
အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးနှင့်အရေးနိမ့်ဒီမိုကရေစီ အပြောင်းအလဲ
2500 (ကျပ်)
ယခုစာစုမှာ ၁၆၊ နိုဝင်ဘာ ၂၀၁၈ ခုနှစ် မုံရွာမြို့တွင် ကျင်းပခဲ့သော ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲတွင် ဆရာကျော်ဝင်းပြောကြားခဲ့သော အကြောင်းအရာနှစ်ခုဖြစ်ပါသည်။ ပထမခေါင်းစဉ် ‘အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး’ ဖြစ်သည်။ ဒုတိယခေါင်းစဉ်မှာ ‘အရေးနိမ့်ဒီမိုကရေစီအပြောင်းအလဲ’ ဖြစ်သည်။ ခေါင်းစဉ်နှစ်ခုလုံးကို ယခုစာအုပ်တွင် ဖော်ပြထားပါသည်။ နောက်ဆက်တွဲ-၁ အနေနှင့် ‘အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးနှင့် ဒီမိုကရေစီ’ စာအုပ်၏ နိဒါန်းနှင့် နောက်ဆက်တွဲ-၂ အနေနှင့် ‘မြန်မာ့တပ်မတော်၊ စစ်တန်းလျားများသို့ ပြန်ပါမည်လော’ ဆိုသော ခေါင်းစဉ်နှင့် ICG အစီရင်ခံစာတို့ကို ဘာသာပြန်ဆို ဖော်ပြထားပါသည်။
စာမျက်နှာ | 164 |
---|---|
စာအုပ်အရွယ်အစား | 5.2 x 0.3 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | တကောင်း၊ 2019 ဧပြီလ၊ (ပ-ကြိမ်) |
Out of stock
Nyeinchan Aung –
ကျော်ဝင်း
Civil – Military Relation and Failed Democratization
တကောင်းစာအုပ်တိုက်၊
ပထမအကြိမ် ၊ ဧပြီ ၂၀၁၉။
မျက်နှာဖုံး – ဝင်းတင့်။
၁၃.၄ စင်တီမီတာ x ၂၁ စင်တီမီတာ။
စာမျက်နှာ – ၁၆၄ ၊ တန်ဖိုး – ကျပ် ၂၅၀၀။
စာရေးသူ၏အမှာပါရှိပြီး ၁၆ နိုဝင်ဘာ ၂၀၁၈ က မုံရွာမြို့တွင် ကျင်းပခဲ့သော ဘာသာရပ်ဆိုင်ရာဆွေးနွေး ပွဲတွင် ပြောကြား ခဲ့သည့် ”အရပ်ဘက် – စစ်ဘက် ဆက်ဆံရေး နှင့် အရေးနိမ့် ဒီမိုကရေစီအပြောင်းအလဲ ” ဟူသော အကြောင်းအရာ နှစ်ပိုင်း ပါရှိသည်။
Larry Diamond နှင့် Marc F. Plattner တို့ တည်း ဖြတ်သည့် ” Civil – Military Relations and Democracy ” ၏ နိဒါန်းပိုင်းကို ” အရပ်ဘက် – စစ်ဘက်ဆက်ဆံရေး နှင့် ဒီမိုကရေစီ” ဟူ၍ အောက်တို ဘာ ၂၀၁၄ ၌ ဘာသာပြန်ဆိုထားသည်ကို နောက်ဆက်တွဲ ၁ အဖြစ်လည်းကောင်း၊
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ် အခြေစိုက် International Crisis Group ( ICG ) အဖွဲ့ကြီး၏ ၂၂ ဧပြီ ၂၀၁၄ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သော Myanmar Military : Back to the Barracks ? အစီရင်ခံစာအား ” မြန်မာ့တပ်မတော် စစ်တန်းလျားများ သို့ ပြန်ပါမည်လော” ဟု ၂၂ ဧပြီ ၂၀၁၄ က ဘာသ…