ဒုတိယမြန်မာနိုင်ငံတော်နှင့် ဆင်ဖြူရှင်မင်းတရားက...

( 0 မှတ်ချက်)

3000 (ကျပ်)

ဘုရင့်နောင် (၁၅၁၆-၁၅၈၁) ကို ဟံသာ၀တီဆင်ဖြူများရှင်အဖြစ်လည်း အသိများသည်။ တပင်ရွှေထီးအစပျိုးခဲ့သည့် ဒုတိယပြည်ထောင်စုမြန်မာနိုင်ငံကြီးကို အောင်မြင်စွာ ဆက်လက်တည်ဆောင်နိုင်ခဲ့ပြီး ပတ်ဝန်းကျင်ရှိ တိုင်းပြည်များက ရိုသေလေးစားရသည့် ဘုရင်ဧကရာဇ်တစ်ဦးဖြစ်သည်။ ဦးကုလား၊ မှန်နန်းရာဇဝင် အစရှိသည့် ရာဇဝင်ကျမ်းများတွင် ဘုရင့်နောင်သည် မင်းဆွေမင်းမျိုးဖြစ်သည်ဟုဆိုကြသော်လည်း မွန်၊ ရခိုင်နှင့် ယိုးဒယားတို့မှ ရာဇဝင်ကျမ်းများတွင်မူ သာမန်မျိုးရိုးမှဆင်းသက်လာသူဟုသာ ပြဆိုကြသည်။ မည်သို့ပင်ဖြစ်စေ ဘုရင့်နောင်သည် ၁၆ ရာစု အရှေ့တောင်အာရှသမိုင်းတွင် အရေးပါသောဘုရင်တစ်ဦးအဖြစ် လက်ခံထားကြပေသည်။

ယခုစာစဉ်ကို *မြန်မာရာဇဝင်မော်ကွန်းစာစဉ်*ဟု အမည်ပေးထားပြီး မှန်နန်းရာဇဝင်၊ ဦးကုလားရာဇဝင်ကဲ့သို့သော မြန်မာ့တော်ဝင်သမိုင်းကျမ်းကြီးများအပါအဝင် ပညာရှင်များ သုတေသနပြုရေးသားထားသည့် စာအုပ်စာတမ်းများမှ အကိုးအကားပြု၍ ရေးသားထားခြင်းဖြစ်ပြီး မြန်မာရာဇဝင်သမိုင်းကို သမိုင်းတစ်ကွက်ချင်းစီ၊ မြင်ကွင်းတစ်ခုချင်းစီ ရှင်းရှင်းလင်းလင်း သွက်သွက်လက်လက်ဖြင့် စာဖတ်ချိန်(၂)နာရီမျှ အချိန်အတွင်း ဖတ်ရှုနိုင်စေရန် ရည်သန်ထားသည့် စာစဉ်ဖြစ်ပါသည်။

ယခုစာအုပ်ကို ဆရာအောင်ချိုချိုကျော်မှ ရေးသားပြုစုထားပါသည်။ ၁၆ ရာစု အရှေ့တောင်အာရှသမိုင်းတွင် အရေးပါဆုံး ဘုရင်တစ်ဦးဖြစ်ပြီး အရှေ့တောင်အာရှတလွှား မြန်မာ့ဘုန်းတန်ခိုးလက်ရုန်း ဆန့်ထုတ်နိုင်ခဲ့သူ မြန်မာ့အာဇာနည် မင်းတစ်ပါးဖြစ်သည့် ဘုရင့်နောင်အကြောင်းကို ဖတ်ရှုရမှာဖြစ်ပါသည်။

စာမျက်နှာ

160

စာအုပ်အရွယ်အစား

5.5 × 0.5 × 8.2 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ စက်တင်ဘာလ (ပ-ကြိမ်)

ဝေဖန်သုံးသပ်မှုများ

  1. ‎Pyae Ar Kar‎

    မြန်မာစကားပုံမှာ ကိစ္စတစ်ခုခုကို နောက်မဆုတ်တမ်းလုပ်တော့မယ်ဆိုရင် ဘုရင့်နောင်ဖောင်ဖျက် ဆိုတဲ့စကားမျိုးသုံးကြတယ်

    ဘုရင်နောင်ဟာ ဘုရင်မျိုးရိုးမဟုတ်ဘဲ အထိန်‌းတော်သား ဖြစ်တယ် ၊ ညီအစ်ကိုရင်းတမျှ ချစ်ခင်တဲ့ တပင်ရွှေထီး နန်းတက်တော့ ကျော်ထင်နော်ရထာဘွဲ့ ပေးခဲ့ပြီး တပ်ကိုဦးဆောင်စေခဲ့တယ်

    အစကတောင်ငူနယ်လေးကိုသာ အပိုင်စားရတဲ့ တပင်ရွှေထီးဟာ ကျော်ထင်နော်ရထာရဲ့ ထက်မြက်တဲ့ စစ်ကိုဦးဆောင်နိုင်မှုကြောင့် ယိုးဒယားနယ်တလွှားပါ ဩဇာအာဏာပြန့်နှံ့ခဲ့တယ်

    ကျော်ထင်နော်ရထာကို ဘုရင့်ရဲ့နောင်တော်အရင်းလို သဘောထားတာကြောင့် ဘုရင့်နောင် ကျော်ထင်နော်ရထာဆိုတဲ့ ဘွဲ့ကိုပေးခဲ့တယ် ၊ အောင်မြင်မှုတွေရလာတဲ့အခါ တပင်ရွှေထီးဟာ အသောက်အစားမက်လာပြီး တိုင်းရေးပြည်တာကို လှည့်မကြည့်နိုင်ဖြစ်လာတယ် ၊ အရက်ကြောင့်ပဲ တပင်ရွှေထီးလုပ်ကြံခံလိုက်ရတယ် ပြောရမယ်

    တပင်ရွှေထီးမရှိတော့တဲ့နောက် ဘုရင့်နောင်ကျော်‌ထင်နော်ရထာဟာ ဒုတိယမြန်မာနိုင်ငံတော်ကို ဦးဆောင်ရဖို့ဖြစ်လာတယ်

    ယိုးဒယားရဲ့ ထိကပါးရိကပါး စော်ကားမှုကို ဘုရင့်နောင်က ၃ ကြိမ်တိုင်တိုင် သွားရောက်နှိမ်နင်းပြီး ဦးချိုးနိုင်ခဲ့တယ်

    ပဲခူးက မဟာစေတီတော်ကြီးကို တည်ဆောက်နေစဉ် ဘုရင့်နောင်မင်းတရားကြီး လာရောက်ဖူးမျှော်တဲ့နေ့မှာပဲ ဓာတုကလျာသမီးတော်ကို ဖွားမြင်ခဲ့တယ်

    သူတစ်လူ ငါတစ်မင်းဖြစ်နေတဲ့အချိန်မှာ တစ်စုတစ်စည်းတည်းဖြစ်အောင်လုပ်ပြီး ဒုတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့တဲ့ ဘုရင့်နောင်မင်းတရားကြီးဟာ ဘုန်းတန်ခိုးကြီးမားတာ‌ေကြာင့်လ်ုိ့ပဲ‌ေပြာရမလား… ဆင်ဖြူတွေကို လက်ဆောင်ပဏ္ဏာတွေ ရရှိတော်မူတာကြောင့် ဆင်ဖြူရှင်မင်းတရားကြီးလို့လည်း ခေါ်ဝေါ်ကြတယ် …

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

အောင်ချိုချိုကျော် စာအုပ်များ