အရိပ်၏အရိပ်

( 8 မှတ်ချက်)

3500 (ကျပ်)

၀တ္ထုတိုတစ်ပုဒ်ချင်း ရင်ထဲဆီ သိမ်မွေ့စွာ တိုးဝင်လာခဲ့သည်။ စာရေးသူနှင့် စာဖတ်သူ ချောမွေ့စွာ ချိတ်ဆက်ပြီး ထိရောက်နက်နက်စွာ မျှဝေခံစားနိုင်သည့် ရသစုံမှာ ပြင်းပြင်းရှရှ။ ခံစားချက်ကို ပေါ်လွင်အောင်ရေးဖွဲ့နိုင်ခြင်းသည် အလုပ်တစ်ဝက် ပြီးရုံမျှသာ။ ဦးနှောက်ဖြင့် တွေးခေါ်ဆင်ခြင်အပ်သော လောက အမြင်တို့ကို ရင်ထဲပို့နိုင်ဖို့က ကျန်အလုပ်တစ်ဝက် ဖြစ်သည်…

ဆရာမ သုတေးစစ်က လောက သဘာ၀ဖြစ်စဉ်များကို အစဉ်အလာအတွေးအယူဟောင်းမှ ရုန်းထွက်တွေးခေါ်တတ်သူဟု မြင်မိပါသည်။ ထိုအတွေးအမြင် များကို ရင်ထဲသို့ပို့ပြီး ဖွဲ့စည်းဖန်တီးလိုက်သောအခါ ထူးခြားစွာ ရသမြောက်နေတော့သည်…

– ဆရာမ စမ်းစမ်းနွဲ့ (သာယာ၀တီ)၏ မုဒိတာအမှာစာမှ

စာမျက်နှာ

128

စာအုပ်အရွယ်အစား

5.5 × 0.5 × 8.2 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2022 ဖေဖော်ဝါရီလ (ဒုတိယ-ကြိမ်)

18 in stock

အရိပ်၏အရိပ် အား ဝေဖန်သုံးသပ်မှု 8 ရှိပါသည်။

  1. Naing Myo Linn

    “ပက်လက်ကုလားထိုင်လေးတစ်လုံး”တဲ့ စာအုပ်အစမှာတင် ရင်ထဲကို လှိုက်လှိုက်လှဲလှဲထိခဲ့တယ်။ ကိုယ်ကိုယ်တိုင်ကလည်း မိဘနဲ့ဝေးတဲ့အရပ်မှာ နေနေရသူဖြစ်လို့ ဒီအခန်းပြီးတော့ မျက်ရည်လေးဝဲခဲ့ရတယ်။ ထိုင်ခုံလေးပေါ်မှာရှိနေမဲ့သူကို စဉ်းစားရင်း……။
    #အရမ်းကောင်းတဲ့စာအုပ်လေးပါဗျ။

  2. Aeri Myat

    မမသုတေးရဲ့စာအုပ်လေးကို
    ပထမဆုံးဖတ်ဖူးတာပါလူကိုတော့Onlineမှာမြင်ဖူးခဲ့တာကြာပြီရယ်👀💙…ဒီအရိပ်၏အရိပ်စာအုပ်လေးထဲမှာဝတ္ထုတိုလေးတွေ၁၄ပုဒ်ပါတယ်
    မမသုတေးရေးဟန်ကဆန်းတယ်ဖတ်ဖူးတဲ့ရသစာပေတွေနဲ့မတူတဲ့ခံစားချက်လေးတစ်ခုကိုခံစားမိတယ်ပြီးတော့တချို့အပုဒ်တွေဆိုရင်ကိုယ်တွေကြုံတွေ့ဖူးကြတဲ့အရာတွေကိုပဲမတူတဲ့ရှုထောင့်ကနေရေးသွားတာမျိုးလေးတွေပေါ့ ပထမဆုံးအပုဒ် “နံနံပင် သံပုရာသီး”မှာဆိုရင်လူကြီးတွေရဲ့ငါတို့ပြောတာမှ
    အမှန်ဆိုပြီး ကလေးတွေရဲ့ခံစားချက်
    (လွတ်လပ်ခွင့်)ကိုထည့်မတွေးဘဲအတင်းအကြပ်ပြုမူတာမျိုးတွေပေါ့ဒါတွေကမလုပ်သင့်တဲ့အရာမို့ကိုယ်တွေလူငယ်ဘက်ကလည်းဖြည့်တွေးစေချင်တယ်ဒီစာအုပ်လေးလည်းလူကြီးတွေကိုပေးဖတ်ချင်ပါသေးတယ် နောက်တပုဒ် “ပက်လက်ကုလားထိုင်လေးတစ်လုံး” မှာဆိုရင် သမီးကိုမျှော်နေတဲ့မိခင်
    တစ်ယောက်ရဲ့အလွမ်း အထီးကျန်မှူတွေကိုမြင်ယောင်မိလို့စိတ်ထဲမကောင်းဖြစ်မိတယ် တချိန်ကအမေ့ခံစားချက်ကို
    ကိုယ်တိုင်အမေဖြစ်မှနားလည်သွားတာလေးပေါ့ နောက်ထပ်သဘောကျမိတာလေးက “လှေကားထစ်များ”
    ဒီအပုဒ်လေးကတော့ လူတိုင်းလှေကားထစ်လေးတွေတက်ဖို့(ဘဝတခုကြိုးစားတည်ဆောက်ဖို့)ပထမဆုံးလှေကားထစ်လေး(ပထမဆုံးခြေလှမ်း)ရဲ့အရေးပါပုံနဲ့လှေကားထစ်တွေရဲ့အဆုံးဟိုးအမြင့်(ရည်မှန်းချက်ပန်းတိုင်)ကိုရောက်သွားပြီဆိုရင်လည်းကြိုးစားရှင်သန်ဖို့အကြိမ်ကြိမ်ပြိုလဲကျနိုင်တာမို့ အဲ့ဒီအချိန်တွေတိုင်းမှာလည်းပထမဆုံးလှေကားထစ်တက်တုန်းကကြိုးစားမှူတွေကိုမမေ့ဖို့ဆိုတဲ့စိတ်ခွန်အားပေးစာစုလေးတပုဒ်ပေါ့ နောက်ထပ် ရင်ထဲအရောက်ဆုံးနဲ့သဘောအကျမိဆုံးကတော့”လွမ်းငင်ရစ်”ဆိုတဲ့အပုဒ်လေးပဲ
    “ကျွန်မ သူနှင့် ပေါင်းဖက်ရဖို့မဟုတ်ပါ
    ဒီတိုင်း… ဒီအတိုင်းလေးပဲ… တွေ့ချင်ရုံလေးပါကွယ်” တဲ့…
    သူမကလေးဘဝကသဘောကျရတဲ့သူမို့ တကယ်ချစ်မချစ်မသိခဲ့ပေမဲ့ အဖြူစင်ဆုံးသဘောကျခဲ့မိတာပေါ့ တခါလောက်ပြန်တွေ့ချင်သေးတဲ့ ဆန္နလေးလည်းပြည့်မြောက်စေချင်မိတယ် လွမ်းကျန်ခဲ့ရတာလေးပေါ့…တစ်အုပ်လုံးဖတ်ကြည့်ပြီး
    စိတ်ထဲမှာအတွေးမျိုးစုံရသပေါင်းစုံ
    နဲ့ကျန်နေစေခဲ့တဲ့စာအုပ်လေးတစ်အုပ်ပါပဲ💛

  3. Swan Arr Kyaw Zan

    သူ့ဝတ္ထုတိုတွေက မိဘနဲ့ သားသမီး၊ မောင်နဲ့ နှမ၊ အဒေါ်ကြီးနဲ့ သမီး နှစ်ဦးနှစ်ဖက်ကြား ပြဿနာလေးတွေ၊ သံယောဇဥ်လေးတွေကို ရေးပြထားတယ်။

    အခု စာအုပ်မှာ ဝတ္ထုတို ၁၅ ပုဒ် ပါတယ်။ သူ့ဝတ္ထုတိုတိုင်းမှာ ချစ်စရာလေးက နည်းနည်း။ သနားစရာ၊ ပြဿနာဖြစ်စရာတွေ၊ သံသယပွားမှုတွေအကြောင်းကို ပွင့်ပွင့်လင်းလင်း ချရေးပြထားတဲ့ စာအုပ်။ ဒါပေမယ့် ပေါ့ပေါ့ပါးပါးလေးတော့ဖြစ်တယ်။

    ဒီဝတ္ထုတိုတွေထဲက နောက်ဆုံးနှစ်ပုဒ်ဖြစ်တဲ့ “အရိပ်၏အရိပ်”နဲ့ “လွမ်းငင်ရစ်” ဟာ Memoir ဆန်ဆန် ရေးပြနိုင်တယ်။ အထူးသဖြင့် “လွမ်းငင်ရစ်”က ငယ်ဘဝကို အထင်ဟပ်ဆုံးပါ။

    “လှေကားထစ်များ” ဆိုတဲ့ စာမူဟာ ဝတ္ထုမဆန်ဘဲ Moti စာစု ဆန်တယ်လို့တော့ ပြောရမယ်။

    – “နံနံပင် သံပုရာသီး” (အဒေါ်ကြီးနဲ့ ကလေးမနဲ့ကြား ပြဿနာလေးတွေ)
    – “အခန်းကျဥ်းလေးထဲမှာ” (ပိတ်သိမ်းခါနီး စာအုပ်အငှားဆိုင်ပိုင်ရှင်နဲ့ လူငယ်မိန်းကလေးတစ်ယောက်ရဲ့ ကံကြမ္မာ)
    – “ပိုးစုန်းကြူး” (ပူဖောင်းအတွင်းထဲက အလင်းလေးတွေကို ပိုးစုန်းကြူးလို့ထင်တဲ့ ကလေးလေးတစ်ယောက်)
    – “လတစ်စင်း၏ အလင်းသံစဥ်” (ညီနဲ့ အစ်ကိုကြား ဖြစ်တဲ့ ပြဿနာလေးတွေ)
    – “ထွက်ပေါက်” (ဖခင်တစ်ယောက်ရဲ့ မိုက်မဲမှုကြားမှာ မွန်းကျပ်လာတဲ့ သားတစ်ယောက် လက်ကိုင်ဖုန်းဖြင့် အသီးခွဲတဲ့ဂိမ်းဆော့ရင်း ထွက်ပေါက်ရှာနေတဲ့အကြောင်း) ဟာ ကျွန်တော်အကြိုက်ဆုံး ဝတ္ထုတိုတွေပါပဲ။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

သုတေးစစ် စာအုပ်များ