အောင်မြင်မှုဆီရောက်တဲ့အခါ

( 0 မှတ်ချက်)

2500 (ကျပ်)

“အောင်မြင်တယ်ဆိုတာ ဘာလဲ ❓ ”
အလွယ်ဆုံး ပြောရရင်တော့ အောင်မြင်တယ်ဆိုတာ မရှုံးနိမ့်တာပါ။ ငယ်ငယ်က ပညာရေး၊ အရွယ်တစ်ခုရောက်လာတော့ စီးပွားရေး၊ လူမှုရေး၊ အချစ်ရေး။ လူသားဟာ ဖြစ်နိုင်သရွေ့တော့ ဘယ်အရာမှ မရှုံးနိမ့်သူဖြစ်ဖို့ ့ကြိုးစားကြပါတယ်။ မရှုံးနိမ့်အောင် ကြိုးစားရင်းနဲ့ အောင်မြင်မှုဆီကို ရောက်သွားသူရှိသလို မရောက်တဲ့သူတွေလည်း ရှိခဲ့ကြပါတယ်။

“မရှုံးနိမ့်အောင် ကြိုးစားကြပေမယ့် ဘာလို့ မအောင်မြင်တာလဲ၊ အောင်မြင်မှုဆီကို မရောက်ရှိခဲ့တာလဲ ❓”
ဒါက အရေးကြီးတဲ့အချက်ပါ။ ပြောရရင် လမ်းလျှောက်တိုင်း သွားလိုရာခရီး မရောက်ပါဘူး။ သွားရမယ့်နေရာကို သိပြီး ဖြောင့်ဖြောင့်တန်းတန်း လျှောက်မှသာ ပန်းတိုင်ကို ရောက်မှာပါ။

ဒီစာအုပ်ကလည်း “ကြိုးစားတယ်ဗျာ .. လမ်းတွေ လွဲနေတယ်” လို့ ဆိိုသူတွေကို လမ်းညွှန်မြေပုံ အထောက်အပံ့ (အကြီးကြီးမဟုတ်တောင်) အတိုင်းအတာတစ်ခုအထိတော့ ညွှန်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ တစ်ဆက်တည်းပြောရရင် ဒီစာအုပ်ဟာ ဥစ္စာဓနချမ်းသာဖို့ ဆိုတဲ့ ငွေကြေးအောင်မြင်မှုကိုချည်းပဲ လမ်းညွန်ပေးမှာ မဟုတ်ပါဘူး။ လူ့လောကမှာ တန်ဖိုးအရှိဆုံးသော ညွှန်းကိန်းတစ်ခုဖြစ်တဲ့ ‘လူသားဆန်တဲ့အောင်မြင်မှု’ တွေဆီကို ရောက်အောင် ညွှန်ပေးထားတဲ့ စာအုပ်ပါ။ ပါဝင်တဲ့အခန်း ၁၉ ခန်းကို သေသေချာချာ စေ့စေ့ငင လေ့လာပြီး အရောက်သွားမယ်ဆို အောင်မြင်မှု ပန်းတိုင်ဟာ မဝေးတော့မယ့် အနာဂတ်မှာ ရှိနေတာကို မိတ်ဆွေကိုယ်တိုင် မြင်ရဖို့ ဒီစာအုပ်ကို ပြစုရေးသားလိုက်ပါတယ်။

စာအုပ်ထွက်မည့်ရက်

28.1.2021

စာမျက်နှာ

126

ပုံနှိပ်မှတ်တမ်း

လင်းလွန်းခင်စာပေ၊ ၂၀၂၁ ဇန်နဝါရီလ၊ (ပ-ကြိမ်)

12 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အောင်မြင်မှုဆီရောက်တဲ့အခါ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

အောင်မိုးထက် စာအုပ်များ