ဗမာပြည်ကွန်မြူနစ်ပါတီ ပြည်သူ့တပ်မတော်၏ ဗိုလ်ချုပ်မှူး၊ ဗိုလ်ချုပ်ကြီးများနှင့် ဖွဲစည်းပုံ
3500 (ကျပ်)
ယခုစာအုပ်ဟာ ရဲဘော်ဘခက်၏ တစ်ကြိမ်တစ်ခါမှ စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေခြင်း မပြုရသေးသော ခေါင်းကြီးစာတမ်း နှင့်အတူ ဗမာပြည် ကွန်မြူနစ်ပါတီ အကြောင်း၊ ပါတီနဲ့ သက်ဆိုင်ခဲ့သူများ၊ အဖြစ်အပျက်များကို စုစည်းထုတ်ဝေလိုက်တာ ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ သမိုင်းဝင်ရှားပါး မှတ်တမ်းဓါတ်ပုံတွေကို ဖော်ပြထားတဲ့ အပြင်၊ စာဖတ်သူများ ထူးထူးခြားခြား ဖတ်ရှုရမဲ့ ခေါင်းစဥ်ခွဲ အကြောင်းအရာတွေကို လည်း အောက်ပါအတိုင်း တွေ့ရှိရပါမယ်။
– တရုတ်ပြည် ကွန်မြူနစ်ပါတီနှင့် ဗမာပြည် ကွန်မြူနစ်ပါတီ တို့ကြားမှ ဆက်ဆံရေး အခြေအနေများကို ဖော်ပြထားသော စီအိုင်အေ၏ လျှို့ဝှက် အစီရင်ခံစာနဲ့ ရဲဘော်ဘခက်၊
– သခင်စိုးရဲ့ အလံနီကွန်မြူနစ်ပါတီ ခွဲထောင်ခြင်း၊
– သခင်သန်းထွန်း ညီမအငယ်ဆုံး မမြဝင်း၏ ဘဝ နိဂုံး နေဝင်ချိန်၊
– ၁၉၆၄ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေး မှတ်တမ်းများ၊ ပြဿနာများနှင့် ဆုံးဖြတ်ချက်များ၊
– ဂိုရှယ်နဲ့ သခင်သန်းထွန်းတို့၏ အတွေးအခေါ် နှစ်ရပ်တိုက်ပွဲ၊
– ဗမာပြည်ကွန်မြူနစ်ပါတီ၏ စစ်ရာထူးများ (ဗိုလ်ချုပ်မှူး၊ ဗိုလ်ချုပ်ကြီးများနှင့် ဖွဲ့စည်းပုံ)
– ပြည်သူ့တပ်မတော် စစ်ချီသီချင်း၊ အလံနီသီချင်း၊
– ၁၉၅၂ ခုနှစ် ပုံတောင်ပုံညာဒေသ သုံးပါတီ ညီညွတ်ရေးကွန်ဖရင့်နှင့် သုံးပါတီသီချင်း များအကြောင်း… (စသဖြင့်) စုံစုံလင်လင် ရေးသားဖော်ပြထားပါတယ်။
စာမျက်နှာ | 189 |
---|---|
စာအုပ်အရွယ်အစား | 5.8 x 0.4 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | ရန်ကုန်လမ်းမများစာပေ။ 2020 ဇွန်လ၊ (ပ-ကြိမ်) |
Out of stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ