အေးချမ်းချင်ရင်စိတ်ကိုပြင်

( 0 မှတ်ချက်)

5000 (ကျပ်)

အေးချမ်းချင်ရင် စိတ်ကိုပြင်ဆိုတဲ့ စာအုပ်လေးထဲမှာ စာရေးသူရေးနေကျပုံစံဖြစ်တဲ့ အတွေးလည်းအေး စိတ်ဓာတ်ခွန်အားလည်းပေး အသိပညာလည်းတိုး ဗဟုသုတတွေလည်းရစေမယ့် စာပိုဒ်လေးတွေ အမြောက်အများ ဖတ်ရှုရမှာ ဖြစ်ပါတယ်။ စာဖတ်ဖို့အတွက် အချိန်မပေးနိုင်တဲ့သူတွေအတွက် အချိန်ခဏလေးပေးပြီး ဖတ်လိုက်ရုံနဲ့ မှတ်မိလွယ်ပြီး စိတ်ထဲကို စွဲမှတ်သွားပြီး ကျန်ရစ်နေစေမယ့် စာပိုဒ်လေးများ ပါဝင်သလို အချိန်ပေးပြီး စာများများ ဖတ်ချင်သူများအတွက် စိတ်ကြိုက်ဖြစ်စေမယ့် စာပိုဒ်များလည်း ပါဝင်ပါတယ်။ လူ့လောကရောက်လာတဲ့ အချိန်ခဏလေးမှာ ဘဝကို ပူလောင်မှုတွေနဲ့ပဲ ရှင်သန်နေရမယ်ဆိုရင် လူဖြစ်ရခြင်းဟာ အဓိပ္ပာယ်မရှိ ဖြစ်သွားနိုင်တယ်။ ဒါကြောင့် လူ့လောကရောက်တုန်း ခဏလေးပဲဖြစ်ဖြစ် စိတ်အေးချမ်းနိုင်ဖို့အတွက် မိမိစိတ်ကို ပြုပြင်နိုင်အောင် ကြိုးစားပါ။ အေးချမ်းချင်ရင် စိတ်ကိုပြင် စာအုပ်လေးကို ဖတ်ရှုပြီးရင် အသိပညာတွေ ဗဟုသုတတွေ စိတ်ဓာတ်ခွန်အားတွေ အေးချမ်းခြင်းတွေကိုရရှိခံစားရမှာပါ။ ကိုယ်ရရှိထားတဲ့ အသိပညာ ဗဟုသုတ စိတ်ဓာတ်ခွန်အား အေချမ်းခြင်းတွေကို ကိုယ်တိုင်ခံစားရခဲ့သလိုပဲ တပါးသူတွေကိုလည်း မျှဝေပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ် ။

စာမျက်နှာ

160

စာအုပ်အရွယ်အစား

5.3 x 0.5 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ကိုလတ်စာပေ၊ 2022 နိုဝင်ဘာလ (ပထမအကြိမ်)

7 in stock (can be backordered)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အေးချမ်းချင်ရင်စိတ်ကိုပြင်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

အရှင်ဇ၀န(ရွှေကုန်းမြေ) စာအုပ်များ