ဘ၀ကို…သောကများနှင့် ပျော်ရွှင်ပါ
4000 (ကျပ်)
လူတွေဟာ နေ့စဉ်နဲ့အမျှ မိမိတို့ဘ၀ရပ်တည်ရေးအတွက် ရုန်းကန် လှုပ်ရှား သွားလာ လုပ်ကိုင်နေရလေတော့ အဆင်မပြေမှုအမျိုးမျိုးကို ကြုံရတိုင်း၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတိုင်း စိတ်သောကတွေ ဖိစီးနေတတ်ကြတာ သဘာ၀ပါပဲ။ တကယ်တော့ သောကဆိုတာ ရှောင်လွှဲလို့မှ မရတာ လူဖြစ်ရင် ဘ၀ရှိတယ် ဘ၀ရှိရင်တော့ သောကရှိမှာပဲလေ အခက်အခဲ ဒုက္ခတွေ ရင်ဆိုင်ရတိုင်းလည်း ဒီသောကနဲ့ပဲ ဖြတ်ကျော်ရင်း လူ့ဘ၀မှာပျော်အောင်နေကြရတာ။ ကျွန်တော်တို့နဲ့အတူတကွ နေထိုင်ကြတဲ့ မိဘ၊ ညီအစ်ကို၊ မောင်နှမ၊ ကျွန်တော်တို့ချစ်ရသူတွေ ကျွန်တော်တို့ခွဲခွာသွားကြရင် ဒီလိုပဲ ပူရင်းဆွေးရင်း သောကရောက်ရင်းပဲ ပျော်အောင်နေကြရတာမဟုတ်လား။ ပျော်လွန်းလို့မဟုတ်ပေမယ့် ဒီလိုပဲ အပူရုပ်ကို ဟန်လုပ်နေကြရတာ။ နောက်တော့လည်း အချိန်ရဲ့ ကုစားမှုတွေနဲ့ နေသားကျသွားရတာပါပဲ။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် သောကတွေနဲ့ ပျော်အောင်နေကြရအောင်..။
စာမျက်နှာ | 91 |
---|---|
စာအုပ်အရွယ်အစား | 5.5 × 0.3 × 8.3 inches |
ပုံနှိပ်မှတ်တမ်း | လောကသစ္စာစာပေ 2022 ဧပြီလ (ပထမအကြိမ်) |
1 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ