ဒဿနမဆန်သော အတွေးများ

( 2 မှတ်ချက်)

2500 (ကျပ်)

ဘ၀တစ်ခုကို ရရှိပိုင်ဆိုင်ရတဲ့သူတိုင်းမှာ ဘ၀နဲ့အတူတွဲပါလာတဲ့ လောကဓံဆိုတဲ့ အခက်ခဲတွေနဲ့ မတွေ့မချင်လည်း သေချာပေါက်ရင်ဆိုင်ကြုံတွေ့ကြရမှာပါ။ အဲ့ဒီလိုကြုံတွေ့ရ ရင်ဆိုင်ကြရပြီဆိုလျှင် စာလေးတစ်ကြောင်း၊ စကားလေးတစ်ခွန်းက ရှေ့ဆက်ဖို့ အင်အားဖြစ်စေနိုင်ပါတယ်။ ဒီစာအုပ်လေးထဲမှာ မိမိအတွက် အားဖြစ်စေမယ့်စာကြောင်းပေါင်းများစွာကို ရေးသားဖော်ပြထားပါတယ်။

စာမျက်နှာ

108

စာအုပ်အရွယ်အစား

4.5 × 0.2 × 7.1 inches

ပုံနှိပ်မှတ်တမ်း

ဓမ္မပါလ အရှင်ဣန္ဒာစာရ(ကိုင်းကုန်း)2023 ဧပြီလ (ပထမအကြိမ်)

7 in stock

ဒဿနမဆန်သော အတွေးများ အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Htet Myat Ko Ko

    ဒဿနမဆန်သော အတွေးများ-ဓမ္မပါလ အရှင်ဣန္ဒာစာရ(ကိုင်းကုန်း)

    ဆရာတော်ရေးသားထားတဲ့ အတွေးပေါင်းစုကို မကြာခင်(လကုန်)လောက်မှာ ပန်းဆက်လမ်းစာပေနဲ့ မျိုးဆက်သစ် စာပေတို့မှာ ဖြန့်ချိမယ်လို့ သိရပါတယ်။

    အတွေးကောင်း အရေးကောင်းနဲ့ စာဖတ်သူတွေကို
    -ဘယ်လိုဗဟုသုတပေးမလဲ?
    -ဘယ်လိုသင်ခန်းစာတွေပေးမလဲ?
    -သုတရောလား? ရသရော ပေးစွမ်းမှာလား?
    – လောကုတ္တရာ ဆုံးမစာ ဒဿနတွေပဲလား?
    – လောကီရော မပါဘူးလား?

    စာအုပ်ပုံစံကို မြင်ကတည်းက လား?မေးခွန်းများစွာနဲ့ ဖတ်ချင်စဖွယ်

    လူငယ်တွေအနေနဲ့ များစွာ ဖတ်ရှု့သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပြီး

    ဖတ်ပြီးရင် တွေးတောကြံဆဖို့ အချိန်ယူပြီး အားမွေးထားဖို့ လိုပါလိမ့်မယ်။

    သည်စာအုပ်ကို ဖတ်လိုက်ရင် စာဖတ်သူအတွက် ရင်ထဲမှာ တစ်ခုခု ကျန်နေခဲ့မယ်ဆိုတာကို အာမခံဝံ့ပါတယ်။

    ဆရာတော်ရေးလို့ တရားတွေချည်းပဲလို့ ကြိုတွေးရင် မှားပါလိမ့်မယ်။ တရားတော်ကို ဦးတည်ပြီး ခေတ်အမြင်နဲ့ လူငယ်လူကြီး အားလုံးအတွက် အနှစ်တွေကို သီကုံးထားသော စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။

    ဒဿနဆိုတာ တွေးဖို့ပါ။ သို့သော် ဒီစာအုပ်ကို ဖတ်ရှု့လိုက်ရင် စာဖတ်သူရဲ့ ဘဝမှာခရီးမှ အတိတ်ရော၊ ယခုကာလရော၊ နောင်သံသရာထိ ပြင်ဆင်စရာ ဖြည့်စွက်စရာတွေ များစွာရှိနေနိုင်တာကို ကွက်ကွက်ကွင်းကွင်း မြင်ရဖို့ မီးမောင်းထိုးပြပါလိမ့်မယ်။

    ဒဿနအတွေးစာစုတွေကတော့ နယ်ပယ်၊ရှု့ထောင့်အစုံကနေ ရေးသားထားတာမို့ ပေးဝယ်ရတာနဲ့တန်အောင် စာပန်းကုံးသဖွယ် ဝေဝေဆာဆာ တင်ပြထားပါတယ်။

    ရေးသားချက်တွေက လူငယ်သာမက လူကြီးကိုရော လမ်းတည့်မက်ပေးထားတာတွေပါပါတယ်။

    စာရေးသူရဲ့ စေတနာကြောင့် မများသောဈေးနူန်းနဲ့ 😜များမကြာမီ ထွက်လာပါလိမ့်မယ်။

    ဂဃနဏကတော့ လကုန်ထွက်မှ ဝယ်သာရဖတ်ကြည့်ပါတော့ …

    စာဖတ်သူတွေကို မေးခွန်းလေးမေးပါရစေ🙏
    (၁)ကိုယ်တိုင်ဖတ်မလား?
    (၂) စာကြည့်တိုက်ကို ဝယ်လှူမလား?
    (၃) သူငယ်ချင်းတွေကို လက်ဆောင်ပေးမလား?
    (၄) အိမ်က စာအုပ်စင်ပေါ်တင်သိမ်းထားပြီး တစိမ့်စိမ့်ဖတ်မလား?

    ဖြေကြည့်ပါ..

    ထက်မြက်ကိုကို

  2. Theint Theint Thu

    တန်ဖိုးရှိတဲ့အတွေးတွေမို့တန်ဖိုးထားပြီးဖတ်ပါမယ်ဘုရား🙏🙏🙏

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

စာအုပ် မိတ်ဆက်ခြင်း

 

 

ဓမ္မပါလ အရှင်ဣန္ဒာစာရ(ကိုင်းကုန်း) စာအုပ်များ