင်းတစ်အုပ်ပင် ဖြစ်ပေသည်။ဤစာအုပ်တွင် ကာမဂုဏ်ခံစားသောကျင့်စဉ်၏ မြစ်ဖျားခံရာ နောက်ခံအယူဝါဒများ၊ မိမိကိုယ်ကို ညှင်းဆဲသောကျင့်စဉ်၏ မြစ်ဖျားခံရာ နောက်ခံအယူဝါဒများအပါအဝင်၊ ၎င်းဝါဒ ၎င်းကျင့်စဉ်များ၏ လူ့အသိုင်းအဝိုင်းအပေါ် သက်ရောက်မှုများ၊ မြတ်ဗုဒ္ဓ၏ အကဲဖြတ်တော်မူချက်များကို ထူးခြားဆန်းသစ်စွာ တင်ပြထားသည်ကို အားပါးတရ လေ့လာဖတ်ရှုနိုင်ကြမည် ဖြစ်ပေသည်။ ထို့အပြင် မဇ္ဈိမပဋိပဒါကျင့်စဉ်တရား၏ မြစ်ဖျားခံရာ နောက်ခံအယူဝါဒ၊ မဂ္ဂင်တစ်ခုချင်းစီ၏ ဖွင့်ဆိုချက်များ၊ သစ္စာလေးပါးကို ဉာဏ်သုံးပါးဖြင့်သိမြင်ပုံ ဥပမာ-ဥပမေယျများ စသည့် သိမှတ်ဖွယ်ရာများကိုလည်း ရှင်းရှင်းလင်းလင်း အားပါးတရ လေ့လာဖတ်ရှုနိုင်ကြမည် ဖြစ်ပေသည်။

စာအုပ်အရွယ်အစား

5.5 × 0.5 × 7.5 inches

ပုံနှိပ်မှတ်တမ်း

pica စာပေ၊ 2023 မတ်လ (ပထမအကြိမ်)

2 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“နောက်ခံအခြေအနေများနှင့်ဓမ္မစကြာဒေသနာတော်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ဒေါက်တာအရှင်ဝိသာရဒ (ရမ္မာ၀တီ) စာအုပ်များ