သိဒ္ဓတ္ထဦးနှောက်

( 0 မှတ်ချက်)

14000 (ကျပ်)

သမိုင်းတွင်သော ဗုဒ္ဓ၏စူးစမ်းရှာဖွေမှုများနှင့်
သင်ကြားမှုများဖြင့် ခြယ်မှုန်းထားသည့်
ဤစာအုပ်တွင် တရားထိုင်ခြင်းနှင့်ဗုဒ္ဓ၏
ကျင့်စဉ်များက ခေတ်သစ်ဦးနှောက်နှင့်
အာရုံကြောဆိုင်ရာသိပ္ပံပညာ(Neuroscience)၏ တွေ့ရှိမှုများကို မည်သို့ကြိုတင်မြင်တွေ့ထားခဲ့သည်ကို
ဖော်ပြထားပါသည်။

ဦးနှောက်၏ ဆင့်ကဲပြောင်းလဲခဲ့သော သမိုင်းမှစ၍
နည်းပညာဖြင့်မောင်းနှင်နေသော ကျွန်ုပ်တို့၏ကမ္ဘာကြီးနှင့်ဆက်စပ်နေသည့် ပရမ်းပတာဖောက်ပြန်မှုများနှင့်
စိတ်ရောဂါများအထိလေ့လာဆန်းစစ်ပြီး
ရှေးဟောင်းသတိပဋ္ဌာန်ကျင့်စဉ်များက
သမိုင်းတစ်လျှောက် အဘယ့်ကြောင့်လူသားများအတွက် အကျိုးရှိ၍ ထိုမျှအရေးပါခဲ့သည်ကို
ဤစာအုပ်တွင် ရှင်းပြထားပါသည်။

ဒစ်ဂျစ်တယ်ခေတ်တွင်အာရုံထွေပြားမှု၊
စိုးရိမ်ကြောင့်ကြမှု၊ စွဲလမ်းမှု၊ လေးနက်သည့်အဓိပ္ပာယ်ပျောက်ဆုံးမှုစသည့် ဘဝ၏စိတ်ပိုင်းဆိုင်ရာပြဿနာများအတွက် ကျွန်ုပ်တို့ရှာဖွေကြသည့်ဖြေရှင်းချက်များကို ရှေးဟောင်းအိန္ဒိယနိုင်ငံမှ ဗုဒ္ဓကဖြေရှင်းခဲ့ပြီးသားဖြစ်နေပြီဆိုလျှင် မည်သို့ရှိမည်နည်း။ ယခုအခါသိပ္ပံပညာရှင်များက အံ့ဖွယ်ကောင်းသော သိဒ္ဓတ္ထဦးနှောက်၏
လျှို့ဝှက်ချက်များကို မည်သို့ဖော်ထုတ်နေသည်ကို
ဤစာအုပ်တွင် ဖွင့်ချပြထားပါသည်။

ဤစာအုပ်တွင်သိပ္ပံပညာနှင့်ပိဋကကျမ်းဂန်များကိုအဆင်ပြေအောင်ညှိနှိုင်းပေးခြင်းဖြင့် သိဒ္ဓတ္ထ၏ စိတ်ပိုင်းဆိုင်ရာ
စူးစမ်းရှာဖွေမှုကိုဖော်ထုတ်၍ ထိပ်တန်းဦးနှောက်နှင့်အာရုံကြောဆိုင်ရာသိပ္ပံပညာရှင်များနှင့် စိတ်ရောဂါကုပညာရှင်များ ပြုလုပ်ခဲ့သောသုတေသနလုပ်ငန်းအသစ်က ကျွန်ုပ်တို့ကို ပို၍ထက်မြက်၊ပါးနပ်၊ ကျန်းမာပျော်ရွှင်အောင် သတိပဋ္ဌာန်ကျင့်စဉ်က ကျွန်ုပ်တို့၏ဦးနှောက်ကို
ပြန်လည်စီစဉ်ပုံစံပြောင်းပေးကြောင်းနှင့်
စိတ်ဖိစီးမှု၊စိုးရိမ်ကြောင့်ကြမှုစိတ်ကျရောဂါ၊ နာတာရှည်ရောဂါ၊ သွေးတိုးရောဂါနှင့်
မူးယစ်ဆေးသုံးစွဲမှုများကိုကုစားရာတွင်
အထောက်အကူပေးနိုင်ကြောင်းများကို
မည်သို့အကြံပြုထားသည်ကိုရှင်းပြထားပါသည်။
ထိုသိပ္ပံပညာရှင်များနှင့် စိတ်ရောဂါကုဆရာဝန်များစွာနှင့် တွေ့ဆုံမြေးမြန်းမှုများကိုလည်း
ထည့်သွင်း ဖော်ပြထားပါသည်။

စာမျက်နှာ

400

စာအုပ်အရွယ်အစား

5.3 ×0.9 ×8.3 inches

ပုံနှိပ်မှတ်တမ်း

သားငယ်စာပေ၊ 2023 ဩဂုတ်လ (ပထမ-အကြိမ်)

14 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“သိဒ္ဓတ္ထဦးနှောက်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ဇော်ဝင်းကြူ(ပျဉ်းမနား) စာအုပ်များ