Book Life

Unknow Author
( 3 မှတ်ချက်)

10000 (ကျပ်)

💝 နှစ်သစ် 2024 ခုနှစ်မှာ 💝
စာတွေ ပိုဖတ်မယ်
ဖတ်ပြီးတဲ့စာအုပ်လေးတွေအကြောင်း
Notes တွေ မှတ်တမ်းတွေရေးမယ်
စာအုပ်တွေနဲ့ ပိုပျော်မွေ့မယ်ဆိုတဲ့
စာချစ်သူတို့ အတွက်…

📖 ဒီ Book Life ဆိုတဲ့ စာအုပ်လေးက ..
စာဖတ်ဝါသနာပါသူတိုင်းအတွက် ရှိသင့်တဲ့
စာအုပ်လေးတစ်အုပ်ဆိုလည်း မမှားပါဘူး။
သင့် တစ်သက်တာမှာ တန်ဖိုးထားခဲ့ရတဲ့
စာအုပ်တွေအကြောင်းကို မှတ်မှတ်ရရ
ရေးသားသိမ်းဆည်းထားလို့ရတဲ့ စာအုပ်လေးပါ…

📝 စာအုပ်လေးထဲမှာ …
• ကိုယ်ဖတ်ချင်တဲ့ စာအုပ်လေးတွေ
• ဖတ်ဖူးခဲ့တဲ့ စာအုပ်လေးတွေ
• တန်ဖိုးထားရတဲ့ စကားစုလေးတွေ
• အကြိုက်ဆုံးစာအုပ်တွေနဲ့ စာရေးဆရာတွေ
• ကိုယ့်ဘဝကို ပြောင်းလဲစေနိုင်ခဲ့တဲ့စာအုပ်တွေနဲ့
• ကိုယ်လည်ပတ်ဖူးတဲ့ စာအုပ်ဆိုင်လေးတွေ
• ဝယ်လို့ကောင်းတဲ့ စာအုပ် websites တွေကို
မှတ်ထားလို့ရတဲ့ နေရာ လေး တွေပါရှိတဲ့အပြင်

🗓 ၂၀၂၄ မှာ လုပ်စရာရှိတာ လေး တွေ မှတ်ထားလို့ရတဲ့ Planner လေးလည်း ပါဝင်တာကြောင့် …. စာချစ်သူတို့အတွက် အလွန်အသုံးတည့်မယ့် စာအုပ်လေး ဖြစ်ပါတယ် …

စာမျက်နှာ

192 (Hard Cover)

အရွယ်အစား

5.4 x 0.10 x 8.3 inches

ပုံနှိပ်မှတ်တမ်း

၂၀၂၃ ဒီဇင်ဘာလ (ပထမကြိမ်)

24 in stock

Book Life အား ဝေဖန်သုံးသပ်မှု 3 ရှိပါသည်။

  1. Aeri Myat (verified owner)

    BOOK LIFE: A Book Lover’s Journal
    စာအုပ်ဖတ်ရတာ သဘောကျနှစ်သက်သူများအတွက် ရှိထားသင့်တဲ့ စာအုပ်လေး တစ်အုပ်အကြောင်း📔📝
    ကျွန်မဆိုရင် စာအုပ်တွေ ဖတ်ပြီးရင် မှတ်မှတ်ရရ ဖြစ်ချင်တဲ့အခါတိုင်း စာအုပ်အညွှန်းတွေ ရေးပါတယ်။
    Onlineပေါ်မှာ၊ ဖုန်းထဲက Noteထဲမှာ ရေးတာထက်စာရင် အခုစာအုပ်လေးကျတော့ ပိုပြီး မှတ်သားရတာလည်း အဆင်ပြေစေတယ်။
    ဒီစာအုပ်လေးထဲ နောက်ထပ် သဘောကျမိတဲ့ တစ်ချက်က 2024 Planner ပုံစံလေးပါ ထည့်ပေးထားတာပါပဲ။လအလိုက် To Do Listလေးတွေ ရေးဖို့ပါ ပါသေးတာမို့ အဆင်ပြေနေရောရှင်🥰
    နောက်ပြီး Physical Book အတွက်တင်မဟုတ်သေးဘူးနော် စာဖတ်လို့ရတဲ့ websites linkလေးတွေပါ မှတ်လို့ရအောင် ထည့်ပေးထားသေးတာရယ်။
    သဘောကျတဲ့စာအုပ်ဆိုင်လေးတွေ အကြောင်းလည်း မှတ်လို့ရသေးတော့ လုံးဝ
    အသေးစိတ် perfectပါပဲ🤗💯
    စာအုပ်လေး စီစဥ်ထုတ်ဝေပေးတဲ့ ပန်းဆက်လမ်းမှ အစ်မဖြိုး(ပီကိုလ်း)ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်💜

  2. Onseng Mi (verified owner)

    “Book Life”
    ဒီစာအုပ်ကလေးကို ပန်းဆက်လမ်း page မှာ စပြီးတင်ထားတာ တွေ့ကတည်းက ဘယ်လိုစာအုပ်များလဲဆိုပြီး စိတ်ဝင်တစားရှိနေခဲ့တယ်။
    သိပ်မကြာပါဘူး ပန်းဆက်လမ်း ထုတ်ဝေသူ
    အစ်မဖြိုးစုဝေ(ပီကိုလ်း)ဆီက By name နဲ့ လက်ဆောင်ရောက်လာတော့ ဝမ်းသာသွားတာ‌
    ပေါ့။ သတိတရနဲ့ ပို့ပေးတဲ့ လက်ဆောင်လေး အတွက်လည်း ကျေးဇူးတင်ပါတယ် အစ်မရေ။
    စာအုပ်ကလေး အကြောင်းကိုပြောရမယ်ဆိုရင် –
    ကျွန်မတို့ စာဖတ်သမားတွေမှာ စာအုပ်တွေလက်ထဲမှာ မဖတ်ရသေးတာတွေ ဘယ်လောက်ပဲများနေပါစေ ဖတ်ချင်တဲ့ ဝယ်ဖို့လုပ်ထားတဲ့ စာအုပ်ကလေးတွေမှ အများကြီးရှိတတ်ကြပါတယ်။
    အဲ့ဒီစာအုပ်ကလေးတွေကို ခေါင်းထဲမှာ
    ရှိနေပေမယ့်လို့လည်း တခါတ‌လေ ရုတ်တရက်ဆိုရင် မေ့သွားတတ်ကြပါတယ်။
    ဘာဖြစ်လို့လဲဆိုတော့ အရမ်းများနေလို့ပါ။😆
    ဒါကြောင့် ဒီစာအုပ်ကလေးထဲမှာဆိုရင်
    ကိုယ်ဝယ်ဖို့တွေးထားတဲ့ စာအုပ်ကလေးတွေကို list နဲ့ ချရေးထားလို့ရပါတယ်။
    ကိုယ်တောင် တစ်ထိုင်ထဲချရေးလိုက်တာ
    17 အုပ်တောင်‌ကျော်သွားတယ်။ 🤭
    နောက်ပြီး ကျွန်မတို့ စာအုပ်တွေ တစ်အုပ်ပြီး
    တစ်အုပ်ဖတ်ပြီးသွားပေမယ့် list မလုပ်မိတာတွေ
    ရှိတယ်။ နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလတွေမှာ ပြန်ပြီးစဉ်းစားတော့ မမှတ်မိကြတော့ဘူးမဟုတ်လား။
    အဲ့ဒီအတွက်လည်း စာအုပ်တစ်အုပ်ဖတ်ပြီးတိုင်းမှာ list လုပ်ထားလို့ရမယ့် စာအုပ်လေးတစ်အုပ် ဖြစ်ပါတယ်။ ဒီလို list လုပ်ထားခြင်းအားဖြင့် နှစ်ကုန်တိုင်းမှာ ကိုယ်ဖတ်ခဲ့တဲ့ စာအုပ်ကလေးတွေကို ကြည့်ပြီး ကြည်နူးပီတိဖြစ်ရပါတယ်။ 🥰
    2024 Planner လည်းပါသလို စာအုပ်ကလေးက size ကြီး မဟုတ်တဲ့အတွက် သွားလေရာ အိပ်ဆောင်အဖြစ် ယူသွားလို့လည်း အရမ်းအဆင်ပြေပါတယ်။
    စာဖတ်သမား စာပေကိုချစ်မြတ်နိုးတဲ့လူတိုင်း ဆောင်ထားသင့်တဲ့ စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်။📖

  3. Motivated Yourself (Thae JM) (verified owner)

    💜 Book Life a Book Lover’s Journal 💜
    💜စာအုပ်လေးတွေချစ်မြတ်နိုးသူတစ်ယောက်အတွက်တော့ ကိုယ်တန်ဖိုးထားရတဲ့ စာအုပ်လေးတွေအကြောင်း အမြဲအမှတ်ရနေစေမယ့် Book lover’s journal လေးပေါ့ …….
    💜ကိုယ့်ဘဝရဲ့ Life goals တွေချမှတ်တဲ့အခါ Journaling လုပ်ခြင်းက တစ်စိတ်တစ်ပိုင်းပါဝင်လာပါတယ် နောက်ပိုင်းတော်တော်များများလည်း လုပ်လာကြတယ် ……
    💜A Good book can change your life ဆိုတဲ့အတိုင်း စာအုပ်ကောင်းလေးတစ်အုပ်က သင့်ဘဝကိုပြောင်းလဲစေနိုင်ပါတယ် …..
    💜ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲစေတဲ့ စာကောင်းပေကောင်းလေးတွေကို ဖတ်ခွင့်ရ သိမ်းဆည်းခွင့်ရပီး အမြဲအမှတ်ရနေအောင် Journaling လေးတွေကို လုပ်ချင်ခဲ့တာ ဟိုးးးအရင်ကတည်းကပေါ….. ခုတော့ ဒီရဲ့ Book Life စာအုပ်လေးကြောင့် ကိုယ်မြတ်နိုးတဲ့ စာအုပ်လေးတွေအကြောင်း Journal သေချာလေး လုပ်ဖြစ်သွားပီ …..
    💜စာဖတ်ခြင်းကို ချစ်မြတ်နိုးသူတိုင်း ကိုယ့်ရဲ့ Memories လေးတွေ သိမ်းဆည်းကြမယ်နော်

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *