Break The Rules
5000 (ကျပ်)
တူညီတဲ့ ရေနွေးအပူချိန်တစ်ခုမှာ ကြက်ဥကပုံမှန်ပျော့ရာကနေ မာသွားပေမဲ့ အာလူးကတော့ ပုံမှန်မာရာကနေ ပျော့သွားတယ်။ တူညီတဲ့လောကဓံတွေ၊ အခက်ခဲတွေ ကြုံတွေ့ရတာချင်းတူနေကြတာချင်းအတူတူ ကြက်ဥလို ရင့်ကျက်မာကျော သွားတတ်ကျသလို၊ အာလူးလိုလည်း ပျော့ညံ့သွားကြရတာတွေအများကြီးပါပဲ။ ဘာပဲဖြစ်ဖြစ် ကိုယ်ကခံနိုင်ရည်စွမ်းအား ၊ စိတ်စွမ်းအားတွေ ကြိုတင်တည်ဆောက်ထားရင်တော့ အေးဆေးတည်ငြိမ်စွာနဲ့ ဘဝကို ကျော်လွန်ဖြတ်သန်းသွားနိုင်ပါတယ်။ လူ့လောကဆိုတာ သုခနဲ့ဒုက္ခတို့ဟာ ဒွန်တွဲပြီးရှိနေတာပါ။ ဒုက္ခကို မလိုချင်ကြပေမဲ့ ကြုံတွေ့ရတာချည်းပါပဲ ။ အောင်မြင်တဲ့သူတွေကတော့ ဒုက္ခကို ကိုယ့်ဘဝတက်လမ်းအတွက် လှေကားအဖြစ်အသုံးပြုကြတယ်။ မအောင်မြင်တဲ့သူတွေကတော့ဒုက္ခကို ကိုယ့်ဘဝတက်လမ်းအတွက် ဆူးခလုတ် ၊ ဝန်ထုပ်ဝန်ပိုးအဖြစ် အသုံးပြုကြတယ်။ ဒီစာအုပ်ကတော့ အခက်အခဲနွံတွေထဲက ပြန်ထနိုင်ဖို့ ၊ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကိုရောက်ဖို့ ၊ မည်သို့မည်ပုံရှေ့ဆက်လျှောက်လှမ်းရမလဲ စတဲ့ စာစုတွေကို ရေးသားပြုစုထားတဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
ဒီစာအုပ်က စိတ်ခွန်အားဖြည့်စာစုများနှင့် တကယ့်လက်တွေ့မှာပါ လိုက်နာသင့်တဲ့လမ်းစဉ်တွေကို ဖော်ပြထားတဲ့ စာအုပ်ကောင်းတစ်အုပ်ပဲဖြစ်ပါတယ်။
| စာမျက်နှာ | 126 |
|---|---|
| စာအုပ်အရွယ်အစား | 5.8×0.2×8.2 inches |
| ပုံနှိပ်မှတ်တမ်း | Book Case By Saw၊ 2024 မတ်လ (ပထမအကြိမ်) |
18 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ