မွေးနေ့ လက်ဆောင်

( 0 မှတ်ချက်)

6000 (ကျပ်)

ပျော်ရွှင်မှုကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် တစ်ဦးနှင့် တစ်ဦး ကြား ကွဲပြားခြားနားချက်တွေ ရှိပါသည်။ အဓိပ္ပာယ် ဖွင့်ဆိုချက်က မည်သို့ပင် ကွဲလွဲသည်ဖြစ်စေ လူသားတို့သည် ပျော်ရွှင်မှုကို လိုအပ်ကြပါသည်။ ထို့ကြောင့် ပျော်ရွှင်မှု နောက်သို့ လိုက်ကြသည်။ ပျော်ရွှင်မှု ရနိုင်မည်ထင်သည့် အရာအားလုံးကို ပြုလုပ်ကြသည်။ သို့သော်လည်း လွယ်ကူရှင်းလင်းသည့် အဖြေမှာ လူအများစုသည် မပျော်ရွှင်ကြ ဟူ၍ ဖြစ်ပါသည်။

အကြောင်းတရားများစွာအနက် တစ်ခုမှာ ထိုသူတို့သည် ရုပ်ဝတ္ထုပစ္စည်းများ ပြည့်စုံရန် ကြိုးပမ်းကြပြီး စိတ်ပိုင်းဆိုင်ရာ အရည်အသွေးများကို မေ့လျော့နေကြသောကြောင့် ဖြစ်ပါသည်။ ဗုဒ္ဓဘာသာအပေါ်တွင် လူတချို့က ပျော်ရွှင်မှုကို ဦးစားမပေးသော၊ ဒုက္ခအကြောင်းကိုသာ အဖန်တလဲလဲ ဟောသော အဆိုးမြင်ဘာသာအဖြစ် အထင်မှားတတ်ကြပါသည်။ အမှန်တကယ်မှာမူ ပျော်ရွှင်မှုအကြောင်းကို အကျယ်တဝင့် ပြည့်စုံစွာ လေ့လာနိုင်သည်မှာ ဗုဒ္ဓဘာသာတစ်ခုတည်းသာ ဖြစ်ပါသည်။ ဒေသနာများထဲမှ သုခဟူသော ဝေါဟာရနှင့် ပီတိဟူသော ဝေါဟာရတို့မှာ ပျော်ရွှင်မှုကို ညွန်းဆိုသော စကားရပ်များ ဖြစ်ပါသည်။

•ကိုလံဘိုကောင်းကင်မှာ
•ပျော်ရွှင်မှု
•ရုပ်တည်ကြီးနှင့် တရားအကြောင်းပြောခြင်း
•ကြိမ်ဖန်များစွာ ပြေးလွှားအပ်ခဲ့ပေပြီ
•ချစ်ခြင်းကို ခွဲမလို့လား
•စောင့်လေမျိုးနွယ်
•အမြစ်
•ဆရာတို့ လက်ဝယ်
•တစ်ကိုယ်စာခရီး
•တောစကား
•နေကာမျက်မှန် ရုပ်ရှင်
•မွေးနေ့လက်ဆောင်
•မျက်နှာဖုံးများ
•မြတ်နိုးဦးရဲ့ ကမ္ဘာ
•ရက်စက်သော တိတ်ဆိတ်မှု
•မုဒိတာအလင်း
•လိမ္မော်သီးတစ်လုံး၏ အစိတ်အပိုင်းများ
•သတ္တိရှိတဲ့ ဝတ္ထု
•သပိတ်ပိုက်ထားသည့် ဝါကျများ
•အပြီးသတ် ရည်မှန်းချက်
•အာရုံစိမ်းများပေါ် ဖြတ်လျှောက်ခြင်း
•ဥသြငှက်လို လူသားများ
•ရှင်တော့်ပိုင်နက်သို့ ချဉ်းကပ်ခြင်း
•အရောင်များနှင့် ပုလဲကုထုံး
•စာမေးပွဲများဆီမှ မရခဲ့သော သင်ခန်းစာ
•ဆရာတပည့် အရသာ
•ကြောင်တောင်တောင် မုန်းတီးမှု
•ညိုတုတ်ကို သတိရခြင်း တို့ ပါဝင်ပါတယ်။

စာမျက်နှာ

209

စာအုပ်အရွယ်အစား

5.7 × 0.5 × 8.2 inches

ပုံနှိပ်မှတ်တမ်း

ဇလပ်နီစာပေ၊ 2023 ဇူလိုင်လ၊ ( ပထမအကြိမ်)

2 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မွေးနေ့ လက်ဆောင်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

သာအေးည စာအုပ်များ