ဘာလင်တိုက်ပွဲ
2000 (ကျပ်)
ဘာလင်တိုက်ပွဲသည် ဒုတိယကမ္ဘာစစ်အတွင်း ဥရောပတွင် ဖြစ်ပွားခဲ့သည့် နောက်ဆုံးအဓိကတိုက်ပွဲဖြစ်သည်။ မဟာမိတ်တပ်များနှင့် ဆိုဗီယက်တပ်နီတော်တို့၏ အပြင်းအထန် တိုက်ခိုက်မှုကြောင့် ဂျာမန်တို့အရှုံးနှင့် ရင်ဆိုင်တွေ့ကာ လက်နက်ချက် အညံ့ခံစေခဲ့သည်။ နာဇီခေါင်းဆောင်ကြီး ဟစ်တလာကိုယ်တိုင်ပင် ဘာလင်မြို့တွင် နောက်ဆုံးအချိန်အထိ စီမံကွပ်ကဲခုခံခဲ့ပြီး စစ်ရှုံးချိန်တွင် အဆိပ်သောက်ကာ မိမိကိုယ်ကိုသတ်သေခဲ့သည်။ ဟစ်တလာသေဆုံးပြီး ရက်အနည်းငယ်အကြာတွင် ဂျာမနီလက်နက်ချကာ ဒုတိယကမ္ဘာစစ်ကြီးလည်း ပြီးဆုံးခဲ့သည်။ စစ်ကြီးပြီးဆုံးသော်လည်း မြို့အနှံ့အပျက်အစီးပုံများကြားမှ ဆိုဗီယကက် စစ်သားများ၏ ရက်စက်ကြမ်းကြုတ်သော လက်စားချေမှုများ နေရာအနှံ့ဖြစ်ပေါ်ခဲ့ပြီး သွေးပျက်ထိတ်လန့်စရာ တိုက်ပွဲအဖြစ် ဒုတိယကမ္ဘာစစ်ကို ပုံဖော်ခဲ့သည်။
စာမျက်နှာ | 109 |
---|---|
စာအုပ်အရွယ်အစား | 5.6 x 0.2 x 8.3 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ 2019 ဒီဇင်ဘာလ (ပ-ကြိမ်) |
Pyae Ar Kar –
တစ်ချိန်တုန်းက အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီကို ဘာလင် တံတိုင်းကြီး ခြားထားတယ်လို့ ကြားခဲ့ဖူးတယ်
သမိုင်းကိုလေ့လာရာမှာ အားနည်းတဲ့ မိမိဟာ ဘာလင်တိုက်ပွဲဆိုတဲ့ ဒီစာအုပ်လေးဖတ်ပြီးမှ ဘာလင်တံတိုင်းကြီး ဖြစ်ပေါ်ခဲ့တဲ့ အကြောင်းအရင်းကို သိခဲ့တယ်
ကမ္ဘာ့သမိုင်းမှာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်လို့ အများသိကြတဲ့ ဟစ်တလာ ဟာ တန်ခိုးအာဏာကြီးမားစဉ်က ရုရှားတို့ရဲ့ ဆိုဗီယက် ပြည်သူတွေကို ရက်ရက်စက်စက် သုတ်သင်ခဲ့ကြတယ်
ဆိုဗီယက်ရဲ့ တပ်နီတွေ အင်အားကြီးမားလာတဲ့အခါမှာတော့ ဟစ်တလာရဲ့ ဂျာမနီနိုင်ငံဟာ ဆိုဗီယက်တို့ရဲ့ လက်စားချေခြင်းကို ကောင်းကောင်းကြီး ခံရတော့တယ်
ဟစ်တလာကျရှုံးရတဲ့ အကြောင်းအရင်းတွေထဲမှာ ဂျူးတွေကို သုတ်သင်ပစ်တာကလည်း တစ်စိတ်တစ်ပိုင်း ပါနေမလားလို့ စဉ်းစားမိတယ် ၊ ဘာလို့လဲဆိုဝော့ာ အိုင်းစတိုင်းတို့လို ဂျူးပညာရှင်တွေက ဂျာမနီကနေ အမေရိကန်ကို ခိုလှုံသွားကြတယ် မဟုတ်လား …
တစ်နာရီသမိုင်း ဖတ်စာလေးဆိုဝော့ာ ဖတ်ရတာ တိုတိုနဲ့ လိုရင်းလေးသိရတယ် ၊ ကိုယ်အရမ်းသဘောကျမိတာကဝော့ာ စာရွက်သားနဲ့ စာလုံးဖောင့်ပဲ ဖတ်ရဝာာ အရမ်းအဆင်ပြေတယ် ၊ ဈေးနှုန်းကလည်း ၂၀၀၀ ပဲရှိတယ် ၊ E လိုဖတ်ချင်သပ ဆိုရင်လည်း နောက်မှာ E လိုတွေပါ ထည့်ပေးထားတယ် ? ……