သွေးအိုင်ထဲမှာ
13000 (ကျပ်)
🛑 🔞 မှတ်ချက် ။ ။ *(၁၈) နှစ်အောက် ကလေးငယ်များ ဖတ်ရှုရန်မသင့်တော်ပါ။
အပြင်ဆရာမအဖြစ် စာသင်ရတဲ့ ဆရာမတစ်ယောက်နဲ့ မြကတ္တီပါ ဆိုတဲ့ကလေးမလေး။
မြကလေးလို့ခေါ်တဲ့ အဲ့ဒီကလေးမလေးရဲ့အမေဖြစ်သူ မငြိမ်းမေ ဟာ ဓာ-း နဲ့ (၂၈) ချက် အထို-း ခံရပြီး 6သဆုံးသွားတာကနေ ဇာတ်လမ်းစတင်ပါတယ်။
မြကလေးမှာ လင်းထက် ဆိုတဲ့ မောင်လေးတစ်ယောက် လည်း ထပ်ရှိပါသေးတယ်။
နောက်ပြီး…ချွန်း၊ ဆရာမ၊ ဆရာမရဲ့မေမေ၊ ဆရာမရဲ့ချစ်သူ၊ ဦးဧကြည်၊ ဦးအေးလွင်၊ မြကလေးတို့အဖေ၊ မြကလေးရဲ့အမေ၊ အဘိုး၊ အဘွား၊ ဇာတ်ကောင်တချို့နဲ့ ဖတ်ရတာ ခံစားချက်တစ်ခုခုကို ရစေမှာဖြစ်ပါတယ်။
” အမှုကိုလိုက်ရမှာထက် ပိုပြီး အရေးကြီးတဲ့အရာတွေကို သိလိုက်ရတယ် ” ဆိုတဲ့ အစ်မတစ်ယောက်ရဲ့စကားနဲ့အတူ ဇာတ်လမ်းကိုဖတ်ရှုတဲ့အခါ လူ6သမှု ရဲ့နောက်ကွယ်က တခြားသောအရာတွေကို ခံစားမိမယ်လို့မျှော်လင့်ပါတယ်။
❤နောက်ဆုံးတော့ လူသတ်တရားခံကို ရှာတွေ့ခဲ့ပြီ။ ကိုးရက်သာ ကြာခဲ့လေ၏။❤
ဇာတ်သိမ်းကို ကြိုလှန်ကြည့်ရင်တော့ ဘယ်သူက 6သအောင်လုပ်တဲ့သူလဲဆိုတာကို ကြိုသိမှာပါ။ ဒါပေမဲ့ စာဖတ်ရင်းသိလာသည်ဖြစ်စေ၊ လှန်ကြည့်လို့ သိသည်ဖြစ်စေ၊ အဲ့ဒါကအရေးမကြီးပါဘူး။ အဓိကက လူ 6သတာ၊ လူ သ-တ် တာတွေ မဟုတ်ပါဘူး။
ဖတ်ပြီးတဲ့အခါ အတွေးတွေအများကြီး ကျန်ခဲ့မှာပဲဖြစ်ပါတယ်။
| စာမျက်နှာ | 232 (WoodFree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.4 x 0.4 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | သုတေးစစ်စာပေ၊ 2025 ၊ ဇွန်လ (ပထမအကြိမ်) |
5 in stock





Aeri Myat –
ဒီစာအုပ် ဖတ်ပြီးသွားတဲ့အချိန်
လူတွေရဲ့ ဒေါသစိတ်က သိပ်ကိုကြောက်စရာကောင်းတာပဲ ဆိုတဲ့အတွေး ပထမဆုံးတွေးမိတယ်။
မထင်မှတ်ထားတဲ့ တရားခံအစစ် ပေါ်လာတဲ့ အချိန်၊ အခင်းနေရာကို နောက်တစ်ခါ ပြန်လာတဲ့အချိန် ပြောသွားတဲ့၊ပြုမူသွားတဲ့ နာကျည်းမှုအပြည့်နဲ့ လုပ်ရပ်က
ကြက်သီးထဖွယ်ပါပဲ။
“မကောင်းဆိုးဝါးတွေ၊ သရဲတစ္ဆေတွေဆိုတာ တကယ်ရှိကြတယ်။သူတို့က ငါတို့လူသားတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ရှင်သန် နေထိုင်နေကြတာ။ပြီးတော့… တစ်ခါတလေကျရင် သူတို့က အနိုင်ရသွားတတ်ကြတယ်။” [Stephen King]
ဇာတ်လမ်းအစကနေ အဆုံးထိကို
သိချင်မှုတွေအပြည့်နဲ့ ဖတ်ခဲ့ရတယ်။
ကလေးတွေအပေါ် ထားတဲ့ ဆရာမလေးရဲ့ စေတနာတွေ၊တွေးတဲ့ အတွေးတွေကလည်း သဘောကျစရာ၊အတုယူစရာကောင်းတယ်။
သွေးအိုင်ထဲမှာ… ဆိုတဲ့ စာအုပ်ခေါင်းစဥ်လေးရဲ့ နောက်မှာ လူအမျိုးမျိုး အကြောင်းကို ထိတွေ့ဖတ်ရှုခွင့်ရတယ်။
သင်ခန်းစာတွေ ရတယ်။နာကျင်ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်တွေ ပါသလို ထင်မထားတဲ့အကြောင်းအရာတွေလည်း ပါပြန်တယ်။ဒီလို စာအုပ်အမျိုးအစားမျိုးက သိပ်မဖတ်ဖူးတဲ့ထဲမှာပါတယ်။မမသု ပင်ကိုယ်ရေးလက်ရာက သေသပ်ပီပြင်တာမို့ ဖတ်ရတာ အားရစရာကောင်းတယ်။သိချင်စိတ်ကြောင့်တစ်ထိုင်တည်း ဖတ်ဖြစ်သွားတာပဲ။
အရမ်းမိုက်တဲ့ စာအုပ်လေး ဖတ်ခွင့်ရလို့လည်း ကျေနပ်မိပါတယ်။ကျေးဇူးတင်ပါတယ် မမသုရေ စာအုပ်ကောင်းတွေ ဆက်လက်ရေးသားနိုင်ပါစေ🥰🩷