အယူသီးမှု၊ နတ်ကိုးကွယ်မှုနှင့် စိတ်ပညာရှုထောင့် (15% Off)

( 0 မှတ်ချက်)

2000 (ကျပ်) 1700 (ကျပ်)

စဉ်းစားတွေးခေါ်တတ်သည့် အလေ့အထ ဖွံ့ဖြိုးလာစေရန် ရည်ရွယ်ချက်နှင့် ဤစာအုပ်ကို ပြုစုရေးသားခဲ့ခြင်း ဖြစ်ပါသည်။ လူအတော်များများသည် မစဉ်းစားရသည့် အလုပ်ကိုသာ လုပ်လိုကြသည်။ အသေခံမည်လား၊ စဉ်းစားတွေးခေါ်မည်လားဟု မေးမြန်းလာပါက အသေခံမည့်သူ အမြောက်အမြားရှိသည်ဟု ဒဿနပညာရှင်တစ်ဦးက ပြောဖူးသည်။

တစ္ဆေသရဲ ရှိသလားဟု မိမိအား မေးမြန်းလာသူများကို ယုံလျှင် ရှိသည်၊ မယုံလျှင်မရှိဟု အဖြေပေးခဲ့ဖူးသည်။ ဝိညာဉ်ယုံကြည်မှုသည် ရှေးဟောင်းလူသားတို့၏ အယူအဆဖြစ်သည်။ ရိုးရာနတ်ယုံကြည်မှုမှာလည်း ဤသဘောပင်ဖြစ်သည်။ ဤအကြောင်းကို ရိုးရာယုံကြည်ကိုးကွယ်မှုအခန်းတွင် ဆွေးနွေးထားပါသည်။ စိတ်၏လုပ်ဆောင်မှုကြောင့် မရှိသည့်အရာကိုလည်း ရှိသည်ဟု အာရုံမှားနိုင်သလို ရှိသည့်အရာကိုလည်း မမြင်နိုင်ဖြစ်တတ်သည်။

သိပ္ပံပညာ (Neuro-science) ဖွံ့ဖြိုးလာမှုကြောင့် ဦးနှောက်အလုပ်လုပ်ပုံကို ပြင်ပမှ လေ့လာနိုင်ပြီဖြစ်သည်။ ဦးနှောက်လုပ်ငန်း (Electro-Chemical Process) များကြောင့် အသိစိတ် ဖြစ်ပေါ်လာသည်။ ‘အတ္တ’၊ ‘ငါ’ ဟူသော အသိမှာ လက်ဆုပ်လက်ကိုင်ဖော်ပြ၍ မရနိုင်သည့် အာရုံမှားတစ်ခုဖြစ်၏။

တိုးတက်ဖွံ့ဖြိုးလာသောခေတ်တွင် ရှေးဟောင်းလူသားတို့၏ အတွေးအခေါ်သည် ဆီလျော်မှုမရှိတော့။ ခေတ်သစ်အမြင်နှင့် စဉ်းစားတွေးခေါ်တတ်ဖို့ လိုပြီဖြစ်သည်။ (စာရေးသူ၏အမှာစာမှ ကောက်နုတ်ချက်ဖြစ်ပါသည်။)

 

 

 

Promotion ကုန်ဆုံးရက်

30.11.2020

စာမျက်နှာ

175

စာအုပ်အရွယ်အစား

5.2 x 0.3 x 7.5 inches

ပုံနှိပ်မှတ်တမ်း

ပင်ဝါးရုံစာပေ၊2006 ဒီဇင်ဘာလ (ဒု-ကြိမ်)

စာအုပ်ကုန်နေပါသဖြင့် ပြန်လည်မှာယူထားပါသည်။ (၃) ရက်အတွင်း ပြန်လည်ရရှိချိန်တွင် ဆက်သွယ်ပို့ဆောင်ပါမည်

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အယူသီးမှု၊ နတ်ကိုးကွယ်မှုနှင့် စိတ်ပညာရှုထောင့် (15% Off)” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ခင်မောင်သန်း(စိတ်ပညာ) စာအုပ်များ