အေးချမ်းစွာရှင်သန်ခြင်း
3500 (ကျပ်)
“အေးချမ်းစွာ ရှင်သန်ခြင်း”ဆိုတဲ့ ဒီစာအုပ်လေးကို စာအပုဒ်ရေ (၅၉)ပုဒ်နဲ့ ဖန်တီးထားတာပါ။Motivation သီးသန့်မဟုတ်ပေမဲ့ စိတ်ခွန်အားရမည့် စာအုပ်လေးဖြစ်မှာပါ။”အေးချမ်းစွာ ရှင်သန်ခြင်း”ဆိုလို့ ဘာမှမလုပ်ပဲ ထိုင်နေတာမျိုးကို ဆိုလိုတာမဟုတ်ဘူး။လူငယ်တစ်ယောက်အနေနဲ့ လုပ်စရာရှိတာတွေလုပ်မယ် ရည်မှန်းချက်အိမ်မက်တွေကို အကောင်အထည်ဖော်မယ်ဆိုတာကို အပြစ်ပြောသံတွေကို မတုန့်ပြန်ဘဲ အေးဆေးကြိုးစားနေတယ်ဆိုတာကို ပြောချင်တာ…။ဒီစာအုပ်ဖတ်ပြီးတာနဲ့ ဘာမှမကျန်ခဲ့ဘူးဆိုတဲ့ နောင်တတွေ ကင်းဝေးမှာ သေချာပါတယ်။လူကြီး လူငယ် ယောက်ျားလေး မိန်းကလေး အားလုံးဖတ်လို့ အဆင်ပြေအောင် ရေးဖွဲ့ထားပါတယ်။မပြည့်စုံတဲ့လူတစ်ယောက်ရဲ့ ဘဝဖြတ်သန်းပုံနဲ့ ဖြစ်ချင်တဲ့ အိမ်မက်တွေအကြောင်း မိန်းမသားတစ်ယောက်ကို သန်မာစေချင်တဲ့ပုံစံလေးတွေ နဲ့ အချစ်အကြောင်းအနည်းငယ်ကို ဖတ်ရှုခံစားနိုင်မှာပါ။ပတ်ဝန်းကျင်မှာ ကြုံတွေ့ရသမျှကို လက်တွေ့ကျကျရေးထားတဲ့ စာစုလေးတွေများတယ်။”အေးချမ်းစွာ ရှင်သန်ခြင်း”ဆိုတဲ့ ပန်းချီကား ဘယ်လောက်ထိ သေသပ်လှပလဲ ခံစားကြည့်ပါ။
စာမျက်နှာ | 103 |
---|---|
စာအုပ်အရွယ်အစား | 5.6 x 0.3 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | မိုးကောင်းမြေစာပေ၊ 2023 မတ်လ (ပထမအကြိမ်) |
Out of stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ