သွေးဆိုး

( 2 မှတ်ချက်)

7000 (ကျပ်)

ဒီစာအုပ်ကိုမပြီးမချင်းလက်ကမချတမ်းဖတ်မိလဲဆိုတာ ပြန်စစ်ကြည့်တော့ အချက်တော်တော်များများတွေ့တယ်။

၁) ဒီစာအုပ်ရဲ့ အခြေခံကျောရိုးက ဆေးပညာနဲ့နည်းပညာပေါင်းစပ်မှုတွေလုပ်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းတစ်ခု။အဲ့ဒါကိုယ်သဘောအကျဆုံးနယ်ပယ်ပဲ။

၂) ဒါတွေကိုဦးဆောင်ခဲ့တာက ငယ်ရွယ်ပြီး ဒုတိယ စတိဗ်ဂျော့ဖြစ်ချင်တဲ့အမျိုးသမီးတစ်ယောက်။ ဒါကတော့ တကယ့်ကိုထိမိစေတဲ့အချက်ပေါ့။ ကိုယ်တောင်ဒီစာအုပ်ကိုဖတ်နေရင်း လူတွေဟာအမျိုးသမီးတစ်ယောက်ဦးဆောင်လို့ကို သံသယဖြစ်ခဲ့ကြတာလားဆိုပြီး မဝါဒီဆန်ဆန်တွေးမိသေးတယ်။

၃)စီးပွားရေးလုပ်ငန်းကြီးတစ်ခုလုံးရဲ့ အရှုပ်ထုပ်။ကျော်ကြားအောင်မြင်မှုဗဟိုချက်အဖြစ်ကောင်းကောင်းအသုံးချနိုင်တဲ့ Soft Skill‌ တွေပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ ဒီလိမ်ဆင်ကြီးတစ်ခုလုံးပေါ်ပေါက်အောင်လုပ်ခဲ့တာက ကျင့်ဝတ်စောင့်သိတဲ့ ပညာရှင်အစစ်တွေ (hard skill)သမားတွေဆိုပါတော့။ ကိုယ့်မှာ အမြဲဝိဝါဒကွဲပြားခဲ့တာတစ်ခုရှိတယ်။ ကိုယ်က သင်ယူနိုင်တဲ့ လက်တွေ့ကျတဲ့ တိုင်းတာပြီးအဖြေတိတိကျကျ‌ထွက်မယ့် ပညာရပ်တွေကိုပိုပြီးသဘောကျတာ။ လူတွေကိုကိုယ့်ဘက်ပါအောင် ဆွဲဆောင်ရမယ်ဆိုလည်း ပြီး‌‌မြောက်သွားတဲ့ ရလာဒ်ပေါ်ယုံကြည်ပြီး ရောက်လာစေချင်တာမျိုး။ ဒါပေမဲ့ တကယ်တမ်း လုပ်ငန်းတစ်ခုထင်ပေါ်ဖို့ ၊လူတွေရဲ့စိတ်ဝင်စားမှု အထင်ကြီးမှုကိုရယူဖို့ဆိုရင် ပညာရပ်တစ်ခုကို တကယ်တတ်သိနားလည်ဖို့မလိုသေးဘဲ စကားလုံးတွေကိုယုံလောက်အောင်ပြောတတ်ဖို့က အဓိကကျတာပဲ။အဲ့ဒါကလွယ်တဲ့အရာဝော့ာမဟုတ်ဘူး။ အရင်ဆုံးကိုယ်ကိုယ်တိုင်ပြောမယ့်စကားက မဟုတ်ဘူးဆိုတာ သိနေရင်တောင် ယုံကြည်ပြီးပြောရဲတာမျိုးလေ။ အဲ့ဒါကို တကယ်တော်တယ်ဆိုတဲ့ အရောင်းသမားတွေနဲ့ ထိပ်တန်းနေရာယူထားတဲ့လူတွေကလုပ်နိုင်ကြတယ်။ (ကိုယ့်ပတ်ဝန်းကျင်မှာလည်းဆုံခဲ့ဖူးတယ်) ဒါပေမဲ့ တကယ့်လက်တွေ့ပြဿနာကိုဖြေရှင်းရမယ့် ကျွမ်းကျင်သူတွေရဲ့စကားကို ပြန်နားထောင်ဖို့မေ့လျော့နေတဲ့ အရောင်းသမားတွေလည်းရှိတယ်။ ဦးဆောင်သူ/သူဌေးတွေထဲမှာလည်း အဲ့လိုအမှားမျိုးတွေလုပ်နေကြတာတွေ့ဖူးတယ်။ ဝန်ထမ်းရဲ့လုပ်နိုင်စွမ်းမရှိတာကိုမေ့လျော့ပြီး သူရှေ့ကပြေးနေလည်း လုပ်ငန်းအရွေ့ကိုသူဘယ်တော့မှအားရမှာမဟုတ်တာမျိုး၊ ပြီးတော့ ဝန်ထမ်း‌ကတတ်နိုင်ရင်တောင် လက်တွေ့မဆန်တဲ့ သီအိုရီကို “Think Different” လုပ်ပြီး အချိန်တိုအတွင်းအကောင်အထည်ဖော်ခိုင်းတာမျိုးရဲ့ရလာဒ်ကကြောက်စရာဆိုတာ Theranos ကပြသွားတယ်။

၄) တကယ်ကို စွန့်ဦးတီထွင်သူတွေနဲ့ ဒိတ်ဒိတ်ကြဲရင်းနှီးမြှုပ်နှံသူတွေပဲရှိတဲ့နေရာမှာမှ ဘာမှလက်တွေ့ကျမှုမရှိတဲ့ လုပ်ငန်းတစ်ခုကို ကိုးဘီလျံတန်ဖိုးရှိတဲ့ လုပ်ငန်းအဖြစ် စာရင်းသွင်းနိုင်ခဲ့‌တယ်ဆိုတော့လည်း ကျွတ်ဆင်ကြီးပေါ့

မူရင်းစာအုပ်ကိုညွှန်းတဲ့အညွှန်းစကားထဲကအတိုင်းပြောရရင်တော့ ဒီစာအုပ်ရဲ့ စာမျက်နှာတစ်မျက်နှာမှာ ပါတဲ့အဖြစ်အပျက်တွေက တခြားစာအုပ်‌‌တွေမှာ တစ်အုပ်လုံးဖြစ်ပျက်နေတာထက်ပိုတယ်ဆိုတာပဲ။

စာမျက်နှာ

496

စာအုပ်အရွယ်အစား

5.6 x 1.2 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ဇလပ်နီစာပေ၊ 2020 စက်တင်ဘာလ၊ (ပ-ကြိမ်)

1 in stock

သွေးဆိုး အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Aung Thet Oo

    Very interesting thriller and nonfiction

  2. Anonymous

    စိတ်ဝင်စားဖို့ကောင်းသောစာအုပ်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ထင်ဇော်မှူးသင် စာအုပ်များ