
နို့လက်ဖက်ရည်ဘာဘယ်တီး (PreOrder)
7000 (ကျပ်)
နို့လက်ဖက်ရည်အေးသို့ဘာဘယ်တီး
ဘာဘယ်တီးလို့ခေါ်တဲ့ သောက်စရာ အအေးက ဒီမှာတော့ လွန်ခဲ့တဲ့ နှစ်တွေကတည်းက အတော်လေး ခေတ်စားလာပါတယ်။ လမ်းတိုင်းလိုလို လမ်းထိပ်မှာ ဘာဘယ်တီးဆိုင်လေးတွေ တွေ့ရမှာပါ။ ဘိုဘာတီးလို့လည်း ခေါ်ကြပါတယ်။ ၁၉၈၀ လောက်မှာ ထိုင်ဝမ်က စခဲ့တယ်လို့ ဆိုကြပါတယ် ခုတော့ နိုင်ငံတကာတစ်လွှား အတော်ပေါက်ရောက်ခဲ့ပါပြီ။ နို့လက်ဖက်ရည် ဘာဘယ်တီးစာအုပ်က မူရင်း Boba စာအုပ်ကို ဘာသာပြန်တည်းဖြတ်ထုတ်ဝေတာပါ။ ဒီစာအုပ် မူရင်းရေးသားသူတွေက စတေစီနဲ့ဘီယာ (stacey and beyah) ဖြစ်ပါတယ်။သူတို့တွေက အမေရိကန်၊လယ်အေမြို့မှာ Milk+T ဆိုတဲ့ ဘိုတာတီးဆိုင် စတင်တည်ထောင်ခဲ့ကြပြီး အောင်မြင်စွာ ရပ်တည်နိုင်ခဲ့ကြသူတွေပါ။
ဒီစာအုပ်ထဲမှာ ဘိုဘာဖျော်စပ်နည်းအခြေခံ၊မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းကိရိယာ၊ လက်ဖက်ရည်အကြောင်း၊ ဂရင်းတီး၊ဘလက်တီး ဘယ်လိုကျိုမလဲ၊ဘိုဘာစေ့အကြောင်း၊ရိုးရှင်းလှတဲ့ သကြားရည် (Sugar Syrup) ကျိုနည်း၊ခရင်မ်မာအကြောင်း၊ပင်စိမ်းစေ့၊ပင်ပွားကစလို့ တော့ပင် (Topping) မျိုးစုံအကြောင်းနဲ့ ပြင်ဆင်ပုံ၊ ဘယ်လိုပုံစံ နွားနို့သုံးမလဲ၊သစ်သီးယို စတော်ဘယ်ရီ ၊ သရက် ၊ ကျွဲကော် ၊ကီစီ စတဲ့သစ်သီးယိုလုပ်နည်း၊ အသီးအရသာ လက်ဖက်ရည်ဖျော်စပ်နည်း၊ သစ်သီး အချိုရည်အဆီလုပ်နည်း၊ စတော်ဘယ်ရီ ၊ ကီဝီ ၊ သရက် ၊ သခွား ၊ဖရဲ ၊ နာနတ် ၊ ပျားရည် ၊ ဘယ်လိုပုံစံရေခဲတုံးလေးတွေ သုံးမလဲ ၊နို့လက်ဖက်ရည်ဖျော်စပ်နည်း ၊ စတေစီ နဲ့ ဘိုယာတို့ ဖန်တီးဖျော်စပ်ထားတဲ့ အထူးဖျော်စပ်နည်းများ စတဲ့ ဖျော်စပ်နည်းပေါင်း ၂၆ နဲ့ပြုလုပ်နည်းပေါင်း ၂၂ ပါဝင်ပါတယ်။
သူတို့နှစ်ယောက် ဆိုင်ကိုစတည်ထောင်ခဲ့ချိန်ကစလို့ အောင်မြင်ချိန်ထိ အတွေ့အကြုံကောင်းတွေကိုလည်း စိတ်ဝင်စားဖွယ် ဖတ်ရမှာပါ။ဘာဘယ်တီးနဲ့ ကျန်းမာရေးအကြောင်းလည်း ဖြည့်စွယ်ထားပါတယ် ဒါကြောင့် ဒီစာအုပ်က နို့လက်ဖက်ရည်ဆိုင်ဖွင့်ချင်သူတွေ ၊ ကိုယ်တိုင်အိမ်မှာဖျော်စပ်ချင်သူတွေနဲ့ ကျန်းမာရေးနဲ့ညီညွတ်ပြီး ကောင်းမွန်အရသာရှိတဲ့ နို့လက်ဖက်ရည်ကိုရွေးချယ် သောက်သုံးချင်သူတွေအတွက်တော့ မရှိမဖြစ်ပါပဲ…။
စာမျက်နှာ | 152 |
---|---|
စာအုပ်ထွက်မည့်ရက် | 3.6.2022 |
ပုံနှိပ်မှတ်တမ်း | SYNERGY Publications စာပေ၊ 2022 ၊ဇွန်လ (ပထမအကြိမ်) |
300 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ