ဘာလဲဟဲ့လောကဓံ ဖောက်ထွက်ဧကန်နည်းလမ်းမှန်

( 0 မှတ်ချက်)

4000 (ကျပ်)

“ရိုင်ယန်ဟာ စာသင်ခန်းထဲက အတွေးအခေါ်အယူအဆတွေကို လူသားများရဲ့ နေ့စဉ်ဘ၀များအတွင်း ရောက်ရှိလာအောင် ပို့ဆောင်နိုင်သူဖြစ်ပါတယ်။ တစ်နည်းပြောရရင် ကျောင်းမှာသင်ယူခဲ့တဲ့ ဘ၀ဒဿနတွေကို နေရာမှန်ဖြစ်တဲ့ လက်တွေ့လောကကြီးထဲ ချပြလိုက်တယ်ဆိုပါတော့။ ဒါကြောင့် ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်နေကြရတဲ့ လူသားတိုင်း စိတ်အေးအေးထားရှိပြီး ဟန်ချက်ညီစွာနဲ့ အခက်အခဲကို ကျော်လွှားနိုင်ရေးမှာ The Obstacle is the way က အများကြီး အထောက်အကူပြုနိုင်ပါလိမ့်မယ်။

ဒီစာအုပ်ဟာ တစ်သက်တာ ကိုးကားစရာတစ်ခုဆိုရင်လည်း မမှားနိုင်ပါဘူး။ အကြိမ်ကြိမ်အခါခါ လေ့လာမှတ်သားသင့်တဲ့ အချက်အလက်တွေကိုလည်း ဖတ်ရှုရမှာဖြစ်ပါတယ်။ မိမိဘ၀ရှေ့ရေးအတွက် ရုန်းကန်လှုပ်ရှားရာမှာ ရင်ဆိုင်ရလေ့ရှိတဲ့ ပိတ်ဆို့ဟန့်တားမှုတွေနဲ့ အခက်အခဲအတားအဆီးများကို ကြုံတွေ့ရတဲ့အခါတိုင်း အသုံးဝင်တဲ့ အချက်အလက်တွေကို စာရေးသူ ရိုင်ယန်ဟောလီးဒေးက စုစည်းတင်ဆက်ထားတာဖြစ်လို့ မရှိမဖြစ်ဆောင်ထားရမယ့် စာအုပ်တစ်အုပ်ဖြစ်ကြောင်း သတင်ကောင်းပါးလိုက်ပါရစေ”

စာမျက်နှာ

198

စာအုပ်အရွယ်အစား

5.5 x 0.5 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ရွှေပြည်တန်စာပေ၊ 2021 ဇန်နဝါရီလ (ပ-ကြိမ်)

7 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဘာလဲဟဲ့လောကဓံ ဖောက်ထွက်ဧကန်နည်းလမ်းမှန်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ကျော့မောင်(မင်္ဂလာတောင်ညွန့်) စာအုပ်များ