ငှက်တွေရဲ့ အတ္ထုပ္ပတ္တိ
3500 (ကျပ်)
” ငါ့အတွက် ငါရှိတယ် ” စာအုပ် ထွက်ပြီးတဲ့နောက် (၈)လကျော် ကြာမှ ထွက်ရှိလာမယ့် စာရေးသူ ရဲ့ တတိယမြောက်စာအုပ်ဖြစ်ပါတယ်။ဆရာမကြီး မစန္ဒာက အမှာစာရေးသားထားပြီး ရသလုံးချင်း အမျိုးအစားဖြစ်ပါတယ်။
လူငယ်တွေရဲ့ အိပ်မက်တွေ ၊ အခြေခံလူတန်းစားတွေရဲ့ ဘဝရပ်တည်ရပုံတွေ ၊ ၂၀၀၀ ဝန်းကျင်ကာလက အောက်ခြေလူတန်းစားတွေရဲ့ ဘဝတွေ ၊ မျက်မှောက်ခေတ် ကာလ လူငယ်တစ်ယောက်ရဲ့ အိပ်မက်တွေနဲ့ ဘဝရပ်တည်ရပုံတွေ ၊ လူကုန်ကူးကျွန်ပြုခံရတဲ့သူတွေရဲ့ ဘဝအမှောင်ခြမ်းတွေ ၊ သက်ငယ်မုဒိမ်းတွေကို အချိုးကျကျ ရောစပ်ဖွဲ့သီထားတဲ့ စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။
လူကုန်းကူးခံရပြီး လွတ်မြောက်ခဲ့သူ လူငယ် တစ်ယောက်နဲ့ အခြေခံလူတန်းစားတွေရဲ့ ဘဝအစစ်အမှန်ကို အခြေခံပြီးရေးထားတာ ဖြစ်ပါတယ်။
ဆရာမကြီး မစန္ဒာကတော့ အမှာစာမှာ ” ကျွန်မသည် သူ၏စာကို ဖတ်ရင်း ကျွန်မတို့တိုင်းပြည်ရှိ လူငယ်ပေါင်းများစွာ ကို တွေးထင်မြင်ယောင်နေမိပါသည် ” ဟု ရေးသားထားပါတယ်။
စာရေးသူကတော့ စာအုပ်ထဲမှာ –
” ပျံသန်းခဲ့တဲ့ ငှက်တွေအတွက်
သေဆုံးခြင်းဆိုတာ
ရှုံးနိမ့်လိုက်ခြင်းမှမဟုတ်တာ
ပျံသန်းခဲ့ခြင်းကသာ
အဓိပ္ပါယ်ရှိတဲ့သမိုင်းမဟုတ်လား…… ” ဆိုပြီး
လူငယ်တွေရဲ့ အိပ်မက်ကို ငှက်တွေရဲ့ ပျံသန်းခြင်းနဲ့ တင်စားထားပါတယ်။
စာမျက်နှာ | 217 |
---|---|
စာအုပ်အရွယ်အစား | 5.5× 0.8 ×8.5 inches |
ပုံနှိပ်မှတ်တမ်း | လင်းရောင်စင်စာပေ၊ 2020 နိုဝင်ဘာလ (ပ-ကြိမ်) |
6 in stock
Kyaw Kyaw –
အရမ်းဖတ်လို့ကောင်းပါတယ် ၀တ္ထုဖတ်ရမှာပျင်းတဲ့ကျတော်တောင် လက်ကနေမချချင်လောက်အောင်ထိ သဘောကျခဲ့ပါတယ်