ဒေဝဒတ်နှင့် အဇာတသတ်

( 0 မှတ်ချက်)

4000 (ကျပ်)

ဤစာအုပ်သည် မဟာဗုဒ္ဓဝင်လာဇာတ်တော်များထဲမှ အဇာတသတ်မင်းနှင့် ဒေဝဒတ်ရဟန်းတို့၏ ဖြစ်ရပ်ကို နိဿယရှုထောင့်၊ ဓမ္မပဒရှုထောင့်မှ မဟုတ်ဘဲ ရာဇဝင်ဝတ္ထုထောင့်မှ ကြည့်မြင်ပြီး ဝတ္ထုသွားသဖွယ် ဖော်ပြထားသော စာအုပ်ဖြစ်သည်။
သာကီဝင်မင်းမျိုးဖြစ်သော ဒေဝဒတ်မင်းသားအနေဖြင့် ဗုဒ္ဓဘုရားရှင်သည် ယောက်ဖတော်ဖြစ်သော ဘုရားရှင်ကို အမှီပြု ရဟန်းပြုခဲ့ပုံ၊ လာဘ်လာဘနှင့် ဘုရားဖြစ်လိုသော သူ၏ဆန္ဒကိုရှေ့တန်းတင်ပြီး အဇာတသတ်မင်းကို စည်းရုံးကာ ဘုရားသခင်ကို လုပ်ကြံရန် အမျိုးမျိုးကြံစည်အားထုတ်ခဲ့ပုံ၊ ခမည်းတော် အရင်းခေါက်ခေါက်ကိုပင် အသက်ပျောက်သွားသည်အထိ လုပ်ကြံသတ်ဖြတ်ရန် အဇာတသတ်မင်းအား အကြံပေးပုံ၊ နောက်ဆုံးတွင် သူ၏မကောင်းမှုအကျိုးပေးကြောင့် မြေမျို၍ အဝီဇိငရဲ ကျရောက်ခဲ့ရပုံစသည့် ကမ္ဘာတုန် ကမ်းကုန်အောင် မိုက်တွင်းနက်လှသော လူမိုက်ကြီးတစ်ဦးအဖြစ် တင်ပြထားသည်။
အဇာတသတ်မင်းမှာလည်း ဒေဝဒတ်၏ စည်းရုံးသိမ်းသွင်းခံရပုံ၊ ဘုရားသခင်ကို လုပ်ကြံရာတွင်လည်း ဒေဝဒတ်နှင့် ကြံရာပါဖြစ်ခဲ့ပုံ၊ ဖခင်အရင်းခေါက်ခေါက်ကိုပင် အသက်ဆုံးပါးသွားစေသည်အထိ ထောင်သွင်း အကျဉ်းချထားပြီး အမျိုးမျိုးဒုက္ခပေးခဲ့ပုံ၊ ရာဇဝင်တွင် အဖသတ်သားအဖြစ် တွင်ခဲ့ပုံ၊ သို့သော် ပါရမီအခံရှိသဖြင့် အမြင်မှန်ရပြီး ဗုဒ္ဓကို အလုပ်အက​ျွေးပြုသူဖြစ်လာပုံ၊ အဖသတ်သား ဖြစ်သည့်အတွက် သောတပန်ဖြစ်နိုင်သည့် အခွင့်အရေး လက်လွှတ်ခဲ့ရပုံများကို ဖွဲ့ဆိုတင်ပြထားသည်။

စာမျက်နှာ

211

စာအုပ်အရွယ်အစား

5.8 x 0.4 x 8.7 inches

ပုံနှိပ်မှတ်တမ်း

Myanmar heritage၊ 2021 ဒီဇင်ဘာလ (ဒု-ကြိမ်)

30 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဒေဝဒတ်နှင့် အဇာတသတ်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

ဒဂုန်ဦးစန်းငွေ စာအုပ်များ