အရှက်တကွဲ အကျိုးနည်း

( 0 မှတ်ချက်)

6000 (ကျပ်)

ဗြိတိသျှတို့က မြန်မာနိုင်ငံကို သိမ်းယူ ကျွန်ပြုသွားခဲ့သည့် သမိုင်းဖြစ်စဉ် အသေးစိတ်ကို ဖော်ပြထားသည်။
တစ်ချိန်က  မြန်မာနိုင်ငံသည့် အရှေ့တောင်အာရှတွင် အင်အားကြီးအင်ပါယာတစ်ခုအဖြစ် မော်ကြွားခဲ့သော်လည်း ၁၉ရာစု အရောက်တွင် နယ်ချဲ့ဝါဒီ ဗြိတိသျှတို့နှင့် မယှဉ်သာတော့သည့်  အခြေအနေတွင် ရန်ကုန်ရှိ ဥရောပကုန်သည်အသိုင်းအဝိုင်း၏ မဆုံးနိုင်သော လောဘ၏စေ့ဆော်တွန်းအားပေးမှုဖြင့် ဗြိတိသျှတပ်များသည် အလယ်ခေတ်အဆင့်သာရှိသေးသည်။ ခေတ်နောက်ကျလှသည့် မြန်မာ့ဘုရင်တပ်ကို စစ်ပွဲသုံးကြိမ်ဖန်တီးဆင်နွှဲပြီး နိုင်ငံကို သိမ်းပိုက်ခဲ့သည်။

၁၈၂၄-၂၆ နှင့် ၁၈၅၂ ခုနှစ် စစ်ပွဲများဖြင့် သိမ်းပိုက်ရရှိခဲ့သော မြန်မာ့မြေ၏ သယံဇာတကြွယ်၀မှုကို မြည်းစမ်းခဲ့သော ဗြိတိသျှတို့သည် ၁၈၈၅ အရောက်တွင်မှု  တစ်နိုင်ငံလုံးကို ဝါးမြိုသွားခဲ့သည်။ ဤစာအုပ်တွင် ယခင်က ဖော်ပြခဲ့ခြင်းမရှိသော မြန်မာပညာရှင့်များ၏ အမြင်များ၊ သုတေသနပြုချက်များအား ဆွဲထုတ်ဖော်ပြထားသလို ဗြိတိသျှတော်ဝင်မော်ကွန်းတိုက်မှ မှတ်တမ်းများကို သုတေသနပြုကိုးကားဖော်ပြထားသည်။ မြန်မာ့မှတ်တမ်းများမှ နန်းတွင်းနှင့် သက်ဆိုင်သည့် စိတ်ဝင်စားဖွယ် ပန်းချီများ၊ပုံများကိုလည်း တင်ပြထားသည်။

စာရေးဆရာက ထိုစစ်ပွဲများအတွင်း နှစ်ဖက်စလုံးမှ ပါဝင်သူ အဓိကဇာတ်ဆောင်များ၏ အတွင်းသရုပ်ကို ဖော်ထုတ်ထားသည့်အပြင် မြန်မာပြည် ဗြိတိသျှတို့လက်အောက်ကျရောက်ခဲ့ရသည့် အကြောင်းအရင်းတစ်ခုဖြစ်သည့် ထိုအချိန်က ဗြိတိသျှနှင့် ပြင်သစ်တို့၏ ကိုလိုနီဝါဒ အားပြိုင်မှုကိုလည်း ဖော်ထုတ်ပေးထားသည်။

စာမျက်နှာ

286

စာအုပ်အရွယ်အစား

5.9 x 0.3 x 8.6 inches

ပုံနှိပ်မှတ်တမ်း

Myanmar heritage၊ 2021

18 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အရှက်တကွဲ အကျိုးနည်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

သက်ဆွေ စာအုပ်များ