မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ကျမ်းစာများ၌တွေ့ရသော ...

( 0 မှတ်ချက်)

3000 (ကျပ်)

ယခုစာအုပ်သည် ဆရာတော်ကြီးကိုယ်တိုင်ရေးကျမ်းစာအုပ်များထဲက ထူးခြားတဲ့ အယူအဆများကို လေ့လာပြီး စုစည်းတင်ပြပေးထားတာဖြစ်ပါတယ်။

ဆရာတော်ဘုရားကြီးရဲ့ အယူအဆများကို ခေတ်ပြိုင်စာအုပ် စာပေတွေထဲက အကြောင်းအရာအယူအဆများနဲ့ ညှိနှိုင်းတိုက်ဆိုင်ဖော်ပြထား တာလည်းပါဝင်ပါတယ်။ ဥပမာ-ဆရာတော်ကြီးရဲ့ ‘စိတ်တန်ခိုးကြွယ် ယောနတ်မယ်’ အကြောင်းကို ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရဲ့နှုတ်ပြော သမိုင်းအမြင်နဲ့ အားဖြည့်တင်ပြထားပုံမျိုးဖြစ်ပါတယ်။ ‘လူကမမှန် မိုးမမှန်နှင့် မြေခံခန်းခြောက် ရေလည်းပျောက်ကြောင့် ဖောက်ပြန်ဘဝရောက်ကြရကုန်ဦး လတ္တံ့’ ဆိုတဲ့ ဆရာတော်ကြီးရဲ့ဆုတ်ခေတ်အပေါ် မျှော်ကြည့်သုံးသပ်ခဲ့ပုံကို ဒေါက်တာမြင့်ဇော်ရဲ့ ‘ကပ်ဘေးလွန်ကမ္ဘာရဲ့ အလွမ်းဇာတ်များ’စာအုပ်ပါ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွေးအမြင်များဖြင့် ညှိနှိုင်းတိုက်ဆိုင် ရေးသားထားတာမျိုးကိုလည်း ဖတ်ရှုကြရမှာဖြစ်ပါတယ်။

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ကိုရင်ဘဝကတည်းက အားကျ ကြည်ညိုခဲ့ရတဲ့ ကျေးဇူးတော်ရှင်ဝေဘူဆရာတော်ကြီးနဲ့ အဘဘိုးတော်အောင်မင်းခေါင်ကြီးတို့ ဆက်စပ်ပတ်သက်နေပုံများ၊
မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ဥပဇ္ဈယ်ဆရာတော် အဘဝိမလနဲ့ အဘအောင်မင်းခေါင်တို့ရဲ့ ကြောင်းကျိုး ဆက်စပ်နေပုံများကိုလည်း စာပေအထောက်အထားများဖြင့် ဖွင့်ဟဖော်ပြထားပါတယ်။

ဆရာတော်ဘုရားကြီးရဲ့ဓမ္မဘဏ္ဏာစာပေရတနာသိုက်ကြီးထဲမှ လက်လှမ်းမီရာ ဉာဏ်စွမ်းမီရာစာပေ ဓမ္မအယူအဆထူးများကို ရေးသားဖော်ပြပေးထားတဲ့ စာအုပ်ငယ်လေးဖြစ်ပြီး ဒီစာအုပ်ကနေတစ်ဆင့် ဆရာတော်ဘုရားကြီးရဲ့ဘဝဓမ္မကို ပိုပြီးကြည်ညိုခွင့်ရစေမှာပဲဖြစ်ပါတယ်။

စာမျက်နှာ

142

စာအုပ်အရွယ်အစား

5.2 x 0.25 x7.5 inches

ပုံနှိပ်မှတ်တမ်း

မန်းချောင်းစာပေ၊ 2020ခုနှစ် ၊ဒီဇင်ဘာလ (ပ-ကြိမ်)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ကျမ်းစာများ၌တွေ့ရသော ...” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ငြိမ်းချမ်းသာ စာအုပ်များ