


ဘ၀ကိုတန်ဖိုးရှိစွာရှင်သန်ပါ
3000 (ကျပ်)
လူတစ်ယောက်ဟာ ဘဝကိုတန်ဖိုးရှိအောင်ရှင်သန်နေထိုင်ဖို့ဘာတွေလိုအပ်ပါသလဲ?
လူတိုင်းဟာမွေးဖွားလာထဲကသေဆုံးသွားတဲ့အထိ ဘဝကိုတန်ဖိုးရှိစွာရှင်သန်ချင်ကြပါတယ်။ တန်ဖိုးရှိတဲ့လူတစ်ယောက်အဖြစ်လောကအလယ်မှာခေါင်းမော့ရင်ကော့ချင်ကြပါတယ်။လူရာသူရာဝင်မူနဲ့အတူလူတကာရဲ့လေးစားအားကျခြင်းကိုခံချင်ကြပါတယ်။ဘယ်သွားသွား ဘယ်လာလာ လိုလားနှစ်သက်စွာကြိုဆိုခြင်းကိုတောင်းတကြပါတယ်။ဒါပေမဲ့ မိမိတို့ဟာဘယ်လောက်ပဲဘဝကိုတန်ဖိုးရှိအောင်ရှင်သန်ချင်ပါစေ။ အရာရာကိုကြောက်ရွံထိတိလန့်စိတ်နဲ့ရှင်သန်မယ်၊ စိုးရိပ်ကြောင့်ကြမူများနဲ့ဖြတ်သန်းနေမယ် ရည်ရွယ်ရာပန်းတိုင်ကို ရောက်အောင်လျှောက်ဖို့စိုးရွံနေမယ်၊ ဘာကိုမှမလုပ်ရဲမကိုင်ရဲစိတ်နဲ့တွေဝေတွန့်ဆုတ်နေမယ်ဆိုရင်ဘယ်တော့မှဘဝကိုတန်ဖိုးရှိအောင်ရှင်သန်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့်ဘဝကိုတန်ဖိုးရှိအောင်ရှင်သန်ဖို့ဆိုရင် မိမိတို့ဟာဘဝကိုလေးနက်ခြင်းတွေနဲ့တည်ဆောက်ထားရပါမယ်။ ဖွံဖြိုးတိုးတတ်ခြင်းတွေနဲ့ဘဝအလှကိုခြယ်သထားရပါမယ် အတိတ်ကိုဘဝတစ်ခုလို့မသတ်မှတ်ပဲပစ္စုပ္ပန်နဲ့အနာဂတ်ကိုတည့်မတ်မှန်ကန်စွာလျှောက်နိုင်ရပါမယ် ပြသနာတိုင်းကိုရဲဝံ့စွာနဲ့ဖြေရှင်းနိုင်ရပါမယ်။ ဖြစ်ချင်တာကိုဖြစ်အောင်လုပ်ရပါမယ်။ မိမိတို့ရဲ့တောက်ပမူပုံရိပ်တွေကိုအမြဲလင်းလက်အောင်ကြိုးစားရပါမယ် အပိုလောဘတွေကိုရှောင်ရပါမယ်။ သန်မာတဲ့စိတ်နဲ့ဘဝကိုရှင်သန်ကြီးထွားစေရပါမယ်။ ကျင်လည်ရာနယ်ပယ်တိုင်းမှာအောင်မြင်ဖြစ်ထွန်းခွင့်တွေရှိရပါမယ်။ နိမ့်ကျပေမဲ့ဒူးမထောက်ပဲဘဝတိုက်ပွဲကိုနိုင်အောင်နွဲနိုင်ရပါမယ်။ ဘယ်အရာကိုမှအရူံးမပေးတဲ့စိတ်နဲ့လိုချင်တဲ့အရာကိုပိုင်ဆိုင်ခွင့်ရဖို့ကြိုးစားရပါမယ်။ ဒါမှသာ ဘဝတစ်ခုရဲ့ရသကိုပီပီပြင်ပြင်ခံစားနိုင်ပြီးပျော်ရွင်ကျေနပ်ခြင်းများစွာနဲ့ဘဝကိုတန်ဖိုးရှိအောင်ရှင်သန်နိုင်မှာဖြစ်ပါတယ်…။
စာမျက်နှာ | 94 |
---|---|
စာအုပ်အရွယ်အစား | 5.3 x 0.2 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | မိုးထက်မြင့်မိုရ်စာပေ ၊ 2023 မတ်လ (ပထမအကြိမ်) |
8 in stock
သံစဉ်သစ် စာအုပ်များ
-
သံစဉ်သစ်
ပျော်ရွှင်ခြင်းကမ္ဘာတစ်ဖက်ခြမ်းမှာမင်းနေပါ
3000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သံစဉ်သစ်
ဘ၀ကိုတန်ဖိုးရှိစွာရှင်သန်ပါ
3000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သံစဉ်သစ်
လောကဓံကိုဒူးထောက်ဖို့မလိုဘူး
3000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်)
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ