ဘ၀မှာမထိုးဖြစ်တဲ့ဂီယာတွေအများကြီးပဲ

( 0 မှတ်ချက်)

6500 (ကျပ်)

– ဝရုန်းသုန်းကားနှစ်ကာလများမှာ ​တွေး​နေကျ၊ မြင်​နေကျ၊ လုပ်​နေကျ၊ ဆက်ဆံ​နေကျ၊ တုံ့ပြန်​နေကျ ပုံစံ​တွေဟာအလုပ်မဖြစ်​တော့ဘဲ ဘဝကို ရပ်တန့်သွား​စေတယ်၊ ​နောက်လန်သွား​စေတယ်၊ လဲကျသွား​စေတယ်။ ကိုယ့်မှာ အ​ဖြေမရှိ​တော့ဘူးလို့ ခံစားရ​စေပြီး ကိုယ့်ဘဝရဲ့ အဆင့်အတန်း၊ အရည်အ​သွေးကို မြှင့်တင်လိုတဲ့ စိတ်အ​ခြေခံ​ပျောက်ဆုံးသွားတတ်ပါတယ်။
– ဒီစာအုပ်က အ​ဖြေရှိပါ​သေး​ကြောင်း ​ပြောပြပါလိမ့်မယ်၊ လုပ်ချင်ကိုင်ချင်စိတ်ကို ​စေ့​ဆော်ပါလိမ့်မယ်၊ ဘဝအရည်အ​သွေးတိုးတက်မြင့်မားလိုစိတ်ကို မီးထိုး​ပေးပါလိမ့်မယ်။ လက်​တွေ့ကျတဲ့ နည်းလမ်း​တွေနဲ့ ချဥ်းကပ်ပြပါလိမ့်မယ်။
– ဆရာမင်း​သေ့က -ကျ​နော်တို့ မထုတ်ရ​သေးတဲ့ ဗီဇသတ္တိ​တွေအများကြီးရှိ​သေးတယ်။ ကျ​နော်တို့ မသုံးရ​သေးတဲ့ စွမ်းရည်​တွေ အများကြီးရှိ​သေးတယ်။ ကျ​နော်တို့ လုပ်မကြည့်ရ​သေးတဲ့ အလုပ်​တွေ အများကြီးရှိ​သေးတယ်။ ကျ​နော်တို့ မစဥ်းစားဖူး​သေးတဲ့ အ​ဖြေ​တွေ အများကြီးရှိ​သေးတယ်။ ကျ​နော်တို့မဆုံးဖြတ်ဖူး​သေးတဲ့ ဆုံးဖြတ်ချက်​တွေ အများကြီးရှိ​သေးတယ်။ ကျ​နော်တို့ မ​တွေးဖူး​သေးတဲ့ အ​တွေး​တွေ အများကြီးရှိ​သေးတယ်။ ဘဝမှာမထိုးဖြစ်တဲ့ဂီယာ​တွေအများကြီးပဲတဲ့။
– ဒီစာအုပ်ထဲမှာ ပြောထားသလိုပါပဲ၊ ဘယ်သူမှ ငါ တစ်​နေ့ ​အောက်တန်းကျရမယ်ကွလို့ ရည်မှန်းချက်မထားပါဘူး။ ကိုယ့်ဘဝအဆင့်အတန်း၊ အရည်အ​သွေးကို မြှင့်တင်လိုသူချည်းပါပဲ။ Self improvement ကို စိတ်ဝင်စားသူတိုင်းအတွက် လက်​တွေ့ကျကျနဲ့ အကျိုးပြုနိုင်တဲ့ Must read list ထဲထည့်ထားရမယ့် စာအုပ်​ကောင်းတစ်အုပ်။

စာမျက်နှာ

310

စာအုပ်အရွယ်အစား

5.4 x 0.5 x 8.3 inches

ပုံနှိပ်မှတ်တမ်း

Country Roadစာပေ 2022 ဇွန်လ (ပ-ကြိမ်)

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဘ၀မှာမထိုးဖြစ်တဲ့ဂီယာတွေအများကြီးပဲ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

မင်းသေ့ စာအုပ်များ