မဟူရာသေမင်း
2000 (ကျပ်)
မဟူရာသေမင်း သို့မဟုတ် ပလိပ်ရောဂါသည် လူ့သမိုင်း၌ အဖျက်စွမ်းအား အကြီးမားဆုံး ကူးစက်ရောဂါများအနက် တစ်မျိုးဖြစ်ကာ၊ ၁၃၄၇ မှ ၁၃၅၁ ခုနှစ်အတွင်း အာရှနှင့် ဥရောပရှိ လူသန်းပေါင်း ၇၅ သန်းမှ သန်း ၂၀၀ အထိ သေကြေပျက်စီးခဲ့ပြီး၊ ဥရောပတွင် ဆိုးဆိုးရွားရွား မွှေနှောက်ဖျက်ဆီးခဲ့သည်။ ပလိပ်ကပ်ရောဂါကြောင့် ဘာသာရေး၊ လူမှုရေးနှင့် စီးပွားရေးတို့ ပြိုလဲကာ ဥရောပသမိုင်းအပေါ် အကြီးအကျယ်သက်ရောက်မှုရှိခဲ့သည်။ မဟူရာသေမင်းသည် ဗဟိုအာရှ၏ ခြောက်သွေ့သော လွင်ပြင်များတွင် မြစ်ဖျားခံပြီး၊ ထိုမှတဆင့် ပိုးလမ်းမကြီးကိုဖြတ်ပြီး 1343 တွင် ခရိုင်မီးယားသို့ ရောက်ရှိလာသည်ဟု ယူဆကြသည်။ မဟူရာသေမင်းရောဂါကြောင့် ဥရောပတိုက်ရှိ လူဦးရေစုစုပေါင်း၏အနီးစပ်ဆုံး 30 ရာခိုင်နှုန်းမှ 60ရာခိုင်နှုန်းအထိ သေကြေကြရသည်။ ၎င်းပလိပ်ရောဂါကြောင့် 14ရာစုတွင် ကမ္ဘာ့လူဦးရေသည် အနီးစပ်ဆုံး သန်း 450 မှ သန်း350-375 အထိ လျော့ကျသွားခဲ့သည်။ ထိုလူအရေအတွက်သို့ ပြန်ရောက်ရှိရန် ကမ္ဘာသည် နှစ်200 အချိန်ယူခဲ့ရသည်။
စာမျက်နှာ | 112 (မြန်မာ-အင်္ဂလိပ် နှစ်ဘာသာတွဲ) |
---|---|
စာအုပ်အရွယ်အစား | 5.5× 0.3 × 7.5 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်း၊ ၂၀၂၀ ဩဂုတ်လ၊ (ပ-ကြိမ်) |
Pyae Ar Kar –
မဟူရာသေမင်းဆိုတာ ပလိပ်ရောဂါကို ဆိုလိုတာပါ ၊ တစ်ချိန်တုန်းက ပလိပ်ရောဂါဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ၊ ဒုတိယ ကမ္ဘာစစ်မှာ သေဆုံးတဲ့ လူတွေထက် သေဆုံးမှု ပိုမိုများပြားတဲ့ အလယ်ခေတ်က ကပ်ဆိုးကြီးတစ်ခုပါ
သို့သော် ပလိပ်ရောဂါဟာ ယနေ့အချိန်အထိ တည်ရှိနေပါသေးတယ် ၊ အလယ်ခေတ်ကလို ဆိုးဆိုးရွားရွားမဟုတ်တော့ဘဲ ရှားရှားပါးပါး ဖြစ်သွားပါပြီ
၁၉ ရာစု အကုန်က မြန်မာနိုင်ငံမှာ ပလိပ်ရောဂါ ကပ်ဆိုးကြီးဖြစ်ပွားခဲ့ပါသေးတယ် ၊ မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေရဲ့ ဆယ်ရာခိုင်နှုန်းလောက်ဟာ ပလိပ် ၊ ကျောက်နဲ့ ကာလ၀မ်းရောဂါတွေကြောင့် သေဆုံးခဲ့ရပါတယ်
ပလိပ်ရောဂါရဲ့ အကြောင်းကို ဖတ်ရတော့ ယခုလက်ရှိမှာဖြစ်ပွားနေတဲ့ ဝူဟန်ဗိုင်းရပ်စ်နဲ့ ဆက်စပ် စဉ်းစားမိပါတယ် ၊ ပလိပ်ရောဂါဟာ ဝူဟန်ဗိုင်းရပ်စ်လို ကူးစက်ရောဂါတစ်မျိုးဖြစ်ပီး ပလိပ်ရောဂါကတော့ ကြွက်တွေကနေ တဆင့် လူတွေထံ ကူးစက်ပြန့်ပွားလာတာကို တွေ့ရတယ်
သတင်းတစ်ပုဒ်မှာ ကိုရိုနာဗိုင်းရပ်စ်ဟာ လုံး၀ပျောက်ကင်းသွားတာမဟုတ်ဘဲ လူ့ပတ်၀န်းကျင်မှာ တည်ရှိနေတော့မယ့် ဗိုင်းရပ်စ်တစ်မျိုးဖြစ်တယ်လို့ ဖတ်လိုက်ရတယ် ၊ ကျွန်တ်ောကတော့ ဒီရောဂါဟာလည်း ပလိပ်ရောဂါလို ဖြေဆေးတွေ့ပြီး တဖြည်းဖြည်းပျောက်ကွယ်သွားမှာပဲလို့ ယုံကြည်နေတယ်
ဒီထဲမှာ ပလိပ်ရောဂါ ပြန့်နှံ့လာပုံတွေ ၊ ရောဂါ လက္ခဏာတွေ ၊ ပြန့်နှံ့ သေဆုံးမှုဆိုင်ရာ အချက်အလက်တွေ ၊ ကာကွယ်ကုသပုံတွေကိုမြင်တွေ့နိုင်ပါတယ် …
#မဟူရာသေမင်း
#ပန်းဆက်လမ်း
#၂၀၀၀ကျပ်