အဝါရောင်ညနေခင်း

( 1 မှတ်ချက်)

2500 (ကျပ်)

” တစ်ယောက်ကို တစ်ယောက် အသက်ထက်ဆုံးခွင့်လွှတ်ရင်း
မမြဲခြင်းတရားကို လက်ခံရင်း
မသေချာသေးသော ကိုယ့်အနားမှာရှိလာမယ့်
တခြားသော လက်တွေကို မြဲမြဲဆုပ်ကိုင်ရင်း
ကိုယ်တို့ သတိရနေကြရအောင် ”

နွေသစ်ငြိမ်း
(စာအုပ်ကျောဖုံးပါ ကောက်နှုတ်ချက်)

ယခု စာအုပ်လေးသည် ဆရာနွေသစ်ငြိမ်း၏ စတုတ္ထမြောက် ထွက်ရှိလားသည့် စာအုပ်လေးတစ်အုပ်ဖြစ်ပြီး လူငယ်ဘ၀အတွေ့အကြုံ ခံစားချက်များကို ရေးသားဖွဲ့သီထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။ 

စာမျက်နှာ

116

စာအုပ်အရွယ်အစား

5.2 x 0.2 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ချန့်ချန်စာပေ၊ 2020 စက်တင်ဘာလ (ပ-အကြိမ်)

Out of stock

အဝါရောင်ညနေခင်း အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. ‎Pyae Ar Kar‎

    ညီမလေးတစ်ယောက်ကပြောတယ် အစ်ကို ဒီစာအုပ်လေးဖတ်ကြည့် သူအရမ်းကြိုက်တယ်တဲ့ ၊ စာအုပ်လေးကို လှန်ကြည့်မိတော့ ကိုယ့်ရင်ကိုထိစေသော ကဗျာလေးတစ်ပုဒ်စတွေ့လိုက်တယ်

    ” လူတစ်ယောက်မှာ စကားပြောဖော် နောက်ထပ်လူတစ်ယောက်ကတော့ ရှိဖို့လိုတယ် …
    ကိုယ်တိုင်က မပြောဖြစ်ရင်တောင် တစ်ခုခုကို အစပြုပေးမယ့်လူမျိုး …
    အရမ်းတိတ်ဆိတ်နဲ့ညနေတွေ ၊ အိပ်လို့မပျော်တဲ့ မိုးသည်းချိန်တွေ ၊ တောင်စဉ်ရေမရ အတွေးတွေ ၊ ရူးချင်နေတာတွေ ၊ အဲဒီလိုအခက်အခဲတွေကို ဖြိုခွင်းပေးမယ့် (ဖြေရှင်းပေးမယ့်) အဆင်မပြေမှုတွေထဲက ကယ်ထုတ်ပေးသွားမယ့် အသံတစ်သံ သိုမဟုတ် အကြောင်းအရာတစ်ခုခုတော့ ရှိနေမှ ဖြစ်မှာပါ ၊ ကျွန်တော်တို့ တကယ်လိုအပ်ကြတယ် …
    တစ်လောကလုံးက ဝိုင်းဟားနေရင်တောင် ကိုယ့်ဆီမှာ အမှန်အကန် ရှိနေပြီး တစ်ယောက်တည်းသော စာနာတတ်တဲ့ မျက်၀န်းတွေကို … ”
    (မှောင်မိုက်သောတနင်္ဂနွေ-၂)

    ဆက်ဖတ်တော့ ” စာအုပ်တွေပဲ စုဆောင်းပါ ” ဆိုတဲ့ ခေါင်းစဉ်လေးတွေ့တယ် ၊ ကိုယ်က စာအုပ်ပဲ စုတဲ့ လူဆိုတော့ ကဲ Feel ကြည့်ပီလေပေါ့ ၊ ဖတ်နေရင်းနဲ့ လက်ရှိဘ၀မှာ ကိုယ်ဖြစ်နေတဲ့ ခံစားချက်လေးနဲ့ တူနေတာကို တွေ့ရလို့ ဟာခနဲ တောင်ဖြစ်သွားတယ် ၊ ဟုတ်တယ် သူပြောထားသလို ” ဘယ်တော့မှ မျှော်လင့်သလောက် ပြန်မရတဲ့ ကမ္ဘာမှာ နည်းနိုင်သမျှ အထိအရှကင်းအောင် နေထိုင်ရမယ် ”

    ဒီစာအုပ်လေးထဲမှာ ကိုယ့်အိမ်မက်လေးတစ်ခုကို‌ေတွ့ရတယ် ၊ တစ်စုံတစ်ယောက်ကိုတော့ အဲ့အကြောင်းလေး ဖတ်ပြဖြစ်မှာပါ ၊ စာမျက်နှာ ၅၈ က နံပါတ် ၁၄ …

    ဒီထဲမှာပါတဲ့ တချို့အကြောင်းအရာလေးတွေဟာ ကိုယ်နဲ့မတိုက်ဆိုင်ပေမယ့် ခံစားလို့ကောင်းတယ် ၊ တိုက်ဆိုင်တဲ့ စာသားတွေကျတော့ ထပ်တလဲလဲ Feel ဖြစ်တယ် ၊ အက်ဆေးလေးတွေဆိုလည်း တစ်ပုဒ်ဖတ်ပြီးတိုင်း ရင်မောသွားစေတယ် …

    ” ဘယ်ကမ္ဘာမြေပေါ်မှာမှ
    အမြစ်စွဲ ရှင်သန်ခွင့်မရတဲ့
    သစ်ပင်လေးတစ်ပင်လို
    ကိုယ့်ကိုယ်ကို
    ထင်နေရတာမျိုးဟာ
    တကယ် အဆင်မပြေဘူး “

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

နွေသစ်ငြိမ်း စာအုပ်များ