ကလေးများအတွက်ရင်းနှီးမြှုပ်နှံခြင်း(မွေးကင်းစမှ ငါးနှစ်အထိ)

( 0 မှတ်ချက်)

11000 (ကျပ်)

ကလေးတစ်ယောက် ကြီးပြင်းလာတာ ဘယ်လောက်တောင် မြန်သလဲဆိုတာ မိဘတိုင်း သိကြမှာပါ။ ကလေးအနှီးလဲပေးရင်း၊ ထမင်းကျွေးရင်းနဲ့ နေ့စဉ်ဘဝရဲ့ အလုပ်တွေကြားမှာ လုံးချာလိုက်နေရတော့ သူတို့လေးတွေရဲ့ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ပေးဖို့ဆိုတာ စဉ်းစားရုံနဲ့တင် လူကို ပင်ပန်းသွားစေတတ်တယ်။

တကယ်တော့ ငွေကြေးရင်းနှီးမြှုပ်နှံမှုဆိုတာ ကျွန်မတို့ ထင်သလောက် မခက်ခဲပါဘူး။ အထူးသဖြင့် ကလေးလေးတွေ မွေးကင်းစကနေ ငါးနှစ်အတွင်းမှာ စတင်နိုင်ဖို့က အရေးကြီးဆုံးဖြစ်ပြီး ဒါကို ဘယ်လို အလွယ်ကူဆုံး လုပ်ဆောင်ရမလဲဆိုတာ ဒီစာအုပ်က လမ်းပြပေးမှာပါ။

စာအုပ်ရဲ့ မူရင်းရေးသားသူက ငွေကြေးဆိုင်ရာ အကြံပေးပညာရှင်တစ်ယောက်ဖြစ်သလို ကလေးနှစ်ယောက်ရဲ့ မိခင်လဲ ဖြစ်လို့ မိဘတစ်ယောက်ရဲ့ စိုးရိမ်ပူပန်မှုတွေကို ကောင်းကောင်း နားလည်ပါတယ်။ ဒါကြောင့်လဲ ရှုပ်ထွေးတဲ့ နည်းပညာစကားလုံးတွေအစား ရိုးရှင်းပြီး နွေးထွေးတဲ့ လမ်းညွှန်ချက်တွေနဲ့ပဲ ရေးသားထားတာပါ။

ကိုယ့်မှာ ငွေအများကြီး မရှိသေးရင်တောင် ရှိတဲ့ ပမာဏလေးနဲ့ ဘယ်လို စတင်ရမလဲ၊ အသက် ၅ နှစ်အောက် ကလေးတွေအတွက် ဘယ်လို အကောင့်အမျိုးအစားတွေကို ရွေးချယ်ရမလဲဆိုတာကအစ အသေးစိတ် ပါဝင်ပါတယ်။ဒါတင်မကသေးဘဲ မိသားစုအတွက် ငွေကြေးဆိုင်ရာ လုံခြုံမှု ဘယ်လို တည်ဆောက်မလဲဆိုတဲ့ နည်းလမ်းတွေနဲ့အတူ လမ်းလျှောက်တတ်ကာစ ကလေးငယ်တွေကို ငွေကြေးနဲ့ ပတ်သက်တဲ့ အတွေးအခေါ်ကောင်းတွေ ဘယ်လို သင်ပေးရမလဲဆိုတာကိုပါ လေ့လာနိုင်မှာပါ။

ယခုစာအုပ်ဟာ နိုင်ငံတကာ ငွေကြေးဆိုင်ရာ စံနှုန်းတွေနဲ့အညီ ရေးသားထားတာဖြစ်လို့ ယုံကြည်စိတ်ချရတဲ့ လမ်းညွှန်ချက်တွေကို ရရှိမှာ ဖြစ်ပါတယ်။တကယ်တော့ ကျွန်မတို့ မိဘတွေအနေနဲ့ အရာရာကို ပြီးပြည့်စုံအောင် လုပ်နိုင်ဖို့ မလိုပါဘူး။ ခိုင်မာတဲ့ အစီအစဉ်တစ်ခု ရှိနေဖို့ပဲ လိုတာပါ။ အခုအချိန်မှာ ချလိုက်တဲ့ ငွေကြေးမျိုးစေ့လေးတွေဟာ နောက်ပိုင်းမှာ သင့်ကလေးအတွက် တစ်သက်တာလုံး အားကိုးရမယ့် သစ်ပင်ကြီးတွေ ဖြစ်လာမှာပါ။

သင့်ကလေးရဲ့ အနာဂတ်အတွက် စိတ်ချရတဲ့ လမ်းပြမြေပုံတစ်ခုကို အခုပဲ စတင် တည်ဆောက်ကြည့်စေချင်ပါတယ်။ သင်ယူရတာ နောက်ကျသွားပြီလို့ နောင်တမရစေဖို့အတွက် ယခုစာအုပ်ထဲတွင် ညွှန်ပြပေးနေပါတယ်။

စာမျက်နှာ

176(Woodfree paper)

စာအုပ်အရွယ်အစား

5.5 × 0.3 × 8.2 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2026 မတ်လ (ပထမအကြိမ်)

13 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကလေးများအတွက်ရင်းနှီးမြှုပ်နှံခြင်း(မွေးကင်းစမှ ငါးနှစ်အထိ)” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

နိုရာ စာအုပ်များ