ဘဏ်နှင့်ပက်သက်သမျှ
3000 (ကျပ်)
စီးပွားရေးလောကရဲ့ အပြောင်းအလဲဟာ ဘဏ်တွေကတဆင့် နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး၊
ပညာရေးများအပေါ်မှာ သက်ရောက်မှု အများကြီးရှိပါတယ်။
စီးပွားရေး လောကရဲ့ပဲ့ကိုင်ရှင်က ကူးသန်းရောင်းဝယ်ရေးဘဏ် တွေဖြစ်တယ်။ ဗဟိုဘဏ်ကဖန်တီးတဲ့ Bank rate တွေ Exchange rate တွေ Reserve ratio တွေ Liquidity ratio နဲ့ CAR ratio တွေရဲ့ အပြောင်းအလဲဟာ ကူးသန်းရောင်းဝယ် ရေးဘဏ်တွေကတစ်ဆင့် နိုင်ငံရဲ့ စီးပွားရေးအပေါ်မှာသက်ရောက်မှုရှိတယ်။
Domino effect လိုပဲ ဘဏ်တစ်ဘဏ်ပြိုလဲရင် ဆက်ဆက်ပြီး ဘဏ်တွေပြိုလဲတာပဲ။
ဒါဆိုရင် စီးပွားရေးက အဖတ်ဆယ်ရတော့မှာမဟုတ်ဘူး။ဒါကြောင့်ဘဏ်တွေပြိုလဲလို့မရဘူး။
နိုင်ငံရဲ့စီးပွားရေးတိုးတက်ဖို့
ဘဏ်လောကကြီးတိုးတက်ဖို့လိုတဲ့အတွက်
ဘဏ်ရဲ့ Stake holder တွေအားလုံး
အသိရှိရှိနဲ့ ဆောင်ရွက်ကြဖို့ လိုတယ်လို့ခံစားမိပါတယ်။
ဘဏ်တစ်ဘဏ်ရဲ့ Stake holder ဆိုတာ အဲ့ဒီဘဏ်ရဲ့ ပိုင်ရှင် Owner တွေ ၊ ငွေအပ်နှံထားတဲ့ Depositor တွေ ၊ငွေချေးထားတဲ့ Borrower တွေ၊ဘဏ်ဝန် ထမ်း Banker တွေ၊ ကြီးကြပ်သူ Regulator တွေအားလုံးပါဝင်တယ်။
ဘဏ်လောကအတွင်းဖြစ်ပေါ်ခဲ့သော အဖြစ်အပျက်များနှင့် လတ်တလောဖြစ်ပေါ်နေသော အကြောင်းအရာများအပြင် Covid 19 အလွန် အခြေအနေများကိုပါ သုံးသပ်ရေးသားထားပါတယ်။
ဒီစာအုပ်ထဲက ဆောင်းပါးတွေကို ဘဏ်ဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များသာမက
ဘဏ်နှင့်ဆက်သွယ်နေသူများအားလုံး လေ့လာနိုင်အောင် အပိုင်း (၄)ပိုင်း ခွဲပြီး တင်ပြထားတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
စာမျက်နှာ | 180 |
---|---|
စာအုပ်အရွယ်အစား | 5.3× 0.3× 8.4 inches |
ပုံနှိပ်မှတ်တမ်း | အာရှအလင်းစာပေ၊ ၂၀၂၀ ခုနှစ် ၊ ဩဂုတ်လ |
1 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ