အနိုင်ကျင့်ခံရခြင်း ကင်းဝေးအောင်

( 0 မှတ်ချက်)

7000 (ကျပ်)

• အနိုင်ကျင့်ခံရရင် ကလေးတစ်ယောက်ဟာ ကိုယ်ရည်ကိုယ်သွေး ကျဆင်းတယ်။ ကမ္ဘာဟာ နေပျော်စရာ မကောင်းပါလား ဆိုပြီး ရှိရင်းစွဲ ယုံကြည်စိတ်တွေက ပျောက်ဆုံးကုန်တယ်။

• ပညာသင်နေတဲ့ ကလေးက စာသင်ခန်းထဲမှာ အာရုံမစိုက်နိုင်တော့တာဟာ မိဘတွေအတွက် အိပ်မက်ဆိုးပါ။

• အနိုင်ကျင့်ခံရတဲ့ ပြဿနာကို အပြုသဘောဆန်ဆန် ဖြေရှင်းခြင်းကတော့ ကြီးမားအားပြင်းတဲ့ ကိုယ်စွမ်းကိုယ်စကို ဖြစ်ထွန်းစေပါတယ်။

• အနိုင်ကျင့်တဲ့သူအပေါ် အဆိုးမြင်စိတ်ကို ပြောင်းလဲပြီး ကိုယ့်ဟန်ပန်အမူအရာပါ ယုံကြည်စိတ် ပြည့်နေပုံက အနိုင်ကျင့်သူကို အဟန့်အတား ဖြစ်စေပါလိမ့်မယ်။ The Bullying Doctor လို့တောင် နာမည်ရတဲ့၊ ဘူးလီးလုပ်ခံရခြင်း (အနိုင်ကျင့်ခံရခြင်း) ကို နှစ်ပေါင်းများစွာ သုတေသနပြုလုပ်ခဲ့တဲ့ စိတ်ကုဆရာဝန် Dr. Emily Lovegrove က ကလေးလူငယ် များစွာနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးမှ ဒီစာအုပ်ကို ရေးသားခဲ့တာပါ။ နားလည်သဘောပေါက်စေရန် ဥပမာဖြစ်ရပ်များကိုပါ ထည့်သွင်းဖော်ပြထားပါတယ်။

• ၁။ အနိုင်ကျင့်ခံရခြင်း ဟုတ်၊ မဟုတ် ဆန်းစစ်ခြင်း၊
• ၂။ အချိန်ယူပါ၊ စဥ်းစားပါ
• ၃။ ကိုယ်ပိုင်ခံယူချက်
• ၄။ အခြားခံယူချက်
• ၅။ အာရုံလွှဲပြောင်းခြင်း
• ၆။ ဟာသဉာဏ်
• ၇။ မိတ်ဆွေများ
• ၈။ ပုံပန်းသွင်ပြင်
• ၉။ ချီးမွမ်းစကား
• ၁၀။ ဆုလာဘ် ဆိုတဲ့ ဗျူဟာ(၁၀)ချက် ပါဝင်ပါတယ်။

• လက်တွေ့လေ့ကျင့်ခန်း၊ စမ်းသပ်ချက်တွေနဲ့ ဖြေရှင်းနည်း၊ ရလဒ် စတဲ့ တစ်ဆင့်ချင်းစီတိုင်းကို ကလေးလေ့ကျင့်ရန်အတွက် သတ်သတ်တစ်ခန်း၊ လူကြီးအတွက် တစ်ခန်း သီးခြားဖော်ပြထားပါတယ်။

• ကိုယ့်ရင်သွေး အနိုင်ကျင့်ခံရခြင်းကိစ္စကို ဖြေရှင်းပြီးချိန်မှာ ကိုယ်ကိုယ်တိုင်လည်း စိတ်ချမ်းမြေ့ရမယ်၊ တခြားသူတွေ အားလုံးလည်း စိတ်ကျေနပ်ရမယ် ဆိုတဲ့ အခြေအနေကို လိုချင်ရင်တော့ ဒီစာအုပ်ထဲက နည်းလမ်းတွေကို လက်တွေ့ အသုံးချကြည့်လိုက်ပါ။

စာမျက်နှာ

213

စာအုပ်အရွယ်အစား

5.3 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ဆုရောင်စဉ်စာပေ၊ 2023 စက်တင်ဘာလ (ပ-ကြိမ်)

6 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အနိုင်ကျင့်ခံရခြင်း ကင်းဝေးအောင်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ရဲရင့်လုံ စာအုပ်များ