ဒုတိယကမ္ဘာစစ်အော့စ်ဝဇ်အကျဉ်းထောင်
2000 (ကျပ်)
အော့စ်ဝဇ်အကျဉ်းစခန်းသည် နာဇီဂျာမနီတို့၏ အကျဉ်းစခန်းနှင့် သုတ်သင်ရေးစခန်းကွန်ယက်ကြီး တစ်ခုဖြစ်သည်။ ၁၉၄၂ ခုနှစ်အစောပိုင်းမှ ၁၉၄၄ ခုနှစ်နှောင်းပိုင်းအထိ ဂျာမန်တို့ သိမ်းပိုက်ထားသော ဥရောပတဝှမ်းမှ ဂျူးများကို ရထားများဖြင့် သယ်ဆောင်၍ အကျဉ်းစခန်း၏ ဓာတ်ငွေ့ခန်းများထဲတွင် အစုလိုက် အပြုံလိုက်သတ်ဖြတ်ခဲ့သည်။ ပို့ဆောင်ခြင်းခံရသူ ၁.၃ သန်းမျှ ရှိခဲ့ပြီး ၁.၁ သန်းမှာ သေဆုံးခဲ့ရသည်။ သေဆုံးခဲ့ရသူများ၏ ၉၀ ရာခိုင်နှုန်းမှာ ဂျူးလူမျိုးများဖြစ်ကြပြီး ပိုး၊ ရီမာနီ၊ ဆင်တီလူမျိုးများ၊ ဆိုဗီယက်စစ်သုံးပန်းများ၊ ခရစ်ယာန်ဘာသာဝင်များနှင့် လိင်တူချစ်သူများလည်း ပါဝင်သည်။ ဓာတ်ငွေ့ခန်းတွင်း မသေဆုံးသော်လည်း တချို့မှာ ငတ်ပြတ်ခြင်း၊ အတင်းအကြပ်စေခိုင်းခံရခြင်း၊ ကူးစက်ရောဂါများနှင့် ဆေးပညာစမ်းသပ်ခံရခြင်းတို့ကြောင့် သေဆုံးခဲ့ကြရသည်။
စာမျက်နှာ | 112 (မြန်မာ-အင်္ဂလိပ် နှစ်ဘာသာတွဲ) |
---|---|
စာအုပ်အရွယ်အစား | 5.6 x 0.3 x 8.3 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ 2020 မတ်လ (ပ-ကြိမ်) |
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ