ရှေးခေတ်ပုဂံကဗျာများ နှင့် အခြားကဗျာများ
6000 (ကျပ်)
အမျိုးသားစာဆိုကြီး ဆရာဇော်ဂျီ၏ ကဗျာများထဲမှ ရှေးခေတ် ပုဂံနဲ့ ပတ်သက်သော ကဗျာများနှင့် အခြားကဗျာ စုစုပေါင်း အပုဒ် ၅၀ စုစည်းထားသော စာအုပ်ကို တတိယအကြိမ် ပုံနှိပ်ထုတ်ဝေခြင်း ဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှုနှင့် ရှေးဟောင်းအမွေအနှစ်များကို မြတ်နိုး၍ တန်ဖိုးထားသော ဆရာဇော်ဂျီသည် ပုဂံခေတ် အနုပညာနှင့် ပတ်သက်သော ဆောင်းပါးများစွာ ရေးသားခဲ့သလို ပုဂံဇာတ်လမ်းများကို နောက်ခံပြု၍ ဇာတိသွေး ဇာတိမာန်နှင့် ပုဂံအပေါ် ချစ်မြတ်နိုးစေလိုသောစိတ်ဖြင့် ပုဂံကဗျာများစွာကို ရေးသားပြုစုခဲ့ပါသည်။ ‘ညီသစ်ဆင်း’ အစချီသော အဆိုပါပုဂံကဗျာစုသည် ဇော်ဂျီ၏ အခြားထင်ရှားသော လက်ရာတစ်ခုဖြစ်သည့် ‘ဗေဒါလမ်း’ကဲ့သို့ပင် ယနေ့ထိ တန်ဖိုးထား လေ့လာဖတ်ရှုနေရဆဲ ဖြစ်ပေသည်။
စာမျက်နှာ | 178 |
---|---|
စာအုပ်အရွယ်အစား | 5.3 x 0.2 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ၊ 2023 စက်တင်ဘာလ (တတိယ-ကြိမ်) |
5 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ