ဘဝကို စိတ်ကဦးဆောင်သည်

( 2 မှတ်ချက်)

5000 (ကျပ်)

ကုသိုလ်ဆိုတာလည်း သတ်မှတ်ချက်ပဲ။ အကုသိုလ်ဆိုတာလည်း သတ်မှတ်ချက်ပဲ။ ဒီဘာသာတရားမှာ ဒီလိုလုပ်တာ ကုသိုလ်တဲ့။ နောက်ဘာသာတစ်ခုမှာကျတော့ အဲဒါ အကုသိုလ်တဲ့။ ဒီဘာသာတရားတစ်ခုမှာကျတော့ ဒီလိုလုပ်ရင် အကုသိုလ်တဲ့။ နောက်ဘာသာတစ်ခုသွားကြည့်တော့ အဲဒါ ကုသိုလ်တဲ့။

ဆိုတော့ ဪ ဒါတွေက ကိုယ်သဘောကျသလို သတ်မှတ်ထားတာတွေပါပဲ။ အဲဒီလိုယူဆပြီးတော့ သိပ်လေးလေးနက်နက် လက်မခံနိုင်ဘူး။ ဒါပေမယ့် ဘုရားဟောတဲ့ တရားတော်တွေကို ဖတ်ကြည့်တော့ ကုသိုလ် အကုသိုလ် ခွဲပြီးတော့ သေချာဟောထားတာကို တွေ့ရတယ်။ တွေ့ရတဲ့အထဲမှာ ကုသိုလ်လား အကုသိုလ်လား ဆိုတာကို စစ်ဆေးနိုင်တဲ့ အချက်အလက်ကလေးတွေလည်း ပါတယ်။

အဲဒီထဲမှာ တစ်ခုက “ကုသလံ အန ဝဇ္ဇံ သုခ ဝိပါကလလက္ခဏံ” ဆိုပြီးတော့ တွေ့တယ်။ ကုသိုလ်ဆိုတာ အပြစ်ကင်းတယ်၊ ချမ်းသာတဲ့အကျိုးကို ပေးတယ်။ အဲဒီလိုဆိုတော့ ကိုယ့်စိတ်ထဲမှာ ဖြစ်နေတာကို ကြည့်တဲ့အခါ မလုပ်သင့်တဲ့ တစ်ခုခုကို လုပ်မိလို့ရှိရင် စိတ်ထဲမှာ နောင်တဖြစ်တယ်။ လူသိသွားမှာလည်းကြောက်တယ်၊ ရှက်တယ်၊ guilt ဖြစ်တယ်၊ shame ဖြစ်တယ်နော်။

အဲဒီလို စိတ်ထဲမှာ ရှက်တဲ့စိတ်၊ ကြောက်တဲ့စိတ်၊ နောင်တရတဲ့စိတ်တွေ ဖြစ်နေလို့ရှိရင် ချမ်းသာသလားယ။ မချမ်းသာဘူး။ အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် စိတ်ဆင်းရဲနေပြီ။ စိတ်ဆင်းရဲနေရရင် အဲဒါ အကုသိုလ်ဖြစ်နေတာပဲ။

စိတ်ထားတတ်ဖို့အတွက် ကိုယ့်ရဲ့စိတ်နေသဘောထား နှင့် အမြင်များကို ရှင်းရှင်းလင်းလင်းဖြစ်အောင် တည့်မတ်ပေးပြီး ကောင်းသော energy များကို ရရှိစေဖို့ တစ်ပုဒ်ဖတ်ပြီးတိုင်း တွေးစရာ အတွေးလေးတွေ၊ ပြင်ရမယ့် နေ့ဓဓူ၀ နေမှုထိုင်မှုလေးတွေကို တစိမ့်စိမ့် တွေးဆ ဖတ်ရှုရမယ့် စာအုပ်ဖြစ်ပါတယ်။

စာမျက်နှာ

185

စာအုပ်အရွယ်အစား

5.2 x 0.3 x 7.4 inches

ပုံနှိပ်မှတ်တမ်း

ရေတံခွန်စာပေ၊ 2023 ဒီဇင်ဘာလ (ပထမအကြိမ်)

9 in stock

ဘဝကို စိတ်ကဦးဆောင်သည် အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Anonymous

    💐❤️

  2. Khin Thandar Swe (First Season) (verified owner)

    ဘဝကို စိတ်ကဦးဆောင်သည် ဆိုတာ ကြာဖူးနေကြ စကားပဲနော်။
    သို့ပေမယ့် အဓိပ္ပါယ်က နက်နဲတယ်။
    “Change your thoughts and you’ll change your destiny. “ဆိုတဲ့ အင်္ဂလိပ်စကား နဲ့ ခပ်ဆင်ဆင်ပဲလို့ ရှင်းပြထားပါတယ်။
    ကိုယ့်ရဲ့ အတွေးတွေကို ကောင်းအောင်ပြင်လိုက်တဲ့အခါ ကိုယ့်ကံကို ကိုယ် ပြင်ပြီးသားဖြစ်သွားတဲ့ သဘောပါ။
    ကံ ၃ ပါး
    ကာယကံ ဝစီကံ မနောကံ ထဲက မနောကံ က အရင်ဖြစ်တာပါ။ ဒါကြောင့် ကိုယ့်စိတ်ထဲမှာ ဘာ စ ဖြစ်နေလဲ သတိထားပြီး ကြည့်တတ်တဲ့ အလေ့အကျင့် အရင် လုပ်ရမှာပါ။ စိတ်က သွားတဲ့ နောက်ကို ရုပ်က လိုက်ပါတယ်။ ဒါကို နက်နက်နဲနဲ သဘောပေါက်စေချင်တာပါ။
    #firstseason

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ဆရာတော်ဦးဇောတိက စာအုပ်များ