ရဲရင့်နှင်းဆီ
3500 (ကျပ်)
သူရဲကောင်း စစ်စစ်တွေဟာ သူတို့ရဲ့ ကိုယ်ကျင့်တရားနဲ့
သူတို့ရဲ့ သမိုင်းကို တည်ဆောက်ကြတယ် အနစ်နာခံမှုနဲ့
သူတို့ရဲ့ သမိုင်းကို အုတ်မြစ်ချကြတယ် ရိုးသားမှုနဲ့
သူတို့ရဲ့ သမိုင်းကို ဖွဲ့စည်းကြတယ် ဖြောင့်မှန်မှုနဲ့
သူတို့ရဲ့ သမိုင်းကို ပြုစုကြတယ် စွန့်လွှတ်မှုနဲ့
သူတို့ရဲ့ သမိုင်းကို မော်ကွန်းထိုးကြတယ်…။
မြန်မာ့သမိုင်းတွင် မေ့မရသော နေ့စွဲများစွာ ရှိပါသည် တချို့နေ့စွဲများသည် ကြည်နူးမှုဖြင့် မွေးဖွားလာ၏ တချို့နေ့စွဲများသည် မျက်ရည်ဖြင့် ဖွဲ့နှောင်၏ တချို့နေ့စွဲများသည် လွမ်းဆွတ်ဖွယ်ရာများဖြင့် ပြည့်နှက်နေ၏ တချို့နေ့စွဲများသည် နာကြည်းစက်ဆုပ်ဖွယ်ရာများဖြင့် ဖွဲ့သီထားပါသည်။
ယခုစာအုပ်သည် ထိုနေ့စွဲများဖြင့် ဆက်နွယ်နေသော လူပုဂ္ဂိုလ်များ၊ ဖြစ်ရပ်များ၊ သမိုင်းကိုရေးသားဖော်ပြထားသည့် စာအုပ်ကောင်းဖြစ်ပါတယ်။
စာမျက်နှာ | 178 |
---|---|
စာအုပ်အရွယ်အစား | 4.9 x 0.3 x 8.0 inches |
ပုံနှိပ်မှတ်တမ်း | လင်းလွန်းခင်စာပေ၊ 2022 ဧပြီလ(ပ-ကြိမ်) |
3 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ